Homeသတင်းကျိုက်ထိုတွင် လက်နက်ကြီး ကျရောက်ပေါက်မှုကြောင့် အရပ်သားတစ်ဦးသေဆုံး

ကျိုက်ထိုတွင် လက်နက်ကြီး ကျရောက်ပေါက်မှုကြောင့် အရပ်သားတစ်ဦးသေဆုံး

-

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကညင်အိုင်ကျေးရွာ ရော်ဘာခြံထဲ စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား တစ်ဦး သေဆုံးသွားသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်နေ့က ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် အမြောက်တပ် ၃၁၀ တပ်ရင်းမှ လူနေကျေးရွာများဘက်ကို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

အမြောက်တပ်ရင်းက ပစ်ခတ်သည့် လက်နက်ကြီးများသည် ဇီးပြောင်း ၃ ကျေးရွာအနီးတွင် ၃ လုံး၊ ကညအိုင်ကျေးရွာအနီး ရော်ဘာခြံထဲတွင် ၄ လုံး ကျရောက်ပေါက်ကွဲခဲ့သည်။

ရော်ဘာခြံထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၃၀ ကျော်အရွယ် ရော်ဘာခြံအလုပ်သများတစ်ဦးသည် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“လက်နက်ကြီးတွေက ရော်ဘာခြံထဲ ကျတယ်။ ရော်ဘာခြံမှာ အလုပ်သမားတွေ ရှိတယ်။ ကျည်စထိသွားတာပေါ့ တစ်ဦးက သေဆုံးသွားတယ်။ အခြားနှစ်ဦးလည်း ဒဏ်ရာရသွားတယ်” ဟု ၎င်းက ဆိုသည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အခြားအမျိုးသားနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေမှုကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း ဘီးလင်းမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ ယိုကလား (ကြသောင်းဆိပ်) ကျေးရွာထဲကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စာသင်ကျောင်းဆောင်များအပါအဝင် နေအိမ်အလုံး ၄၂ လုံး ထိခိုက်ပျက်စီးခဲ့ရသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း ဇီးပြောင်းကျေးရွာ စစ်ကော်မရှင်တပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ဘောလုံးကွင်းထဲ ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၅ နှစ်အရွယ် KG ကျောင်းသားလေး ၁ ဦး သေဆုံးသွားပြီး၊ အခြားကျောင်းသား၊ ကျောင်းသူငယ်များအပါအဝင် ၁၁ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။

ကျိုက်ထိုမြို့နယ်အတွင်းရှိ စစ်ကော်မရှင်တပ်ရင်း တပ်စခန်းများက ကရင်အမျိုးသားအစည်းအရုံး KNU၊ တပ်မဟာ ၁ ထိန်းချုပ်နယ်မြေထဲရှိ ကျေးရွာများဘက်ကို လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်မှု လုပ်ဆောင်နေသည်။

စစ်တပ်က အပြစ်မဲ့ အရပ်သားပြည်သူများကို လေယာဉ်၊ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်း အရပ်သားပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ စစ်ရာဇ၀တ်မှုဆိုင်ရာများအား နေ့စဉ်နှင့်အမျှ ကျူးလွန်နေသည်ဟု KNU က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,700SubscribersSubscribe

Latest posts