Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းမွန်ပြည်နယ်တွင် တသီးပုဂ္ဂလအပါအဝင် ၁၃ ပါတီက ကိုယ်စားလှယ်လောင်း ၃၀၀ ကျော်အမည်စာရင်းတင်သွင်း

မွန်ပြည်နယ်တွင် တသီးပုဂ္ဂလအပါအဝင် ၁၃ ပါတီက ကိုယ်စားလှယ်လောင်း ၃၀၀ ကျော်အမည်စာရင်းတင်သွင်း

-

စိုင်းထွန်းစံ (မော်လမြိုင်၊ သြဂုတ်လ ၉ )

လာမည့် နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားမည့် တသီးပုဂ္ဂလ ၁၂ ဦးအပါအဝင် နိုင်ငံရေးပါတီ ၁၃ ပါတီက ကိုယ်စားလှယ်လောင်း ၃၀၃ ဦး အမည်စာရင်းတင်သွင်းထားကြောင်း မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က “ကိုယ်စားလှယ်လောင်း ပုဂ္ဂိုလ်များကို သြဂုတ် ၁၁ ရက်နေ့ကနေပြီးစပြီး ၁၇ ရက်နေ့အတွင်း အမည်စာရင်တင်သွင်းလွှာတွေကို စိစစ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အလားတူပဲ ခရိုင် ၂ ခုမှာလဲ ၁၁ ရက်ကနေ စပြီးတော့ အမည်စာရင်းတင်သွင်းလွှာများကို စီစစ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

အဓိက ပါတီကြီး ၃ ပါတီဖြစ်ကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း USDP တို့က မဲဆန္ဒနယ်မြေအားလုံး ၄၅ နေရာစီနှင့် မွန်ညီညွတ်ရေးပါတီ MUP က သထုံနှင့်ဘီလင်းမြို့နယ်မှလွဲ၍ ၃၅ နေရာဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရက်တစ်ပါတီ UNDP တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ NUP ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UBP ညီညွတ်သောဒီမိုကရက်တစ်ပါတီ UDP ပြည်သူ့ရှေ့ဆောင်ပါတီ PPP အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ DNP ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ကရင်ပြည်သူ့ပါတီKPP ဗမာပြည်သူ့ပါတီ BPP ပြည်သူ့ပါတီPP ၈၈မျိုးဆက်ဒီမိုကရေစီပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ကိုယ်စားလှယ်လောင်းအမည်စာရင်းကို သြဂုတ်လ ၇ ရက်နေ့က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း (၆၅) ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း (၇၈) ဦး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း (၁၃၇) ဦးတို့ အမည်စာရင်းတင်သွင်းထားပြီး ဖြစ်သည်။

ထို့အတူ တသီးပုဂ္ဂလကိုယ်စားလောင်း (၁၂) ဦးအပြင် ဗမာတိုင်းရင်းသားကိုယ်စားလှယ်လောင်း (၇) ဦး၊ ကရင်တိုင်းရင်းသားကိုယ်စားလှယ်လောင်း (၈) ဦး နှင့် ပအိုဝ်းတိုင်းရင်းကိုယ်စားလှယ်လောင်း (၈) ဦးတို့ အမည်စာရင်းတင်သွင်းထားသည်။

မွန်ပြည်နယ်အတွင်း မဲပေးခွင့်ရှိသူ ၁၇ သိန်းခွဲကျော် ရှိမည်ဟုခန့်မှန်းထားပြီး ၁၈ နှစ်ပြည့်၍ မဲစတင်ပေးမည့် မဲဆန္ဒရှင် လူငယ် ၁ သိန်းခွဲကျော်ခန့်ပါဝင်လာကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ရွေကောက်ပွဲ၌ မွန်ပြည်နယ်အတွင်း ပါတီ ၁၈ ပါတီနှင့် တသီးပုဂ္ဂလ အပါအဝင် ကိုယ်စားလှယ်လောင်း (၂၇၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒရှင် ၁၅ သိန်းကျော်အနက် ၅၁ ရာခိုင်းနှုန်းကျော်ခန့်သာ ဆန္ဒမဲပေးအပ်ခဲ့ကြခြင်း ဖြစ်သည်။

Photo-မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်
သတင်းထောက်များကို ရှင်းလင်းစဉ် (MNA)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts