spot_img
Saturday, May 10, 2025
More
    spot_img
    Homeငြိမ်းချမ်းရေးဘယ်အင်အားစု ဘယ်ပါတီနဲ့မှ တပ်ပေါင်းစုမဖွဲ့ဘူးဆိုတာ NLD သဘောထား ထုတ်ပြန်ပြန်ပြီးသားပါ- နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်နှင့် ဆက်သွယ်မေးမြန်းချက်

    ဘယ်အင်အားစု ဘယ်ပါတီနဲ့မှ တပ်ပေါင်းစုမဖွဲ့ဘူးဆိုတာ NLD သဘောထား ထုတ်ပြန်ပြန်ပြီးသားပါ- နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်နှင့် ဆက်သွယ်မေးမြန်းချက်

    -

    စိုင်းဝင်းဦး (မွန်သတင်းအေဂျင်စီ-နိုဝင်ဘာ ၂၅)

    မေး- တိုင်းရင်းသားပါတီ ၄၈ ပါတီအပေါ် NLD ကမ်းလှမ်းချက်နဲ့ပတ်သက်ပြီး ဆရာဘယ်လို သုံးသပ်ချင်ပါသလဲ?

    ဖြေ- ဒီအချိန်မှာ တိုင်းရင်းသားပါတီတွေနဲ့ ဦးတည်ချက်တူတဲ့အတွက် ပူးပေါင်းဆောင်ရွက်မယ် မဟာမိတ်ဖွဲ့မယ် အဲတာအတွက် ပြောမယ်ဆိုမယ် ဆိုတဲ့ ကမ်းလှမ်းချက်ကိုတော့ ကြိုဆိုပါတယ်၊ ဒါပေမဲ့ အဲဒီကမ်းလှမ်းချက်က ဘယ်လိုအကောင်အထည်ဖော်မှာလည်း ဘာတွေ ညှိနှိုင်းမှာလည်း ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပြောဖို့ကတော့ ခုချက်ချင်းပြောဖို့ ခက်တာပေါ့နော် ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒီလိုကမ်းလှမ်းလိုက်တာ ဒီအချိန်မှာဆိုရင်တော့ ကောင်းပါတယ်။ NLD ပါတီတွေနဲ့လည်း တိုင်းရင်းသား နိုင်ငံရေးပါတီအတော်တော်များများက နားလည်မှုလွဲနေကြတာတွေလည်း ရှိတာကိုး အဲတာကြောင့် ဒီလိုအချိန်မှာ NLD ပါတီက ပြုပြင်လာတာကောင်းတယ်လို့ ပြောနိုင်ပါတယ် ဘယ်လိုလုပ်မယ် ဘယ်လိုသဘောထားတွေ ရှိတယ် ဆိုတဲ့ကိစ္စက ပီပီပြင်ပြင်မသိရသေးတဲ့အတွက် ရှေ့ဆက်ပြီးတော့ ကောင်းတယ် ဆိုးတယ်ဆိုတာ ပြောဖို့တော့ နည်းနည်းလေး ခက်သေးတယ်ဆိုတာ ပြောချင်တာပါ။

    မေး- အခုလို ကမ်းလှမ်းမှုနဲ့ပတ်သက်ပြီး တိုင်းရင်းသားပါတီတွေအနေနဲ့ NLD အစိုးရအောက်ကနေပဲ သွားရမှာလား ဒါမှမဟုတ် တပ်ပေါင်းစုအနေနဲ့ သွားကြမှာလား ဆရာဘယ်လိုမြင်မိလဲ?

    ဖြေ- ကျွန်တော်ထင်တာကတော့ အဲလိုမဟုတ်ဘူးဗျ။ တိုင်းရင်းသားနိုင်ငံရေးပါတီတွေအနေနဲ့ သူတို့တွေ အနေနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့အတွက် ဘယ်လိုအချက်အလက်တွေ လိုချင်တယ်၊ နောက်တစ်ခုက ကိုယ့်ကြမ္မာကိုယ်ဖန်းတီးရေးအတွက် ဘာလုပ်ချင်တယ်၊ တန်းတူရည်တူ ရှိမှုအတွက် သူတို့ ဘာတောင်းဆိုချင်လဲ ဆိုတာတွေကို သူတို့ လေ့လာမေးမြန်းလိမ့်မယ်လို့ ထင်ပါတယ်၊ အဲတာတွေ မေးမြန်းပြီးတော့မှ သူတို့နဲ့ တူတာတွဲလုပ် မတူတာခွဲလုပ် ဖြစ်မှာပေါ့နော် ဒါပေမဲ့ တပ်ပေါင်းစုကြီး ဖွဲ့မယ့်သဘောထား NLD မှာ မရှိပါဘူး ခုနလိုပဲ တူတာတွဲလုပ် မတူတာ ခွဲလုပ်ဆိုတဲ့ အနေအထားပဲ ရှိမယ်ထင်တယ်၊ မဟာမိတ်သဘောတော့ ရှိပါလိမ့်မယ်၊ ဒါပေမဲ့ ဘယ်အင်အားစုနဲ့မှ ဘယ်ပါတီနဲ့မှ တပ်ပေါင်းစု မဖွဲ့ဘူးဆိုတာကတော့ NLD မှ သဘောထား ထုတ်ပြန်ပြန်ပြီးသားပါ ကျွန်တော်တို့ နားလည်တာကတော့ အဲလောက်ပါပဲ။

    မေး-ဖြည့်စွက်ပြောပေးပါလား ဆရာ?

    ဖြေ-နိုင်ငံရေးပါတီတွေကို ဒီလိုကမ်းလှမ်းလိုက်တာ တိုင်းရင်းသားပါတီတွေကို ဒီလိုကမ်းလှမ်းလိုက်တာ ကောင်းပါတယ်၊ ကောင်းတယ်ဆိုတာက ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းကိုလျှောက်ကြမယ်ဆိုရင် လမ်းကြောင်းကတော့ တူတာပေါ့၊  ဒါပေမဲ့သူတို့သဘောထားတွေ ရယူပြီးတော့ ရှေ့ဆက်သွားမယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ ဗမာပြည် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံထူထောင်ရေးအတွက် ကောင်းမွန်တဲ့ အချက်အလက်တွေနဲ့ အကြံဉာဏ်တွေရနိုင်မယ်လို့ ကျွန်တော်တို့ မျော်လင့်ပါတယ်၊ ဒါပေမဲ့ ခုနလို တပ်ပေါင်းစုသဏ္ဍာန် မဟာမိတ်အနေနဲ့ တရားဝင်ဖွဲ့စည်းတာမျိုးတော့ ရှိဦးမယ်လို့ ကျွန်တော်မထင်ပါဘူးခင်ဗျား။

    နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်(MPM)

    (ပြီး)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    34,400SubscribersSubscribe
    spot_img

    Latest posts