Homeငြိမ်းချမ်းရေးမိဝေသီဖြိုး သတ်ဖြတ်ခဲ့သူအား ဖမ်းမိသတင်းမဟုတ်မမှန်ဟု မွန်ပြည်သစ်ပါတီအရာရှိငြင်းဆို

မိဝေသီဖြိုး သတ်ဖြတ်ခဲ့သူအား ဖမ်းမိသတင်းမဟုတ်မမှန်ဟု မွန်ပြည်သစ်ပါတီအရာရှိငြင်းဆို

-

မွန်သတင်းအေဂျင်စီ (၁၉ ဇွန် ၂၀၂၁)

မွန်ညီညွတ်ရေးပါတီ MUP အမတ်လောင်း မိဝေသီဖြိုး သတ်ဖြတ်ခဲ့သူအား ဖမ်းမိသည်ဆိုသည့်သတင်း မဟုတ်မမှန်ကြောင်း ၎င်းအမှုကိုလိုက်ပါဆောင်ရွက်နေသော မွန်ပြည်သစ်ပါတီ NMSP အရာရှိတစ်ဦးက မွန်သတင်းအေဂျင်စီသို့ အတည်ပြုပြောကြားသည်။

“လုပ်ကြံတဲ့လူကို ဖမ်မိပြီဆိုတဲ့သတင်း မဟုတ်မမှန်သေးဘူးလို့ လောလောဆယ် အဲဒီလောက်တော့ ပြောနိုင်တယ်၊ စကားပြောစက်တစ်လုံးနဲ့ မသင်္ကာစရာလှုပ်ရှားနေတာတွေ့တော့ ရွာသားတွေသတင်းပေးလို့ မွန်ပြည်သစ်ဆက်ဆံရေးရုံး၊ နယ်မြေတပ်ရင်းနဲ့ ရဲတွေသွားဖမ်းခဲ့ပါတယ်၊ အချုပ်ခန်းမှာ တစ်ညထားပြီး အခုကျနော်တို့ဆီမှာ ထိန်းသိမ်းထားတယ်၊ စစ်ဆေးလို့မပြီသေးပါဘူး၊” ဟု မွန်ပြည်သစ်ပါတီ အရာရှိက ဆိုသည်။

သို့ရာတွင် ဦးအောင်ဌေးအား မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူမြို့နယ်ရုံး၌ ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်ကြောင်း သိရသည်။

မိဝေသီဖြိုးသည် ဇွန်လ ၈ ရက်နေ့ညနေပိုင်းက ဘုရားသုံးဆူမြို့သို့သွားရောက်ရန် မော်တော်ကားမောင်းနှင်လာစဉ် ရွာသစ်ရွာနေအိမ်မှ ထွက်ခွာခဲ့ပြီးမိနစ်အတွင်း လမ်းမကြီးပေါ်တွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်သေဆုံးခဲ့ရခြင်းဖြစ်ပြီး ၎င်းကိစ္စအတွက် လက်သည်တရားခံကို ဆက်လက်စုံစမ်းရှာဖွေနေဆဲဖြစ်သည်။

သတင်းအချက်အလက်မှားယွင်းဖော်ပြမှုကြောင့် မွန်သတင်းအေဂျင်စီမှ အနူးအညွတ်တောင်းပန်ခြင်း

အထက်ပါသတင်းနှင့်ပတ်သက်၍ မွန်သတင်းအေဂျင်စီ Website သတင်းစာမျက်နှာမှ “မိဝေသီဖြိုးအား လုပ်ကြံခဲ့သောကြေးစားလူသတ်သမားကို NMSP ဖမ်းမိဟုဆို” ခေါင်းစဉ်ဖြင့် ယနေ့ (၁၉-၆-၂၀၂၁ ) သတင်းတင်ပြခဲ့ရာတွင် သတင်းခေါင်းစဥ်နှင့်အတူ သတင်းအချက်အလက်များပါ လုံးဝမှားယွင်းခဲ့သည်ဟု အတည်ပြုနိုင်ခဲ့သဖြင့် သက်ဆိုင်သူ စာဖတ်သူအားလုံးကို မွန်သတင်းအေဂျင်စီက အနူးအညွတ်တောင်းပန်အပ်ပါသည်။

ဒေသခံသတင်းသမား CJ သတင်းပေးပို့မှုတွင် အရေးကြီးသော မြေပြင်အချက်အလက်များမှားယွင်းခဲ့ခြင်း၊ သက်ဆိုင်ရာ ပုဂ္ဂိုလ်များမှလည်း အချိန်မှီအတည်ပြုပေးနိုင်ခြင်းမရှိသည့်အတွက် သတင်းလွဲမှားမှုဖြစ်ခဲ့သည့်အပေါ် ထပ်လောင်းတောင်းပန်အပ်ပါကြောင်း၊ နောင်တွင် ယင်းကဲ့သို့ သတင်းအချက်အလက်လွဲမှားမှုမရှိစေရေးအတွက် မွန်သတင်းအေဂျင်စီမှ အထူးဂရုပြု ဖော်ပြသွားမည်ဖြစ်ပါကြောင်း      ။ အယ်ဒီတာ

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts