Homeသတင်းမူးယစ်ဆေးဝါးစုံနံသာကျေးရွာရှိ ၁၆ နှစ်အရွယ် လူငယ်တစ်ဦးထံမှ မူးယစ်ဆေးပြားများဖမ်းဆီးရမိ

စုံနံသာကျေးရွာရှိ ၁၆ နှစ်အရွယ် လူငယ်တစ်ဦးထံမှ မူးယစ်ဆေးပြားများဖမ်းဆီးရမိ

-

မွန်သတင်းအေဂျင်စီ( ၁၂ ဇန်နဝါရီ ၂၀၂၁)

ရေးမြို့နယ် စုံနံသာကျေးရွာရှိ ၁၆ နှစ်အရွယ်လူငယ်တစ်ဦး ဇန်နဝါရီလ ၁၁ ရက်နေ့ နေ့လယ် ၂ နာရီအချိန်ခန့်က မူးယစ်ဆေးပြားများနှင့်အတူ နေအိမ်တွင် ဖမ်းဆီးရမိကြောင်း ရေးမြို့မရဲစခန်းမှ သတင်းရရှိသည်။

“မူးယစ်တပ်ဖွဲ့က အဖွဲ့တွေ ဖမ်းတာပါ၊ သတင်းရပြီး နေအိမ်ကို ဝရမ်းနဲ့ဝင်ရှာတော့ ဆေးပြား(၇၀)မိတယ်၊ ဥပဒေအတိုင်း အမှုဖွင့်အရေးယူထားပါတယ်”ဟု ရေးမြို့မစခန်းမှူး ဒုရဲမှူး ဝင်းမြင့်က ပြောသည်။

မူးယစ်တပ်ဖွဲ့စု(၃၉)ရေးမှ တပ်ဖွဲ့ဝင်းများက မူးယစ်ဆေးဝါးရောင်းချနေသည့်သတင်းအရ ၎င်းလူငယ်ကို စိတ်ကြွမူးယစ်ဆေးဝါး(၇၀) ပြားနှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းက ဖော်ပြသည်။

ရေးမြို့နေ ကိုအောင်နိုင်ဝင်း က”အခုခေတ်မှာက အသက်မပြည့်တဲ့လူငယ်တွေများစွာ သုံးစွဲနေတာပဲလေ၊ ဒီကိစ္စမှာ အသက်မပြည့်တဲ့လူငယ်ဖြစ်တဲ့အတွက် ကလေးသူငယ်ဥပဒေအရ ကလေးသူငယ်တရားရုံးရဲ့ဆုံးဖြတ်ချက်အတိုင်း လူငယ်လေ့ကျင့်ရေးစခန်းကို ပို့တာမျိုးတွေနဲ့ အရေးယူခံရမယ်ပေါ့၊ လူငယ်တွေဆေးသုံးနေတာကို ခွင့်ပြုထားလို့တော့ ဘယ်လိုမှမဖြစ်သင့်ဘူး၊ ကျနော့်အတွေ့အကြုံအရ ရေးမြို့နယ်မှာ အသက် ၁၃ နှစ် ၁၄ နှစ် အရွယ်တွေကစ မူးယစ်ဆေးသုံးစွဲနေကြတာတွေ့ရတယ်ပေါ့၊ ဒီလူငယ်လေးတွေကို ကလေးသူငယ်ဥပဒေအရ အရေးယူဖို့ လိုလားတယ်ပေါ့”ဟု ပြောပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပက်သက်ပြီး ၎င်းလူငယ်အပေါ် ရေးမြို့မရဲစခန်းမှ မယ(ပ)၃/၂၀၂၁ မူး/စိတ်ပြောင်းဥပဒေပုဒ်မ၁၉(က)ဖြင့် အမှုဖွင့် အရေးယူထားသည်။

အလားတူ သံဖြူဇရပ်မြို့နယ် ကရုပ္ပိကျေးရွာမှ ၁၅ နှစ်အရွယ်လူငယ်တစ်ဦးကို ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့ကဘိန်းစာရွက် ၂ ပိဿာခန့်နှင့်အတူ ဖမ်းဆီးအရေးယူခဲ့ကြောင်း သတင်းဖော်ပြပြီးဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts