spot_img
Saturday, January 25, 2025
More
    spot_img
    Homeငြိမ်းချမ်းရေးမွန်ညီညွတ်ရေးပါတီ MUP နှင့် NLD ကိုယ်စားလှယ်အဖွဲ့တွေ့ဆုံမည့်နေရာ ညှိနှိုင်းမရသဖြင့် ဆွေးနွေးပွဲပျက်

    မွန်ညီညွတ်ရေးပါတီ MUP နှင့် NLD ကိုယ်စားလှယ်အဖွဲ့တွေ့ဆုံမည့်နေရာ ညှိနှိုင်းမရသဖြင့် ဆွေးနွေးပွဲပျက်

    -

    စိုင်းထွန်းစံ (၀၄ ဇန်နဝါရီ ၂၀၂၁)

    မွန်ညီညွတ်ရေးပါတီနှင့် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ကိုယ်စားလှယ်အဖွဲတို့ တွေ့ဆုံကြမည့်နေရာ ညှိနှိုင်းမရကြသဖြင့် ဇန်နဝါရီ ၄ ရက်နေ့ နံနက် ၉ နာရီ နှစ်ဖက်တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်ပျက်သွားကြောင်း သတင်းရရှိသည်။

    NLD တွေ့ဆုံဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာအောင်မိုးညိုက “သူတို့ဘက်က မွန်ပြည်နယ် ၊ပြည်နယ် (NLD) အလုပ်မှုဆောင်အဖွဲ့ရုံးမှာ လာပြီးမတွေ့နိုင်ပါဘူးတဲ့။ ကြားတစ်နေရာမှာ တွေ့ရအောင်ပါတဲ့ ကျွန်တော်တို့ ကိုပြောတယ်။ ကျွန်တော်တို့ ဘက်က ဒီမှာပဲ(NLD ရုံး) တွေ့မယ်ဆုံးဖြတ်ထားတယ်။ အထက်ကလည်း ဒီမှာ ပဲတွေ့ဖို့ညွှန်ကြားတယ်။ သူတို့က အစိုးရ ဧည့်ဂေဟာ တည်းတဲ့နေရာမှာလာပြီးတော့ တွေ့မယ်တဲ့ ၊ အဲလိုလည်းတွေ့လို့မရဘူး။ လူကြီးတွေကဆုံးဖြတ်ထားလို့ ကျွန်တော်တို့ ဒီကပဲစောင့်တယ်။ ကိုးနာရီတွေ့မယ် ပြောထားတယ် ဆယ်နာရီထိတောင် ရောက်မလာဘူး ရောက်မလာတော့။ ကျွန်တော်တို့ကတော့ ဒီမှာစောင့်ပါတယ်ရောက် မလာပါဘူး။ မွန်ညီညွတ်ရေးအဖွဲ့ MUP ရောက်မလာပါဘူး ဒီလိုပဲ လူကြီးတွေကို တင်ပြအစီရင်ခံရမှာပေါ့ ဒါပါပဲ” ဟု ဆိုသည်။

    လာမည့်အစိုးရသစ်လက်ထက်တွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအရေး တိုင်းရင်းသားဆန္ဒကိုအလေးထားဆောင်ရွက်သွားမည့် ကြိုတင်အသိပေး ကမ်းလှမ်းချက်အရ မွန်အမျိုးသားပါတီအား တွေ့ဆုံရန် အမျိုးသားဒီမိုကရေစီပါတီ NLD ကိုယ်စားလှယ်အဖွဲ့ ၃ ဦး ယမန်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

    သို့ရာတွင် မွန်ညီညွတ်ရေးပါတီက တတိယကြားနေရာတစ်ခုတွင်သာ နှစ်ဖက်ကိုယ်စားလွယ်များ တွေ့ဆုံကြရန် ဆက်သွယ်အကြောင်းကြားသော်လည်း NLD ပါတီဘက်မှ ဆွေးနွေးပွဲကျင်းပပြုလုပ်မည့် အချိန်အထိ ပြန်လည်အကြောင်းပြန်ခြင်းမရှိကြောင်း မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး(၁) နိုင်လယိတမက ပြောသည်။

    နိုင်လယိတမက “သုံးကြိမ်အထိ တတိယနေရာမှာ စီစဉ်ပေးဖို့ မေတ္တာရပ်ခံထားတယ်။ အကြောင်းပြန်လာခြင်းမရှိ တော့ ဆွေးနွေးပွဲဟာ ပျက်သွားပြီးလား ဆက်ဖြစ်မလားဆိုတာတော့ NLD အပေါ်မှာမူတည်ပါမယ်။ တတိယနေရာကိုတောင်းဆိုတယ်ဆိုတာက ဒါကပရိုတိုကော အရတောင်းဆိုတာပါ။ အပြန်အလှန်လေးစားမှု တန်းတူထားမှုရှိအောင် ကျွန်တော်တို့က တောင်းဆိုတာပါ။ အဲ့တော့ ဒီလို NLD ရုံးမှာ မတွေ့ဖြစ်လို့ အကယ်၍ ဆွေးနွေးပွဲပျက်သွားပြီဆိုလို့ရှိရင်တော့ ဒါကတော့ တိုင်းရင်းသားတွေအပေါ် NLD ရဲ့သဘောထားကို ထင်ဟပ်စေတယ်လို့ဘဲ ပြောချင်ပါတယ်” ဟု ဆိုသည်။

    မွန်ညီညွတ်ရေးပါတီမှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များနှင့် NLD မွန်ပြည်နယ်ရုံးတွင် တွေ့ဆုံဆွေးနွေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အကြောင်းခဲ့သော်လည်း နှစ်ဖက်ပါတီချင်းအနေဖြင့်သာ တတိယနေရာတစ်ခုတွင် တွေ့ဆုံသွားရန် မွန်ညီညွတ်ရေးပါတီမှ တောင်းဆိုခဲ့သည်ကို NLD လက်ခံထားကြောင်း သိရသည်။

    အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်တွင် ဒေါက်တာအောင်မိုးညို ဦးဆောင်သည့် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးမည့်အဖွဲ့နှင့် ရွေးကောက်ပွဲအနိုင်ရ ကချင်ပြည်နယ်ရှိ တိုင်းရင်းသားနိုင်ငံရေးပါတီကိုယ်စားလှယ်များ ကချင်ပြည်နယ် မြစ်ကြီးမြို့ NLD ပါတီ ဗဟိုရုံးချုပ်တွင် တွေ့ဆုံခဲ့ကြခြင်းသည် ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ပါတီအား ကိုယ်စားမပြုကြောင်း ဒုတိယဥက္ကဌ ၂ ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။

    ဦးကွမ်ဂေါင်အောင်ခမ်းက “သွားတွေ့တဲ့ ကျွန်တော်တို့ကိုယ်စားလှယ်တွေလည်း ကိုယ်စားမပြုပါဘူး။ KSPP ကို ကိုယ်စားပြုပြီးမှ သွားရောက်ခဲ့တာ မဟုတ်ပါဘူး။ အခုလို ကျနော်တို့တိုင်းရင်းသားတွေနဲ့ တွေ့ဆုံတဲ့အခါ အဓိက ကတော့ NLD ရဲ့လုပ်ဆောင်မှုအပေါ်မှာပဲမူတည်တယ် သူတို့လုပ်ဆောင်တတ်ဖို့လည်း လိုတယ်၊ ဖြူစင်တဲ့စိဆန္ဒရှိဖို့လည်း လိုတယ်၊ ကျနော်တို့ တိုင်းရင်းသားတွေကလည်း NLD ရဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့အတူ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးမှာ အတူတကွဆန္ဒရှိကြပါတယ်၊ ဆန္ဒရှိတဲ့အတိုင်းသာလျှင် အတူတူညှိနှိုင်းသွားတာက ဗမာပြည်ရဲ့ထွက်ပေါက် ဗမာပြည်ရဲ့အမျိုးသားညီညွတ်ရေးဖြစ်ပါလိမ့်မယ်” ဟု ဆိုသည်။

    အနိုင်ရ NLD ပါတီဖွဲ့စည်းသွားမည့် အမျိုးသားညီညွတ်ရေးအစိုးရတွင် တိုင်းရင်းသားများ အတူတကွပူးပေါင်းပါဝင်ကြရန် တိုင်းရင်းသားနိုင်ငံရေးပါတီ ၄၈ ပါတီသို့ NLD က ပြီးခဲ့သည့်ဒီဇင်ဘာလအတွင်း စာရေးသားအကြောင်းကြားထားပြီး ပဏာမခြေလှမ်းအဖြစ် ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ နိုင်ငံရေးပါတီများသို့ သွားရောက်တွေ့ဆုံခဲ့သည့် အစီအစဉ်ဖြစ်ကြောင်း သိရသည်။


    Picture- NLD တွေ့ဆုံဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာအောင်မိုးညိုက သတင်းထောက်များအား
    ရှင်းလင်းပြောကြားစဥ်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,300SubscribersSubscribe
    spot_img

    Latest posts