Homeငြိမ်းချမ်းရေးဘုရားသုံးဆူနယ်စပ်မြို့တွင် ဒလန်စာရင်းပါဝင်သူတစ်ဦး ပစ်သတ်ခံရ

ဘုရားသုံးဆူနယ်စပ်မြို့တွင် ဒလန်စာရင်းပါဝင်သူတစ်ဦး ပစ်သတ်ခံရ

-

မွန်သတင်းအေဂျင်စီ (၁၆ ဇွန် ၂၀၂၁)

ကရင်ပြည်နယ် ဘုရားသုံးဆူနယ်စပ်မြို့၌ ဒလန်စာရင်းဖော်ပြခြင်းခံရသူတစ်ဦး ယနေ့မွန်းတည့်အချိန်ခန့်တွင် အမည်မသိသေနတ်သမားပစ်သတ်မှုကြောင့် ဦးခေါင်းတွင်ရရှိသော ဒဏ်ရာဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ ဘုရားသုံးဆူရပ်ကွက်(၂) ဘုရင့်နောင်လမ်းရှေ့ထောင့်လမ်းဆုံ ဘိလိယက်ခုံ ဒေါ်အိမျိုး၏ ခင်ပွန်း ကိုမောင်ကျော် ပစ်ခတ်လုပ်ကြံခံရခြင်းဖြစ်ကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။

“ကရင်စုထိပ် ရပ်ကွက် ၄ တိုင်းရင်းသားစုက သူ့အသိ BGF အိမ်မှာ ရောက်နေတုန်း Vigo မော်တော်ယာဉ်အမဲတစ်စီးနဲ့ ဝင်ပစ်တာ ခေါင်းမှာထိလို့ သေသွားပီ၊ နေ့လယ် ၁၂ နာရီ ၅ မိနစ်လောက်မှာပါ၊ ဦးနီပွန်သမီး အိမျိုးရဲ့ ယောက်ျား FB က ကြေငြာတဲ့ ဒလန်ရှင်းမယ့်စာရင်းသူပါ”ဟု ၎င်းက ဆိုသည်။

အဆိုပါ ပစ်ခတ်လုပ်ကြံသေဆုံးခဲ့သူမှာ ဘုရားသုံးဆူမြို့ ဆန္ဒပြပွဲများအတွင်း မော်တော်ကားနှင့်တိုက်ဖမ်းရာတွင် နာမည်ကြီးသူတစ်ဦးဖြစ်ကြောင်း သတင်းရရှိသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့တွင်လည်း ဘုရားသုံးဆူမြို့အနီး ရွာသစ်ရွာနေ မွန်ညီညွတ်ရေးပါတီ MUP ကြာအင်းဆိပ်ကြီးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း မိဝေသီဖြိုး ကိုလည်း အမည်မသိသေနတ်သမား ပစ်သတ်လုပ်ကြံခံရသော်လည်း လက်သည်တရားခံအား ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။

ထို့အပြင် ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့တွင်လည်း ဘုရားသုံးဆူမြို့ အမှတ်(၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးသည်လည်း အမည်မသိသေနတ်သမား လာရောက်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts