spot_img
Friday, January 16, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူများက UEC ကို မော်လမြိုင်မြို့တွင် ဆက်လက်ဆန္ဒထုတ်ဖော်

    ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူများက UEC ကို မော်လမြိုင်မြို့တွင် ဆက်လက်ဆန္ဒထုတ်ဖော်

    -

    စိုင်းထွန်းစံ (၃၀ ဒီဇင်ဘာ ၂၀၂၀)

    ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူများက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC လုပ်ဆောင်ချက်များကို ဆန့်ကျင်ကြောင်း ‌စတုတ္ထမြောက်အဖြစ် မော်လမြိုင်မြို့တွင် ဒီဇင်ဘာ ၃၀ ရက်နေ့က ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

    ထိုဆန္ဒထုတ်ဖော်မှုကို နံနက် ၁၀ နာရီခန့်တွင် မော်လမြိုင်မြို့ ဗဟိုလမ်းရှိ ပြည်ခိုင်ဖြိုးပါတီ မော်လမြိုင်မြို့နယ်ရုံးရှေ့တွင် လူဦးရေ ၃၀ ခန့်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

    “မဲစာရင်းတွေပြန်လည်စစ်ဆေးတဲ့အခါမှာ ပေါ် ပေါက်မှုတွေရှိပါတယ်။ မှတ်ပုံတင်ထပ်နေတာတို့၊ မှတ်ပုံတင်မရှိတာတို့၊ အသက်မပြည့်တာတို့ အဲ့တာလေးတွေပေါ်ပေါက်ပါတယ်။ သုံးသောင်းကျော် တွေ့ရှိထားပါတယ်”ဟု မော်လမြိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌက ပြောသည်။

    မော်လမြိုင်မြို့ရှိ ရပ်ကွက် ၄၂ ခုမှာ မဲစာရင်းကွာဟမှု ၃၇၃,၀၈ ဦးရှိကြောင်း UEC မှရရှိသည့် စာရင်းများအရ စစ်ဆေးတွေ့ရှိထားကြောင်း ၎င်းကဆိုသည်။

    “အဲ့တာတွေမှာ မဲစာရင်းထပ်နေတာတွေ၊ အမည်တူတာတွေ၊ မှတ်ပုံတင်မပါတာ မှတ်ပုံတင်ထပ်နေတာ အသက်မပြည့်တာတွေ အဲ့ဒီစာရင်းတွေကို ခြုံပြီးတော့စစ်ကြည့်လိုက်တဲ့အခါမှာ အနှစ်ချုပ်အနေနဲ့ ၃၇,၃၀၈ ဦးတွေ့ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

    သို့ရာတွင် နိုင်ငံရေးပါတီအချို့နှင့် USDP ပါတီမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံတော်သမ္မတ တို့ထံအိပ်ဖွင့်ပေးစာ ပေးပို့ထားမှုထဲတွင် လွှတ်လပ်သော စုံစမ်းရေးကော်မတီ ဖွဲ့ပေးဖို့၊ မဲစားရင်းကိန်းကဏန်းများကို တရားဝင် ကူးယူခွင့်ပေးဖို့၊ မဲမသမာမှုတွေကို ဖော်ထုတ်ပေးဖို့ တောင်းဆိုထားသည်ကို ယနေ့ထိ ပြန်လည်ဖြေရှင်းပေးခြင်း မရှိသေးပေ။

    “ဒါကတော့ UEC မှာရွေးကောက်ပွဲကျင်းပခဲ့တဲ့ အနေထားနဲ့ ပတ်သက်ပြီးတော့ ပါတီဝန်းရံသူတွေ ထောက်ခံသူတွေ သူတို့ကိုယ်တိုင် ခံစားခံရတဲ့ အဖြစ်အပျက်တွေ အပေါ်မှာ အားမလိုအားမရ ဖြစ်တယ်ပေါ့။ ရလဒ်တွေနဲ့ ပတ်သက်ပြီးတော့ သူတို့ခံစားချက်တွေ ဖော်ထုတ်တဲ့ ကိစ္စဖြစ်တော့ ကျနော်တို့အနေနဲ့ လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်တစ်ခုလိုပဲ ပြောချင်တာပေါ့နော်” ဟု မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေမှူး ဦးဝင်းမော်ဦးက ပြောသည်။

    ပထမဦးဆုံးအနေဖြင့် ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူများက သံဖြူဇရပ်မြို့နယ်တွင် ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ပြီး မုဒုံမြို့နယ်၊ သထုံမြို့နယ်၊ မော်လမြိုင်မြို့ တို့မှာ ဒီဇင်ဘာလ အတွင်းပြုလုပ်ခဲ့သည်။

    ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မွန်ပြည်နယ်အတွင်း နေရာအားလုံတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခဲ့သည့်နေရာ လုံးဝမရှိပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts