spot_img
Thursday, May 2, 2024
More
    spot_img
    Homeငြိမ်းချမ်းရေးအစိုးရနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ အွန်လိုင်းဆွေးနွေးရန် လမ်းကြောင်းရှာမရဖြစ်နေ

    အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ အွန်လိုင်းဆွေးနွေးရန် လမ်းကြောင်းရှာမရဖြစ်နေ

    -

    စိုင်းဦး (စက်တင်ဘာ ၂၄)

    အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ အွန်လိုင်း ဆွေးနွေးပွဲ လုပ်နိုင်ရန် လမ်းကြောင်းရှာမရဖြစ်နေသည်ဟု ကချင်လွတ်မြောက်ရေးတပ်မတော် KIA  ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

    “အွန်လိုင်းမီတင်လုပ်ဖို့ လမ်းကြောင်းရှာနေတဲ့ အချိန်ကာလဖြစ်တယ်။ ဘယ်တော့လုပ်မယ်ဆိုတာ လုပ်မယ်ဆိုတာ အတိအကျ သတ်မှတ်တာ မရှိဘူး။ ကျွန်တော်တို့လည်း အွန်လိုင်းမီတင်လုပ်ဖို့ ကတော့ လိုင်းကိစ္စရော အင်တာနက်ကိစ္စရော လောလောဆယ်တော့ အဆင်မပြေဘူးလေ။ အဲတာတွေ ဘယ်လိုလုပ်မယ်ဆိုတာ ညှိနှိုင်းပြီးတော့ လမ်းကြောင်းရှာနေတာဖြစ်တယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

    အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ အွန်လိုင်းဆွေးနွေးပွဲ ကျင်းပမည်ဆိုပါက မြောက်ပိုင်းမဟာမိတ် လေးဖွဲ့လုံး ပါဝင်ရမှာဖြစ်ပြီး လေးဖွဲ့လုံး အင်တာနက်အဆင်ပြေမှာသာ ဆွေးနွေးလို့ ရမည်ဟု ဆိုသည်။

    “KIO တစ်ဖွဲ့ချင်းနဲ့ လုပ်မှာလည်း မဟုတ်ဘူး ကျွန်တော်တို့ မြောက်ပိုင်းအားလုံးနဲ့ဆိုတော့ ကျွန်တော်တို့ အဆင်ပြေရင်လည်း အခြားသော ကျွန်တော်တို့ရဲ့ မဟာမိတ် အဖွဲ့တွေ အဆင်မပြေရင်လည်း အဟန့်အတားဖြစ်သွားနိုင်တယ်လေ တစ်ခြားသော အဖွဲ့အစည်းမှာ အဆင်ပြေရင်လည်း ကျွန်တော်တို့မှာ လုပ်လို့မရလို့ ဖြစ်နေတယ်လေ အဲတာကြောင့် လမ်းကြောင်းရှာနေတဲ့ အချိန်ကာလဖြစ်နေတာ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် KIO သည် လိုင်ဇာတွင် ရှိနေပြီး ကျန်သည့် ပလောင်(တအန်း)ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၊ ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)၊ မြန်မာအမျိုးသားဒီမိုကရေ စီမဟာမိတ်တပ် ဖွဲ့(MNDAA) တို့ မည်သည့်နေရာတွင် ရှိနေပြီး မည်သို့ ပါဝင်ဆွေးနွေးမည်ကို မသိရှိသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

    လက်ရှိ တစ်ကမ္ဘာလုံးတွင် ဖြစ်ပွားနေသည့် ကိုဗစ် ၁၉ ရောဂါကြောင့် လူချင်းတွေ့ဆုံ ဆွေးနွေးရန် အဆင်မပြေသလို အွန်လိုင်းမှ တစ်ဆင့် တွေ့ဆုံနိုင်ရန်မှာလည်း အင်တာနက် အခက်အခဲကြောင့် အဆင်မပြေသေး ဖြစ်နေသည်။

    အစိုးရငြိမ်းချမ်းရေး အကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေက အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ အွန်လိုင်းဆွေးနွေးပွဲ ပြုလုပ်မည်ကို တရားဝင် မသိရှိသေးဘဲ ဆွေးနွေးပွဲ ပြုလုပ်မည်ဆိုသည်ကိုတော့ ကြားသိထားသည်ဟု ဆိုသည်။

    မြောက်ပိုင်းမဟာမိတ် လေးဖွဲ့တွင် ကချင်လွတ်လပ်ရေးတပ်ဖွဲ့(KIA)၊ ပလောင်(တအန်း)ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၊ ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)၊ မြန်မာအမျိုးသားဒီမိုကရေ စီမဟာမိတ်တပ် ဖွဲ့(MNDAA) တို့ ဖြစ်သည်။

    ကချင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ပြည်သူများလုံခြုံစိတ်ချစွာနေရပ်ပြန်နိုင်ရေးအတွက် တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား Bilateral အဆင့် အပစ်ရပ်သဘောတူလက်မှတ်ထိုးထားနိုင်မှ ယုံကြည်မှုရရှိ နိုင်မည်ဖြစ်သလို နှစ်ပေါင်း (၇၀) နီးပါးဖြစ်ပွားခဲ့သော မြန်မာပြည်တွင်းစစ်ကို အဆုံးသတ်ရန် စက်တင်ဘာလ ၂၁ ရက်နေ့က ကျရောက်သည့် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ WMR က ထုတ်ပြန်တောင်းဆိုခဲ့သည်။

    ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်က ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှာ အစိုးရ ကိုယ်စားလှယ်နှင့် မြောက်ပိုင်း လေးဖွဲ့မှ ကိုယ်စားလှယ်များ Bilateral စာချုပ် ချုပ်ဆိုနိုင်ရေး ဆွေးနွေးခဲ့ကြရာ အချက် ၇ ချက်ကို ဆက်လက် ဆွေးနွေး ရန် သဘောတူညီခဲ့ကြသည်။

    အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုဆိုင်ရာ အဖွဲ့အစည်းများ ဖြစ်ကြသည့် ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တို့သည် မြောက်ပိုင်းလေးဖွဲ့နှင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် တစ်ကြိမ်၊ ၂၀၁၉ ခုနှစ်အတွင်း ပြည်တွင်း၌ လေးကြိမ် စုစုပေါင်း ငါးကြိမ် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,000SubscribersSubscribe
    spot_img

    Latest posts