မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News

Monthly Archives: June 2021

သံဖြူဇရပ်မြိုနယ်အတွင်း ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြု

မော်လမြိုင်၊ ဇွန် ၃၀ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မြင့်တက်လာသောကြောင့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဇွန်လ ၂၉ ရက်က စာထုတ်ခဲ့သည်။ သံဖြူဇရပ်မြို့နယ်အတွင်း ဇွန်လ ၂၉ရက်အထိ ကိုဗစ်အတည်ပြုလူနာ ၁၆၅ ဦးထိ တွေ့ရှိခဲ့ပြီး သေဆုံးသူ နှစ်ဦး ရှိခဲ့သဖြင့် မြိုနယ်အတွင်းရှိ စားသောက်ဆိုင်၊ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အအေးဆိုင်၊ ဘီယာ၊အရက်ဆိုင်  အပါအဝင် ဆိုင်များအားလုံး ဆိုင်ထိုင် စားသောက်ရောင်းချမှု မပြုလုပ်ဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချဖို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။သံဖြူဇရပ်မြို့ခံ ကိုဗိုလ်ဆန်းက “ကျွန်တော်တို့ သံဖြူဇရပ်ကတော့ အခြေအနေ ဆိုးလာတယ်။ တစ်ယောက်တွေ့လို့ မိသားစုကို စစ်ရင် တစ်အိမ်လုံး ကူးနေတာမျိုးဖြစ်နေတယ်။ …

Read More »

ရေးမြို့နယ် သောင်ပြင်ကျေးရွာ နေအိမ် ၈ လုံး မီးကူးစက်လောင်ကျွမ်းခံရ

မွန်သတင်းအေဂျင်စီ (၂၉ ဇွန် ၂၀၂၀) ရေးမြို့နယ် သောင်ပြင်ကျေးရွာတွင် ယနေ့ဇွန်လ ၂၉ ရက်နေ့ နံနက် ၉ နာရီကျော်ခန့်က လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှ နေအိမ် ၈ လုံး မီးကူးစက်လောင်ကျွမ်းခံရကြောင်း ရေးမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။ ရေးမြို့နယ်မီးသတ်ဌာနမှ ဦးစီးမှုး ဦးဝင်းမြင့်နိုင်က “မီးကူးစက်ခံရတဲ့ နေအိမ် ၈ လုံးထဲမှာမှ ၂ လုံးကတော့ မီးထဲအကုန်ပါသွားတယ်၊ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကတော့ အားလုံးပေါင်း သိန်း ၅၀ နီးပါး (၄,၉၇၅,၀၀၀) လောက်ရှိတယ်။ အခြားလူနဲ့ တိရစ္ဆာန်ကတော့ ထိခိုက်မှု မရှိပါဘူး” ဟု ဆိုသည်။ သောင်ပြင်ကျေးရွာ အကွက် (၃) နေ ဦးလော့၏ RC နှစ်ထပ်သွပ်မိုး …

Read More »

အရည်အသွေးမြင့်ရော်ဘာပြား ပြည်ပမှဝယ်ယူမှုများလာ

မွန်သတင်းအေဂျင်စီ (29 June 2021)မွန်ပြည်နယ်ရော်ဘာဈေးကွက်အတွင်း အရည်အသွေးမြင့်  ရော်ဘာပြား(အပါး)ကို ပြည်ပမှ ဝယ်ယူမှု များလာကြောင်း ပြည်နယ်ရော်ဘာလုပ်ငန်းရှင်များအသင်းမှ ဦးအောင်ရွှေက ပြောသည်။ရော်ဘာပြား(အပါး)ကို ဈေးကောင်းပေးကာ မှာယူမှု များလာသောကြောင့် တောင်သူများအတွက် အကျိုးရှိလာမှာဖြစ်ကြောင်း ဆက်ပြောသည်။“ကမ္ဘာ့ဝယ်လိုအားကြောင့် RSS 1 ဈေးကောင်းလာတော့ အရင် အထူပြားလုပ်တဲ့သူ တော်တော်များများက အပါးပဲ လုပ်လာကြတယ်လေ။  အပါးက နည်းနည်း ဈေးကွက်ရှိလာတယ်။ အရင်ထဲက ကျွန်တော်တို့ ရော်ဘာအသင်းအနေနဲ့ စည်းရုံးတယ်။ အပါးလုပ်ပေးဖို့။ အခု စည်းရုံးစရာမလိုတော့ဘူး။ ဈေးကွက်က ပေါ်ပေါ်ထင်ထင် ဖြစ်လာတာပေါ့”ဟု ဦးအောင်ရွှေက ပြောသည်။ရော်ဘာပြား အပါးကို တရုတ်နိုင်ငံက အဓိက ဝယ်ယူခဲ့သော်လည်း ယခုအခါ အိန္ဒိယ နှင့် စင်ကာပူနိုင်ငံကပါ  ဝယ်ယူရန် …

Read More »

မော်လမြိုင် ဆေးရုံကြီး၌ တစ်လအတွင်း ကိုဗစ်အတည်ပြုလူနာ သေဆုံးသူ (၈) ဦးအထိရှိလာ

မွန်သတင်းအေဂျင်စီ (29 June 2021)မော်လမြိုင် ဆေးရုံကြီး Isolation ward 1 နှင့် 3 တွင် တက်ရောက်ဆေးကုသမှု ခံယူနေသည့် ကိုဗစ်အတည်ပြုလူနာများထဲမှ ဇွန်လ တစ်လအတွင်း သေဆုံးသူ ၈ ဦးထိ ရှိလာပြီး အသက်အရွယ်ကြီးသူများဖြစ်ကြောင်း မော်လမြိုင် Rescue အဖွဲ့မှ ကိုဇင်မိုးက ပြောသည်။“ကိုဗစ်လူနာတွေကို လက်ခံကုသပေးနေတဲ့ မော်လမြိုင်ဆေးရုံကြီး ISO 1 မှာပေါ့ ပထမတုန်းက ၅ယောက်ရှိတယ်။ မနေ့က တစ်လောင်း၊ ဒီနေ့ တစ်လောင်း၊ တစ်မြန်နေ့က တစ်လောင်း သုံးယောက်ထပ် ထွက်တာပေါ့” ဟု ကိုဇင်မိုးက ပြောသည်။သံဖြူဇရပ်မြို့မှ အသက် ၅၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ ပေါင်မြိုနယ်မှ အသက် …

Read More »

အဝေးသင်တက္ကသိုလ် သင်တန်းသားများ ဇူလိုင်လတွင် ကျောင်းအပ်လက်ခံသွားမည်

မွန်သတင်းအေဂျင်စီ (၂၉ ဇွန် ၂၀၂၁) ၂၀၂၁ ပညာသင်နှစ် အဝေးသင်တက္ကသိုလ်အသီးသီးမှ သင်တန်းသားများ ဇူလိုင်လလယ်ခန့်တွင် စတင်၍ ကျောင်းအပ်ခြင်း၊ ကျောင်းပြောင်းခြင်း၊ မေဂျာပြောင်းလဲခြင်းနှင့် စာစဉ်ထုတ်ယူခြင်းများ ပြန်လည်လက်ခံမည်ဖြစ်ကြောင်း သိရသည်။ မော်လမြိုင်အဝေးသင်ဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက “လောလောဆယ်တော့ ကျောင်းအပ်ဖို့ပဲ ညွှန်ကြားထားတယ်။ အခြားကျောင်းတက်ရက်တွေတော့ တိတိကျကျဘာမှ မပြောလာသေးဘူး။ ရောဂါအခြေအနေတွေလည်း ရှိသေးတယ်ဆိုတော့” ဟု ဆိုသည်။ ယခင်ကျောင်းမပိတ်ခင် ကျောင်းအပ်နှံထားသူများသည် ပြန်လည်အပ်ရန်မလိုကြောင်းနှင့် စာစဉ်ဖြေဆိုပြီးသူများနေဖြင့် ယခင်စာစဉ်များကိုသာ အမှတ်ပေးသွားမည်ကြောင်း မော်လမြိုင်အဝေးသင်ဌာနခွဲမှ သိရသည်။ သိပ္ပံဘာသာရပ်(ပထမအသုတ်)ကို သင်တန်းကာလ၏ စနေနှင့် တနင်္ဂနွေရက်များတွင် တက်ရောက်စေပြီး အောက်တိုဘာလ ပထမအပတ်နှင့် ဒုတိယအပတ်တွင်စာမေးပွဲကာလဖြစ်ပြီး ဝိဇ္ဇာတွဲ(ဒုတိယအသုတ်)ကို အောက်တိုဘာလ တတိယအပတ်တွင် အနီးကပ် ၁၀ ရက်တက်ရောက်ရမည်ဖြစ်၍ …

Read More »

ရေးမြို့နယ် နှင်းစုံကျေးရွာအုပ်ချုပ်ရေးမှူး သတ်ဖြတ်ခံရ

မွန်သတင်းအေဂျင်စီ (၂၈ ဇွန် ၂၀၂၁) ရေးမြို့နယ်၊ နှင်းစုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစောဝင်းစိုးမြင့်အား ယမန်နေ့ညပိုင်းတွင် အမည်မသိ လက်နက်ကိုင်အုပ်စုက နေအိမ်မှဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခံရကြောင်း သတင်းရရှိသည်။ “ညကတည်းက ဘယ်ကမှန်းမသိတဲ့ လူ ၂ ယောက် အိမ်ကနေ သူ့ကိုလာခေါ်သွားတယ်၊ ဒီမနက်ပိုင်းက ကားလမ်းမဘေးမှာ သူ့ရုပ်အလောင်းတွေ့ရတယ်” ဟု နှင်းစုံရွာသားတစ်ဦးက ပြောသည်။ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးဖြစ်သူ အသက် ၅၃ နှစ်အရွယ် စောထားဝယ်(ခေါ်) ဦးစောဝင်းစိုးမြင့်၏ ဦးခေါင်းတွင် သေနပ်ဒဏ်ရာဖြင့် သေဆုံးနေသည့် ရုပ်အလောင်းကို နှင်းစုံကျေးရွာအပြင်ဘက် ရေး-သံဖြူဇရပ်ကားလမ်းမကြီးဘေးတွင် ယနေ့နံနက်စောစောပိုင်းက ရွာသားများတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ စစ်ကောင်စီဆန့်ကျင်ဘက်အုပ်စုတစ်ခုက သတင်းပေးအဖြစ်ယူဆပြီး လက်နက်ကိုင်အုပ်စုက ဖမ်းဆီးသတ်ဖြတ်လိုက်သည်ဟု ယူဆပြောဆိုမှုများရှိသော်လည်း မွန်သတင်းအေဂျင်စီ သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။ အလားတူ …

Read More »

မော်လမြိုင်တက္ကသိုလ်အတွင်း ကိုဗစ်ရောဂါကူးစက်ခံရမှု တစ်ရာကျော်ရှိ

မွန်သတင်းအေဂျင်စီ (၂၀၂၁ ဇွန် ၂၈)မော်လမြိုင်တက္ကသိုလ်အတွင်း ကျောင်းသား၊ ကျောင်းသူများ သာမက  ဆရာ နှင့် ဝန်ထမ်း စုစုပေါင်း တစ်ရာကျော် ကိုဗစ်ရောဂါကူးစက်ခံထားရကြောင်း မော်လမြိုင်တက္ကသိုလ်သတင်းဌာနက ဇွန်လ ၂၇ရက်က ထုတ်ပြန်ထားပြီး အများစုမှာ ကျောင်းသူများ တစ်ဆောင်လုံးနီးပါး ထပ်မံကူးစက်ခံရသည် အခြေအနေ ဖြစ်သည်။ ယခင်က ရောဂါပိုး ကူးစက်ခံရသူ ၅၀ ဦးကျော်‌ရှိနေပြီး ဇွန်လ ၂၇ရက် စစ်ဆေးချက်အရ အင်ကြင်းဆောင်မှ ကျောင်းသူ ၄၂ ဦး နှင့် အဆောင်မှူးဖြစ်သူ ရူပဗေဒဌာနမှ တွဲဖက်ပါမောက္ခ တစ်ဦးထံတွင်လည်း ကိုဗစ်ရောဂါ စစ်ဆေးတွေ့ရှိခဲ့သည်။မော်လမြိုင် Rescue အဖွဲ့မှ ကိုဘိုဘိုဝင်းက“မော်လမြိုင်မှာတော့ စစ်ဆေးတိုင်း နေ့တိုင်း တွေ့နေတယ်။ အခု တက္ကသိုလ်က …

Read More »

မြိတ်မြို့တွင် လက်နက် ၉ လက် ၈၂ မမစိန်ပြောင်းနှင့်အတူ မသင်္ကာဖွယ် မွန်ပြည်နယ်သား ၃ ဦးဖမ်းဆီးရမိ

မွန်သတင်းအေဂျင်စီ (၂၆ ဇွန် ၂၀၂၁) တနင်္သာရီတိုင်း မြိတ်မြို့ရှိ ရော်ဘာခြံတစ်ခုအတွင်း လက်နက် ၉ လက်၊ ၈၂ မမစိန်ပြောင်းတစ်လက်နှင့်အတူ မသင်္ကာဖွယ် မွန်ပြည်နယ်သား ၃ ဦးတို့ကို ဇွန်လ ၂၃ ရက် ညပိုင်းအချိန်တွင် နစကလုံခြုံရေးတပ်ဖွဲ့ဝင်များ  ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ငါးဖမ်းလှေများတွင် အသုံးပြုသည့် ဝါးလတ်ပုံးဖြင့် ထည့်မြှုပ်ထားသည့် AK-47 သေနပ် (၆) လက်၊ M-16 သေနပ် (၂) လက်၊ ၄၀ မမနှင့်တွဲထားသည့် M-16 သေနပ် (၁) လက်၊ ၈၂ မီလီမီတာစိန်ပြောင်းတစ်လက်နှင့် ဆက်စပ်ပစ္စည်းကျည်အိမ်မျိုးစုံ (၄၃) ခုတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေဖမ်းဆီးရမိခဲ့သည်။ ထို့အတူ ဆက်လက်ရှာဖွေစစ်ဆေးချက်အရ …

Read More »

ရေးတောင်ပိုင်းတွင် အရပ်သားတစ်ဦး သေနပ်ပစ်သတ်ခံထိ၍ သေဆုံး

မွန်သတင်းအေဂျင်စီ (၂၅ ဇွန် ၂၀၂၁) ရေးမြို့နယ်တောင်ပိုင်း ဟံဂံကျေးရွာအနီး ပြီးခဲ့သည့် ည ၈ နာရီအချိန်ခန့်က အရပ်သားတစ်ဦး သေနပ်ပစ်သတ်ခံထိ၍ ယနေ့ (ဇွန်လ ၂၅) နံနက်တွင် သေဆုံးသွားကြောင်း သတင်းရရှိသည်။ ဟံဂံရွာသား အသက် ၄၉ နှစ်ရှိ ကိုစိုးလွင် (ခေါ်) နိုင်အချော့ သေဆုံးခဲ့ခြင်းဖြစ်ပြီး ၎င်း၏ မျက်နှာ၊ ပါးနှင့် နောက်ကျောတွင် ရရှိထားသော သေနပ်ဒဏ်ရာများဖြင့် ရေးမြို့ ပြည်သူ့ဆေးရုံမှ မော်လမြိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ရသည်ဟု ဆိုသည်။   ကာယကံရှင်နှင့် နီးစပ်သူတစ်ဦးက “သူ့သူငယ်ချင်းနဲ့အတူ ခြံကို ဆိုင်ကယ်နဲ့ ညအိပ်သွားတယ်၊ ကျိုက်မင်းမလော့လမ်းမအတိုင်း ခြံသွားတဲ့လမ်းမှာပဲ ပစ်ခံထိတယ်၊ နောက်ကျောပြင်ကိုအရင်ပစ်တယ် ပြီးတော့ …

Read More »

စစ်အာဏာသိမ်းပြီးနောက် စစ်ဘေးဒုက္ခသည် ၁ သိန်းခွဲကျော်တိုးလာကြောင်း ISP-Myanmar အစီရင်ခံစာထုတ်ပြန်

မွန်သတင်းအေဂျင်စီ (၂၅ ဇွန် ၂၀၂၁) စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့ ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည် တစ်သိန်းခွဲ (၁၅၀,၈၄၆) ကျော်တိုးလာကြောင်း ဇွန်(၂၄) ရက်က ထုတ်ပြန်သော Institute for Strategy and Policy – Myanmar ၏ အစီရင်ခံစာတစ်ရပ်တွင် တွေ့ရသည်။ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း  တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည့် ၄ လကျော်အတွင်း အရပ်သား ၁၁၆ ဦးသေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၁၀ ကျော်ရှိကြောင်း ISP-Myanmar က ဆိုသည်။ “၂၀၂၀ ပြည့်နှစ်ကစပြီး အခု ၂၀၂၁ ခုနှစ် ဇွန် တတိယပတ် ကာလအထိ စစ်ပြေး ဒုက္ခသည် အရေအတွက်ကိုကြည့်ရင် ၇၂၅,၅၀၀ …

Read More »