HomeCovid 19နယ်စပ်တွင် ထိုင်းအစိုးရမှ ပစ်မိန့်ပေးထားဆိုသည့်သတင်း မဟုတ်မမှန်

နယ်စပ်တွင် ထိုင်းအစိုးရမှ ပစ်မိန့်ပေးထားဆိုသည့်သတင်း မဟုတ်မမှန်

-

မွန်သတင်းအေဂျင်စီ (သြဂုတ် ၂၉)

ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် တရားမဝင်ခိုးဝင်လာသူများအား ထိုင်းအစိုးရပစ်မိန့်ပေးထားသည် ဆိုသည့်သတင်း မဟုတ်မမှန်ကြောင်း နယ်စပ်အခြေစိုက် ထိုင်းအာဏာပိုင်တို့မှ သိရသည်။

ထို့အတူ ခိုးဝင်လာသူများကို ပစ်မိန့်ပေးထားကြောင်း ထိုင်းအာဏာပိုင်တို့ မွန်ပြည်သစ်ပါတီအားပြောဆိုခဲ့သည်မှာလည်း မဟုတ်မမှန်သတင်းဖြစ်ကြောင်း မွန်ပြည်သစ်ပါတီက ငြင်းဆိုခဲ့သည်။

မွန်၊ ဗမာဘာသာဖြင့် Facebook, Messenger ပေါ် ပြန့်နှံနေသည့် ထိုင်းအစိုးရ ပစ်မိန့်ပေးထားသည်မှာ မဟုတ်မမှန်သတင်းများသာ ဖြစ်ကြောင်း မွန်သတင်းအေဂျင်စီမှ အတည်ပြုနိုင်ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပွားလျှက်ရှိသော Covid-19 ရောဂါပိုးများ နယ်စပ်လမ်းကြောင်းများမှတဆင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်မလာစေရေးနှင့် ဘုရားသုံးဆူဒေသ နယ်စပ်တလျှောက်ရှိ လူနှင့် မော်တော်ယာဉ် ဝင်ပေါက်လမ်းကြောင်းအားလုံးကို ရောဂါပြန့်နှံ့မှု အခြေအနေပေါ်မူတည်၍ ပိတ်ထားမည်ဖြစ်သည့်အတွက် လုံခြုံရေးတိုးမြှင့်ထားသည့်ကိစ္စရပ်များကို ယမန်နေ့က ဘုရားသုံးဆူ၌ မွန်ပြည်သစ်ပါတီနှင့် တွေ့ဆုံခဲ့ရာတွင် ထိုင်းလုံခြုံရေးအရာရှိတို့က ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ရောဂါပိုးပြန့်နှံ့လာမည်ကိုစိုးရိမ်သဖြင့် နယ်စပ်တလျှောက် နေထိုင်ကြသူများအနေဖြင့် မိမိရောက်ရှိရာဘက်အခြမ်းတွင်သာ ဆက်လက်နေထိုင်သွားရန်နှင့် နယ်စပ်တစ်ဖက်နှင့်တစ်ဖက် မည်သူမှ ဖြတ်သန်းသွားလာခြင်းမရှိစေရေး ဝိုင်းဝန်းကူညီပေးရန် မွန်ပြည်သစ်ပါတီကို မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။

ထို့အပြင် ထိုင်းနှင့် မြန်မာနယ်စပ်ချင်း မိုင် ၁၄၀၀ ကျော်ထိစပ်နေသည့် ချင်းမိုင်၊ ချင်းရိုင်ပြည်နယ်ခရိုင်မှ ရနောင်းအထိ ပြည်နယ်ခရိုင် ၁၀ ခုတွင် ထိုင်းနိုင်ငံသို့ ခိုးဝင်မလာနိုင်စေရန် လုံခြုံရေးတိုးမြင့်ထားကြောင်း ထိုင်းသတင်းဌာနများက ရေးသားဖော်ပြသည်။

Photo- ယမန်နေ့က ဘုရားသုံးဆူတွင် ထိုင်းလုံခြုံရေးအရာရှိများ အစည်းအဝေးပြုလုပ်စဉ်
(Regional news in Kanchanaburi)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts