spot_img
Saturday, December 13, 2025
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းမွန်ပြည်နယ်တွင် မဲရုံဝန်ထမ်း ဆရာ/မ တစ်သောင်းခွဲကျော်နှင့် စာသင်ကျောင်း ၈၀၀ ကျော် မဲရုံအဖြစ်အသုံးပြုမည်

    မွန်ပြည်နယ်တွင် မဲရုံဝန်ထမ်း ဆရာ/မ တစ်သောင်းခွဲကျော်နှင့် စာသင်ကျောင်း ၈၀၀ ကျော် မဲရုံအဖြစ်အသုံးပြုမည်

    -

    စိုင်းထွန်းစံ(မော်လမြိုင်၊ စက်တင်ဘာ ၂၄)

    မွန်ပြည်နယ်တွင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲကျင်းပသည့်အခါ စာသင်ကျောင်း ၈၀၀ ကျော်နှင့် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမဦးရေ (၁၅၀၀၀) ကျော်အသုံးပြုရန် လျာထားကြောင်း ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

    ရွေးကောက်ပွဲအတွက် စာသင်ကျောင်း (၈၄၅) ကျောင်းတွင် မဲရုံများထားရှိပြီး မဲရုံမှူး (၉၅၈) ဦး၊ ဒုတိယမဲရုံမှူး (၉၅၅) ဦး၊ အဖွဲ့ဝင်များ (၁၃,၇၁၇) ဦးဖြစ်ပြီး စုစုပေါင်း (၁၅,၆၃၀) ဦးလျာထားကြောင်း မွန်ပြည်နယ်ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင် ထံမှသိရသည်။

    ဒေါက်တာချိုချိုမြတ်အောင်မှ “ရွေးကောက်ပွဲကျင်းပတဲ့အခါ ပညာရေးဝန်ထမ်းအများစုကတော့ မဲရုံတွေမှာ မဲရုံမှူအဖြစ် ဒုမဲရုံမှူးအဖြစ် အဖွဲဝင်တွေအဖြစ်တာဝန်ထမ်းဆောင်ပေးကြတယ် ဒါကလဲပညာရေးဝန်ထမ်းတွေ ရဲ့အစဉ်အလာလိုမျိုး အခြေအနေတွေရှိပါတယ်” ဟုပြောသည်။

    လက်ရှိမှာတော့ မဲရုံဝန်ထမ်းအဖြစ် တာဝန်ပေးသူများထဲတွင် ကိုယ်ဝန်ဆောင်ဆရာမများ၊ အသက်အရွယ်ကြီးသူ ပင်စင်ယူခံနီး ဆရာ၊ဆရာများများ၊ ပညာရေးဝန်ထမ်းလုပ်သက်နည်းသူ၊ ဒေသခံမဟုတ်သော ဆရာ၊ဆရာမများကို တာဝန်ပေးထားခြင်းမရှိကြောင်း ၎င်းထံမှသိရသည်။

    “ဆရာ၊ ဆရာမတွေနေတဲ့နေရာနဲ့ မဲရုံတာဝန်ထမ်းဆောင်ရမဲ့နေရာက အရမ်းကြီးတော့ မဝေးပါဘူး။ ဒါပေမယ့် မော်လမြိုင်ကလူက ကျိုက်ထိုမှာသွားပြီး သွားရတာမျိုးတော့ ရှိတော့ရှိနိုင်တယ် ဒါမျိုးက နည်းပါတယ် ဒါပေမဲ့သက်ဆိုင်ရာကျန်းမာရေးဌာန ကော်မရှင်တွေကနေပြီးတော့ အဆင်ပြေအောင်ဆောင်ရွက်ပေးသွားမှာပါ” ဟု ၎င်းက ဆက်ပြောသည်။

    မြန်မာတစ်နိုင်ငံလုံးတွင် ကိုဗစ်ကူးစက်မြန်ရောဂါပိုးတွေ့သူ အရေအတွက်တိုးလာသကဲ့သို့ မွန်ပြည်နယ်တွင် ကိုဗစ် ၁၉ ရောဂါကူးစက်မှုနှုန်းမြင့်တက်လာနေပြီး ရထားပြေးဆွဲမှု၊ ပြည်နယ်အတွင်းပြေးဆွဲနေသည့် ယာဉ်လိုင်းများနှင့် အခြားဒေသသို့ သွားရောက်သည့်ယာဉ်လိုင်းများရပ်နားထားသည့်အတွက် တာဝန်ကျနေရာများကို ဝန်ထမ်းတွေအနေဖြင့် သွားလာရန်အခက်အခဲ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

    “ရောဂါအခြေနေကိုတော့ စိုးရိမ်မှုတော့ရှိတာပေါ့ ဒါပေမဲ့တာဝန်ပေးတာဆိုတော့လည်း မသွားလို့မှမရတာ။ ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာတော့ ကျန်မာရေးဌာနကညွန်ကြားထားတဲ့အတိုင်းဆောင်ရွက်သွားမှာပါ လူတွေအများကြီးနဲ့ ထိတွေ့မှုအနည်းငယ်ရှိတော့ ပြီးသွားရင် Home Quarantine တော့ထားသင့်တယ်လို့ တော့ထင်ပါတယ်” ဟု မဲရုံဝန်ထမ်းအဖြစ်ဆောင်ရွက်ရမည့် တာဝန်ကျ ဆရာမတစ်ဦး မှဆိုသည်။

    အလားတူ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်မှ မဲရုံဝန်ထမ်း ဆရာ၊ ဆရာမ အင်အား ၁ သောင်းကျော်အသုံးပြုခဲ့ကြောင်း သိရသည်။

    အဆိုပါဆရာ၊ ဆရာမများကို မဲရုံဝန်ထမ်းဆောင်ရွက်ရန်အတွက် ယခုလအတွင်းသင်တန်းပေးရန်စီစဉ်ထားမှု ရှိပြီး ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်မှုနှုန်မြင့်တက်လာတဲ့အတွက် သင်တန်းပေမည့်နေ့ကို ရက်ရွေ့ဆိုင်းထားရသည်ဟု ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts