Homeသတင်းမူးယစ်ဆေးဝါးခလယ်တံခွန်တိုင်- အဘစ်ကားလမ်းတွင် လူငယ်နှစ်ဦးထံမှ မူးယစ်ဆေးဝါးဖမ်းဆီးရမိ

ခလယ်တံခွန်တိုင်- အဘစ်ကားလမ်းတွင် လူငယ်နှစ်ဦးထံမှ မူးယစ်ဆေးဝါးဖမ်းဆီးရမိ

-

မွန်သတင်းအေဂျင်စီ (၂၁ ဇန်နဝါရီ ၂၀၂၁)

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မွန်ပြည်နယ် မုဒုံမြို့နယ်သို့ ဆက်သွယ်ထားသည့် ခလယ်တံခွန်တိုင်-အဘစ်ကားလမ်းပေါ် ဆိုင်ကယ်စီးနင်းလာသူ လူငယ်နှစ်ဦးထံမှ ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းတွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိကြောင်း ကမာဝက်နယ်မြေရဲစခန်းမှ သတင်းရရှိသည်။

“ယာဉ်စစ်ပိတ်ဆို့လုပ်တဲ့ချိန် ကောင်လေး ၂ ယောက်ကို ဆေးပြား(၂၁၅)ပြားနဲ့ မိတာပါ၊ သံဖြူဇရပ်က ကောင်လေးတွေပါ၊ ကျနော်တို့အနေနဲ့က မူးယစ်ဆေးဝါးသတင်းတွေကို ရနိင်သမျှ စုံစမ်းထောက်လှမ်းပြီး ဖမ်းဆီးမှုတွေဆက်တိုက်လုပ်နေမှာပါ”ဟု ကမာဝက်နယ်မြေစခန်းမှူး ရဲအုပ်ကျော်မြင့်နိုင်က ပြောသည်။

ဖြစ်စဉ်တွင် သံဖြူဇရပ်မြို့ ဖောင်စိန်ရပ်ကွက်နေ  အာလူး(၁၈-နှစ်)၊ အလင်း(၂၂-နှစ်) ထို့ထံမှ ရဲတပ်ဖွဲ့ဝင်များစစ်ဆေးရာ WY မူးယစ်ဆေးဝါး ၂၁၅ ပြား ရှာဖွေတွေ့ရှိသဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရဲမှတ်တမ်းက ဖော်ပြသည်။

အထူးသဖြင့် ခလယ်တံခွန်တိုင်-အဘစ်ကာလမ်းသည် ကရင်ပြည်နယ်မှ မွန်ပြည်နယ်သို့ မူးယစ်ဆေးဝါးများသယ်ဆောင်လာရာ အဓိကလမ်းကြောင်းဖြစ်နေပြီး ဘိန်းစာရွက်များနှင့် WY မူးယစ်ဆေးပြားများ မကြာခဏဖမ်းဆီးရမိခဲ့သည့်ဖြစ်စဉ်များ ရှိနေသည်။ 

ဖောင်စိန်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအိုက်မွန်က “မူးယစ်ဆေးဝါးတွေကို သုံးစွဲရင် ရောင်းချရင် ဖမ်းဆီးခံရမယ်ဆိုတာ မိဘတိုင်း သုံးစွဲသူတိုင်း သိနေကြတာပဲ၊ မိဘအုပ်ထိန်းသူတွေအနေနဲ့လည်း ကိုယ့်သားသမီးတွေကို ထိန်းသိမ်းသင့်တယ်၊ ကျနော့်ရပ်ကွက်မှာ ဟောပြောပွဲလုပ်တိုင်း ဒီမူးယစ်ဆေးဝါးအကြောင်းတွေ ထည့်ပြောတယ်၊ မူးယစ်ဆေးဝါးနဲ့ဖမ်းခံရလို့ဆိုပြီး အကူအညီလာမတောင်းနဲ့ လုံးဝမလိုက်ပေးဘူးလို့ ကိုယ့်သားသမီးတွေ နည်းနည်းပါးပါး ထိန်းသိမ်းကြလို့ အမြဲပြောတယ်” ဟု ဆိုသည်။

အဆိုပါ မူးယစ်ဆေးဝါး ဖမ်းမိသူ အာလူးနှင့် အလင်းတို့အား ကမာဝက်နယ်မြေရဲစခန်းမှ မယ(ပ)၅/၂၀၂၁မူး/စိတ်ပြောင်းဥပဒေပုဒ်မ-၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားသည်။

အလားတူ မုဒုံမြို့နယ် ကလော့သော့ကျေးရွာ၌ ဘိန်းစာရွက် ပီနံအိတ် (၆)အိတ်နှင့် လူငယ်သုံးဦးထံမှ စိတ်ကြွရူးသွပ်ဆေးဝါး ၃၇၀၀ ပြားတို့ကို ယခုလအတွင်း ဖမ်းဆီးမိခဲ့သည်။


မူးယစ်ဆေးဝါး သယ်ဆောင်လာသူနှစ်ဦး (MNA)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts