HomeCovid 19ကိုဗစ်ကြောင့်ဆုံးရှုံးခဲ့ရသည့် မွန်ပြည်နယ်အထည်ချုပ်လုပ်ငန်း ပြန်လည်ပတ်ရန်အခက်အခဲဖြစ်

ကိုဗစ်ကြောင့်ဆုံးရှုံးခဲ့ရသည့် မွန်ပြည်နယ်အထည်ချုပ်လုပ်ငန်း ပြန်လည်ပတ်ရန်အခက်အခဲဖြစ်

-

မွန်သတင်းအေဂျင်စီ (၁၁ မတ် ၂၀၂၁)

ကိုဗစ် ၁၉ ကပ်ရောဂါဖြစ်ပွားသည့်ကာလ ယမန်နှစ်က မွန်ပြည်နယ် အထည်ချုပ်လုပ်ငန်းများတွင် အပ်ထည်များဆုံးရှုံးခဲ့ရသလို လက်ရှိနိုင်ငံရေးပြဿနာအခက်အခဲများကြောင့် လုပ်ငန်းပြန်လည်ပတ်ရန် မဖြစ်နိုင်သေးကြောင်း အထည်ချုပ်လုပ်ကိုင်နေသူများက ပြောသည်။

ငွေကြေးမလည်ပတ်ခြင်း၊ သွင်းကုန်ပို့ကုန်ခက်ခဲခြင်း၊ အလုပ်သမားမလုံလောက်ခြင်း၊ ကုန်ကြမ်းရှားပါးခြင်းတို့ကြောင့် အပ်ထည်များကိုအချိန်မှီပြီးစီးရန် အခက်ကြုံနေရကြောင်း  ဝီမွန်အထည်ချုပ် လုပ်ငန်းရှင်ကပြောသည်။

“အလုပ်ရှိတယ် အရောင်းအဝယ်လည်းရှိတယ် ဒါပေမယ့် အလုပ်လုပ်နိုင်ဖို့က အဖက်ဖက်ကနေ အဆင်မပြေတာတွေက များနေတယ် ကုန်ကြမ်းဝယ်တဲ့အချိန် ပိုက်ဆံလည်းရင်းရတာများတယ် အစိုးရဆီကချေးငွေတွေလည်း မရတော့ဘူးဆိုတော့ အဓိကကတော့ငွေကြေးပြဿနာပေါ့ဗျာ” ဟု လုပ်ငန်းရှင်က ပြောသည်။

ထို့အတူ ပွင့်လင်းရာသီချိန်တွင် ရောင်းအားအကောင်းဆုံးဖြစ်သည့် မွန်ရိုးရာအထည်ရောင်းဝယ်ရေးများသည်လည်း စစ်အာဏာသိမ်းချိန်မှစ၍ ရောင်းအားလုံးဝကျဆင်းသွားကြောင်း  နွန်မွန်ရိုးရာအထည်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကိုဗစ်ကာလတုန်းကဆို နည်းနည်းတော့အရောင်းဝယ်ရှိသေးတယ် အခုနောက်ပိုင်းက လုံးဝကိုအရောင်းအဝယ်မရှိတော့တာ အခြေအနေဆိုးတယ်လို့ပြောရမှာပေါ့၊ ကျွန်တော်တို့ ဈေးရောင်းနေတဲ့ Page ကလည်း အခုဝယ်တဲ့သူတွေသိပ်မရှိတော့ အွန်လိုင်းလည်းမရောင်းဖြစ်တော့ဘူး” တာဝန်ရှိသူကပြောပါသည်။

သို့ရာတွင် အထည်လုပ်ငန်းများ ရင်ဆိုင်နေရသည့်သွင်းကုန် ပို့ကုန်ဆိုင်ရာ အခြားအခက်အခဲများကို ဖြေရှင်းရန် အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးဆောင်ပြီး မြန်မာနိုင်ငံအတွင်းရှိ အထည်စက်မှုဇုန်၂၉ ဇုန်မှ ဥက္ကဌများ၊ အထည်ချုပ်လုပ်ငန်းရှင်များအသင်းနှင့် တာဝန်ရှိသူများက ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နေလည် ၂ နာရီတွင် Zoom မီတင် အစည်းအဝေးလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ကိုဗစ်-၁၉ ကာလအတွင်းတွင် အထည်စက်ရုံများပိတ်သိမ်းခြင်း၊ယာယီပိတ်ခြင်းများကြောင့် အလုပ်သမား ၄၅၀၀၀ ကျော်အလုပ်လက်မဲ့ဖြစ်ခဲ့ရပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို  ဆန္ဒပြလိုသည့် အလုပ်သမားများ၏တောင်းဆိုမှုကြောင့် ဖေဖော်ဝါရီလ၂၈ ရက်နေ့အထိ ယာယီပိတ်သိမ်းခဲ့သည့်စက်ရုံများလည်းရှိကြောင်း သိရသည်။  

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts