HomeCovid 19သေဆုံးသွားသောကိုဗစ် ၁၉ လူနာနှင့်ထိတွေမှုရှိသူ ကျန်းမာရေးဝန်ထမ်း ၁၃ ဦး Quarantine ဝင်ရောက်

သေဆုံးသွားသောကိုဗစ် ၁၉ လူနာနှင့်ထိတွေမှုရှိသူ ကျန်းမာရေးဝန်ထမ်း ၁၃ ဦး Quarantine ဝင်ရောက်

-

စိုင်းထွန်း စံ(မော်လမြိုင်၊ စက်တင်ဘာ ၉ )

မော်လမြိုင်မြို့တွင် စက်တင်ဘာလ ၈ ရက်နေ့က ကိုဗစ် ၁၉ ရောဂါပိုး ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ ၂ ဦးအနက် သေဆုံးသွားသောကိုဗစ် ၁၉ လူနာနှင့်ထိတွေမှုရှိသူ ကျန်းမာရေးဝန်ထမ်း ၁၃ ဦး ဆေးရုံတွင် Quarantine ဝင်ရောက်နေကြောင်းသိရသည်။

ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိသူ အသက် (၆၅) နှစ်ရှိအမျိုးသားတစ်ဦးမှာ ဆီးချို၊သွေးတိုး ရောဂါအခံရှိသူဖြစ်ပြီး ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် အသက်ရှုလမ်းကြောင်း ရုတ်တရက်ပျက်စီးခြင်းရောဂါဖြင့် စက်တင်ဘာလ ၇ ရက်နေ့ နေ့လည် ၁၂ နာရီးခန့်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

“လူနာက ၁၂ နာရီလောက်ရောက်လာတယ် သူတို့ကမောတယ် ဆီးချိုရှိတယ်ဆိုပြီးအဲတာပဲ ပြောတယ်ပေါ့။ လူနာကလဲတော်တော်လေးကိုအခြေနေဆိုးနေတော့ ဆရာဝန်တွေ ဆရာမတွေကတော့ အသက်ကယ်ဖို့ တစ်ချက်ပေါ့ ဒါပေမဲ့သူတို့ကတော့ပုံမှန် ကာကွယ်မှုတွေတော့ရှိတာပေါ့ Mask တတ်ထားတယ် တကယ်လို့သာ သူတို့လူနာနဲ့ထိတွေမိတာ သိရင်တော့ ဒီထက်ပိုပြီးတော့ ကာကွယ်ယူမိမှာပေါ့ ” ဟု ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး(စီမံ) ဒေါက်တာဝတ်မှုံက ဆိုသည်။

ကိုဗစ် ၁၉ ပိုးတွေ့သေဆုံးလူနာမှာ ရန်ကုန်မှပြန်လာသူဖြစ်ပြီး ပိုးတွေ့လူနာအမှတ် ၁၁၄၄ နှင့်ထိတွေ့မှုရှိကြောင်း သိရသည်။

“ဒီသေဆုံးသွားတဲ့လူနာနဲ့ ရန်ကုန်အတူသွားတဲ့ သူတစ်ယောက်ကျန်သေးတယ်ပေါ့စစ်ဆေးဖို့ သူ့ကိုတော့ ဒီ Quarantine မှာ သေဆုံးသွားတဲ့နေ့ထဲက ထည့်ထားပြီးသား နောက်ပြီးတော့ ကွန်ပျူတာပြင်တဲ့ သူတစ်ယောက်ကျန်မယ် နောက်ထပ်ထိဆက်မှုရှိတဲ့သူတွေ ဒီနေ့ညအဖြေရမယ်ပေါ့”ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ သေဆုံးလူနာနှင့် ထိတွေ့မိသူ ကျန်းမာရေးဝန်းထမ်းများအပြင် အခြားထိတွေမိသူ ၁၅ ဦးကျော်ကိုလည်း မော်လမြိုင်တက္ကသိုလ် (၁၀) မြို့နယ်ဆောင် Quarantine စင်တာတွင်ထားရှိကြောင်း ၎င်းထံမှသိရသည်။

မွန်ပြည်နယ်အတွင်း ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိသူ ၁၉ ဦးရှိပြီး လက်ရှိတွင် မော်လမြိုင်မြို့အထွေထွေရောဂါကု ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသည့် ကိုဗစ် ၁၉ ရောဂါပိုးတွေ့လူနာ ၁၅ ဦးရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts