HomeCovid 19ကျေးရွာများတွင်လည်း ကိုဗစ် ၁၉ ရောဂါပိုး အစုလိုက်ကူးစက်မှုရှိလာ

ကျေးရွာများတွင်လည်း ကိုဗစ် ၁၉ ရောဂါပိုး အစုလိုက်ကူးစက်မှုရှိလာ

-

ယဉ်ထောမွန် (၁၅ ဇန်နဝါရီ ၂၀၂၁)

မွန်ပြည်နယ်အတွင်း မော်လမြိုင်မြို့အပါအဝင် မြို့ကြီးအချို့တွင်သာ Covid 19 ရောဂါပိုးတွေ့လူနာများ တွေ့ရှိခဲ့သော်လည်း ယခုအခါ ကျေးရွာများတွင်လည်း အစုလိုက်ပြန့်နှံ့ကူးစက်မှုရှိလာပြီး မုဒုံမြို့နယ် ကလော့သော့တိုက်နယ်တွင် ဇန်နဝါရီ ၁၄ ရက်နေ့က ပိုးတွေ့လူနာအသစ် ၆ ဦး ထပ်မံတွေ့ရှိရကြောင်း သတင်းရရှိသည်။

Covid 19 ရောဂါပိုးရှိသူ အမျိုးသမီးထံမှ ၎င်းတို့၏မိသားစုများကူးစက်ခဲ့ခြင်းဖြစ်ပြီး ကလော့သော့တိုက်နယ် တောင်ပကျေးရွာမှ အသက် ၈၈ နှစ်အရွယ် ပိုးတွေ့လူနာသည် ဆီးချိုရောဂါအခံရှိသူဖြစ်သောကြောင့် စိုးရိမ်ရဖွယ်ရှိကြောင်း ရွာခံ ဦးမြင့်စိုးက ပြောသည်။

“ဇန်နဝါရီ ၁၂ ရက်နေ့မှာ အဲ့မိသားစုကနေ ၃ ယောက်ပိုးတွေ့တယ်၊ အခု အဲဒီ Contact  ကနေစစ်ဆေးလိုက်တာ ၆ ဦးထပ်တွေ့တော့ အဲဒီအနီအနားကအိမ်တွေကိုတော့ Home quarantine  ထားလိုက်တာပေါ့”ဟု ဦးမြင့်စိုးက ဆိုသည်။

အဆိုပါ ပိုးတွေ့လူနာ ၆ ဦးကို မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ပိုးတွေ့လူနာနှင့်ဆက်စပ်သည့် နေအိမ် ၉ အိမ်၊ တောင်ပရွာမှ နေအိမ်၂ အိမ်နှင့် ကော့ပီးထောမှ နေအိမ် ၁ အိမ်ကို အသွားအလာကန့်သတ်ထားကြောင်း ကလော့သော့ကျေးရွာအုပ်ချုပ်ရေးမှုးရုံးမှ သိရသည်။

“ကလော့သော့တိုက်နယ်ကအားလုံးဆိုရင် ၉ ယောက်ရှိသွားပြီးပေါ့ ၊ အခု ၃ ရွာစလုံးကိုတော့ သူတို့နေအိမ်မှာနေဖို့ လက်ဆေးဖို့ နှာခေါင်းစည်းတပ်ကြဖို့ စောင့်ကြပ်ကြည့်ရှုပြီး  ပိုပြီးကြပ်မတ်သွားမယ်”ဟု ကလော့သော့ အုပ်ချုပ်ရေးမှုးရုံး တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထို့အတူ မွန်ပြည်သစ်ပါတီ၏ ရာမညငြိမ်းချမ်းရေးဖောင်ဒေးရှင်း (RPF) နှင့် နည်းပညာအထောက်အကူပြုTAT ရုံးမှ ကလော့သော့ကျေးရွာ အုပ်ချုပ်ရေးမှူးထံသို့ PPE ဝတ်စုံအစုံ (၃၀) အား ယနေ့ မွန်းလွဲပိုင်းတွင် သွားရောက်လှူဒါန်းခဲ့ကြောင်း နီးစပ်သူများမှ သတင်းရရှိသည်။

မွန်ပြည်နယ်တွင် ယမန်နေ့က Covid-19 ဓါတ်ခွဲအတည်ပြုလူနာ ၅၈ ဦးရှိပြီး ယနေ့အထိ မွန်ပြည်နယ်အတွင်း အတည်ပြုလူနာ ၂၉၄၁ ဦးရှိပြီဖြစ်ကြောင်း မွန်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts