HomeCovid 19မော်လမြိုင်နှင့် ဘီးလင်းမြို့တွင် ညမထွက်ရအမိန့်ထုတ်ပြန်

မော်လမြိုင်နှင့် ဘီးလင်းမြို့တွင် ညမထွက်ရအမိန့်ထုတ်ပြန်

-

စိုင်းထွန်းစံ(မော်လမြိုင်၊ စက်တင်ဘာ ၂၅)

ကိုဗစ် ၁၉ ရောဂါကူးစက်မှုမြင့်တက်လာမှု အချိန်မီ ထိန်းသိမ်းနိုင်ရေးအတွက် စက်တင်ဘာလ ၂၅ ရက်နေ့မှစတင်၍ မော်လမြိုင်မြို့နှင့် ဘီးလင်းမြိုတို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။

အမိန့်ထုတ်ပြန်သည့်နေ့မှ ၂ လအတွင်းအကြုံးဝင်ပြီး ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ သွားလာခွင့်မရှိကြောင်း မော်လမြိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမိန့်အမှတ် ၁/၂၀၂၀ အရ သိရသည်။

မွန်ပြည်နယ်တွင် Covid-19 အတည်ပြုလူနာ ၂၂၄ ဦးအထိ ရှိလာပြီး မော်လမြိုင်မြို့နယ် (၁၁၃) ဦးပါဝင်သဖြင့်  မော်လမြိုင်မြို့ပေါ် ရပ်ကွက် (၆) ခုအား အသွားအလာကန့်သတ်ထားသည်မှာ ၅ ရက်ခန့်ရှိပြီ ဖြစ်သည်။ 

ဦးဝေလင်းထွန်းက “ထုတ်ပြန်ပြီးထားပြီးသားဖြစ်တဲ့အတွက် ပညာပေးကာလတော့မရှိဘူး။ ခုချိန်ကနေပြီးတော့ စတင်ပြီးတော့ သတ်မှတ်ထားတဲ့ စည်းကမ်းချက် တွေကိုဖောက်ဖျက်တယ်ဆိုရင်တော့ သက်ဆိုင်ရာ တည်ဆဲဥပဒေတွေနဲ့ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ညမထွက်ရအမိန့်သည် (၂) လအထိ အတည် ဖြစ်ကြောင်း မော်လမြိုင်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမိန့် ကြော်ညာချက်တွင် ဖော်ပြထားသည်။

“မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးရုံးကနေပြီးတော့ ထုတ်ပြန်ထားတဲ့အတွက် သူတို့ညွန်ကြားချက်တွေအတိုင်း လုပ်ဆောင်ပေးရမှာပါ” ဟု မော်လမြိုင် မြို့မရဲစခန်းမှူးမှ ဆိုသည်။

ထို့ပြင် ချောင်းဆုံမြို့နယ် ကမနင်းကျေးရွာတွင် ကိုဗစ် ၁၉ ရောဂါပိုးတွေ့လူနာတွေ့ရှိခဲ့သဖြင့် ရပ်ကွက် (၁၁) ခု၊ ဘီးလင်မြို့တွင်အမှတ် (၂) တာယာစက်ရုံ၊ ကမာဝက်မြို့မှာ အသွားလာကန့်သတ်မှုများ ပြုလုပ်ထားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၂၅ ရက်၊ သောကြာနေ့ နံနက် ၈ နာရီ ကြေညာချက်အရ မြန်မာနိုင်ငံတွင် ရောဂါပိုးကူးစက်သူ စုစုပေါင်း (၈,၅၁၅) ဦး သေဆုံးသူ နောက်ထပ် (၅) ဦးလည်း ထပ်တိုးသဖြင့် မြန်မာနိုင်ငံတဝန်း ကိုဗစ်ကြောင့် သေဆုံးသူ စုစုပေါင်း (၁၅၅) ဦး ရှိသွားပြီ ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts