spot_img
Sunday, February 1, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းအစိုးရဝန်ထမ်းများ CDM လှုပ်ရှားမှုပါဝင်လာရေး မော်လမြိုင်မြို့တွင် လူငယ်များ ထိုင်သပိတ်ဆက်လက်ဆင်နွှဲ

    အစိုးရဝန်ထမ်းများ CDM လှုပ်ရှားမှုပါဝင်လာရေး မော်လမြိုင်မြို့တွင် လူငယ်များ ထိုင်သပိတ်ဆက်လက်ဆင်နွှဲ

    -

    ဗညားပိုင် (၁၉ ဖေဖော်ဝါရီ ၂၀၂၁)

    စစ်အာဏာရှင်စနစ် ဆန့်ကျင်ကန့်ကွက်သည့် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင်ပါဝင်လာရေး မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ မြန်မာ့စီပွားရေးဘဏ်ခွဲ(၁) ဝန်ထမ်းများအား ဘဏ်ခွဲအရှေ့၌ မြို့ခံလူငယ်များက ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ၅ ရက်မြောက်ထိုင်သပိတ် ဆက်လက်ဆန္ဒထုတ်ဖော်ဆင်နွှဲခဲ့ကြသည်။

    မွန်ပြည်နယ် ပုဂ္ဂလိကဘဏ်ဝန်ထမ်းအများစုက CDM ၌ ပါဝင်လာကြသော်လည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်ခွဲဝန်ထမ်းများက စစ်ကောင်စီလက်အောက်တွင် ပုံမှန်ရုံးတက်နေကြဆဲဖြစ်ကြောင်း တွေ့ရှိရသည်။

    ထိုင်သပိတ်ဝင် ကျောင်းသားလူငယ်တစ်ဦးက “ဝန်ထမ်းတွေအားလုံး ပါဝင်မှ ဒီစစ်အာဏာရှင်ကျရှုံးတာကို လုပ်နိုင်တာပေါ့နော်၊ အဲဒါကြောင့် မြန်မာ့စီးပွားရေးဘဏ်က ဝန်ထမ်းတွေကို ပြည်သူလူထုတစ်ယောက်အနေနဲ့ တစ်ဖက်တစ်လမ်းကနေ CDM မှာပါဝင်ပေးပါလို့ ကူညီလာတောင်းတာပါ” ဟု ၎င်းကဆိုသည်။

    ထို့အတူ မြို့ခံပြည်သူလူထုများက CDM တွင် ဝန်ထမ်းအားလုံးပါဝင်လာရေး ဆက်လက် တောင်းဆိုနေသည့်အတွက် အာဏာပိုင်များက မော်လမြိုင်မြို့ရှိ အစိုးရဌာနရုံးရှေ့များ၌ လုံခြုံရေးချကာ အကာအရံများဖြင့် ပိတ်ဆို့ထားသည်။

    အလားတူ နေပြည်တော်တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM လုပ်နေသည့်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်း ၉ ဦး အပါအဝင် စုစုပေါင်း ဝန်ထမ်း ၁၂ ဦး ယမန်နေ့ကအဖမ်းခံလိုက်ရပြီး နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်ဝန်ထမ်း ၇ ဦးကိုလည်း ဖေဖော်ဝါရီ ၁၇ ရက်နေ့က အလုပ်မှရပ်စဲလိုက်ကြောင်း သတင်းများက ဖော်ပြသည်။

    စစ်အာဏာရှင်စနစ် ဆန့်ကျင်ကန့်ကွက်သည့် (၁၂) ရက်နေ့မြောက်အဖြစ် ယနေ့တွင် မော်လမြိုင်မြို့ပေါ်က ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာ့မီးရထားဝန်ထမ်း (မော်လမြိုင်)၊ ဌာနဆိုင်ရာမှ ဝန်ထမ်းများ၊ ပုဂ္ဂလိက ဝန်ထမ်းများ၊ ဈေးသူ/ဈေးသားများအဖွဲ့ (မော်လမြိုင်)နှင့် မြို့ခံပြည်သူလူထုများက လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြရာတွင် လုံခြုံရေးတပ်ဖွဲ့များနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ခြင်း မတွေ့ရပေ။

    သို့သော် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ယနေ့နံနက်ပိုင်းက စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြရန်  လူစုနေကြသည့်အချိန်တွင် စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များ ဖြိုခွင်းလိုက်ကြပြီး ဆရာမ ၂ ယောက်ထက်မနည်းဖမ်းဆီးခံရကြောင်း၊ ဆန္ဒပြသူများကို ဆက်လက်ဖြိုခွင်းလိုက်ပြီး ၁၀ ယောက် ထက်မနည်း ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။

    မြန်မာနိုင်ငံတဝန်းနှင့် မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်မြို့အပါအဝင် နယ်မြို့များအားလုံးတွင်လည်း ဆန္ဒပြပွဲများ အရှိန်အဟုန်မြင့် နေ့စဉ်ဖြစ်ပေါ်လျှက်ရှိပြီး လုပ်ငန်းခွင်အားလုံး ရပ်ဆိုင်းလုနီးပါးဖြစ်ပေါ်နေကြောင်း သတင်းများက ဖော်ပြသည်။

    မော်လမြိုင်မြို့ မြန်မာ့စီပွားရေးဘဏ်ခွဲ(၁) ရှေ့ (၅) ရက်မြောက်ထိုင်သပိတ် (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks