spot_img
Saturday, May 18, 2024
More
    spot_img
    Homeငြိမ်းချမ်းရေးမော်လမြိုင်မြို့ အလက (၆) တွင် ဗုံးဟုယူဆရသော ပေါက်ကွဲသံကြီးတစ်ခုဖြစ်ပေါ်

    မော်လမြိုင်မြို့ အလက (၆) တွင် ဗုံးဟုယူဆရသော ပေါက်ကွဲသံကြီးတစ်ခုဖြစ်ပေါ်

    -

    မွန်သတင်းအေဂျင်စီ (၁၈ ဇွန် ၂၀၂၁)

    မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်ရှိ အလက (၆) စာသင်ကျောင်းတွင် ယမန်နေ့ည ၉ နာရီအချိန်ခန့်က ဗုံးဟုယူဆရသော ပေါက်ကွဲသံကြီးတစ်ခုဖြစ်ပေါ်ခဲ့သော်လည်း ထိခိုက်ပျက်စီးမှုမရှိကြောင်း စာသင်ကျောင်းအနီးပတ်ဝန်းကျင်နေသူများထံမှ သိရသည်။

    “ဗုံးပေါက်တာက ည ၉ နာရီအချိန်လောက်မှာ၊ ကျောင်းဝင်းထဲမှာပဲ ပေါက်တယ်။ ခဏနေတော့ ရဲတွေ စစ်သားတွေ အများကြီးရောက်လာကြပြီးတော့ စစ်ဆေးနေကြတယ်၊၊ အသံဗုံးလား ဘာဗုံးလဲ ဘာမှမသိရပါ” ဟု ၎င်းက ဆိုသည်။

    အဆိုပါဗုံးပေါက်ကွဲမှုဖြစ်သည်အပေါ် မည်သူ၊ မည်သည့်အဖွဲ့အစည်းလက်ချက်ဖြစ်ကြောင်း မသိရှိရပေ။

    ထို့အတူ ရေးမြို့၊ အောင်မေတ္တာရပ်ကွက်၊ အလက(၂)ကျောင်းရှေ့တွင် ဇွန်လ ၁၄ ရက်နေ့၊ ညနေ ၃ နာရီ ကျောင်းဆင်းချိန်တွင် ဆိုင်ကယ်စီးသေနတ်သမားတစ်ဦး ပစ်ခတ်မှုကြောင့် မော်တော်ကားလမ်းရှင်းပေးသော ရပ်ကွက်အုပ်ချုပ်ရေးမှူးလက်တွင်ထိမှန်၍ ရပ်မိရပ်ဖတစ်ဦး နားထင်၌ သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း မြို့ခံများမှ သိရသည်။

    စစ်ကျွန်ပညာရေးသင်ကြားပေးနေသည့် စာသင်ကျောင်းများသို့ မတက်ကြရန် စစ်ကောင်စီကိုဆန့်ကျင်နေသည့် အင်အားစုတချို့က တိုက်တွန်းမှုများရှိခဲ့သလို ဗုံးဖောက်ခွဲမည့် ခြိမ်းခြောက်ပြောဆိုမှုများကိုလည်း လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် တွေ့ရှိနေရသည်။

    ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ကို ဇွန်လ ၁ ရက်နေ့မှစ၍ စာသင်ကျောင်းများ စတင်ဖွင့်လှစ်ခဲ့ရာတွင် နိုင်ငံတဝန်း သေနတ်ပစ်ခတ်မှုနှင့် ဗုံးပေါက်ကွဲမှု မကြာခဏဖြစ်ပေါ်ခဲ့သည့်အတွက် ကျောင်းသူ/သားများ၏ လုံခြုံရေးအတွက် ကျောင်းသားမိဘများက စိုးရိမ်နေရကြောင်း တွေ့ရှိရသည်။

    စစ်အာဏာသိမ်းပြီးကာလမှစတင်၍ မော်လမြိုင်မြို့ပေါ်နေရာများတွင် ဗုံးပေါက်ကွဲမှု၊ ဗုံးတွေ့ရှိမှုများ လစဉ်ဖြစ်ပေါ်ခဲ့သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,700SubscribersSubscribe
    spot_img

    Latest posts