Homeသတင်းမူးယစ်ဆေးဝါးမော့ကနင်ကျေးရွာအုပ်စု ရွာသာယာကျေးရွာရှိ နေအိမ်တစ်အိမ်တွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိ

မော့ကနင်ကျေးရွာအုပ်စု ရွာသာယာကျေးရွာရှိ နေအိမ်တစ်အိမ်တွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိ

-

မွန်သတင်းအေဂျင်စီ (၁၆ ဇန်နဝါရီ ၂၀၂၁)

ရေးမြို့နယ် မော့ကနင်ကျေးရွာအုပ်စု ရွာသာယာကျေးရွာရှိ နေအိမ်တစ်အိမ်တွင် ဇန်နဝါရီလ ၁၅ ရက်နေ့ ညဉ့်နက်ပိုင်းအချိန်က မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း လမိုင်းနယ်မြေရဲစခန်းထံမှ သတင်းရရှိသည်။

“သတင်းရပြီး နေအိမ်ကို ဝရမ်းနဲ့ ဝင်ရောက်ရှာဖွေတော့ မူးယစ်ဆေးဝါးတွေနဲ့မိတယ်၊ ဆေးပြား(၆၅)ပြားနဲ့ လူ ၂ယောက်မိတာပါ၊ ဥပဒေအတိုင်း လုပ်ဆောင်ထားပါတယ်”ဟု လမိုင်းနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ဉာဏ်လင်းက ပြောသည်။

၊ရွာသာယာကျေးရွာရှိ ဒေါ်ဘေ့ (အသက် ၅၅ နှစ်) နေအိမ်တွင် အိမ်ရှင်နှင့်အတူ မော့ကနင်ကျေးရွာမှ ဘိုဘို(ခ)ကျော်ဘိုဘိုထွန်း(၃၉ နှစ်) တို့ ၂ ဦးကို စိတ်ကြွရူးသွပ်ဆေးပြား (၆၅) ပြားနှင့်အတူ ဝရမ်းဖြင့် ရဲများဖမ်းဆီးရမိခြင်း ဖြစ်သည်။

ရေးမြို့ အောင်မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူး ကိုဘမင်းက “တကယ်ဖြန့်ဖြူးနေတဲ့ ပင်ရင်းဒိုင်ကြီးတွေကို ပိုပြီးဖမ်းမိစေချင်ပါတယ်၊ အရင်တုန်းက မူးယစ်ဆေးဝါးသုံးစွဲဖို့ဆိုတာ တော်တော်လေးပိုက် ဆံရှိမှသုံးစွဲနိင်တယ်၊ အခုချိန်မှာ မူးယစ်ဆေးဝါးက ပိုက်ဆံလေး ၃ ထောင် ၄ ထောင်နဲ့ သုံးစွဲလို့ရနေတယ်၊အခုဆိုရင်ကျနော်တို့ဘက်မှာဘိန်းစာရွက်ချက်သောက်တဲ့ဓလေ့က ကျယ်ပြန့်လာတယ်၊အရမ်းရင်လေးဖို့ကောင်းပါတယ်” ဟု ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မူးယစ်ဆေးဝါးများ ဖမ်းဆီးမိသူ (၂)ဦးအား လမိုင်းနယ်မြေရဲစခန်းမှ မယ(ပ)၃/၂၀၂၁၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ ဖြင့်အမှုဖွင့်အရေးယူထားရှိသည်ဟု ဆိုသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts