spot_img
Saturday, May 18, 2024
More
    spot_img
    HomeCovid 19Covid-19 ကာလ လယ်ယာကဏ္ဍ ထိခိုက်နစ်နာမှုရှိသောကြောင့် အထူးချေးငွေ ထုတ်ချေးပေး

    Covid-19 ကာလ လယ်ယာကဏ္ဍ ထိခိုက်နစ်နာမှုရှိသောကြောင့် အထူးချေးငွေ ထုတ်ချေးပေး

    -

    အဂ္ဂနွန် (မော်လမြိုင်၊ ဇူလိုင် ၇)

    တစ်ကမ္ဘာလုံး ပျံ့နှံဖြစ်ပွားလျက်ရှိသည့် Covid-19 ကိုရိုနာဗိုင်းရပ်စ်ကြောင့် စက်ရုံ အလုပ်ရုံများ၊ လုပ်ငန်းပေါင်းစုံ၊ ကဏ္ဍပေါင်းစုံထိခိုက်နစ်နာလျက်ရှိသည်။

    လယ်ယာကဏ္ဍသည်လည်း ထိခိုက်နစ်နာမှုရှိသောကြောင့် Covid-19 အထူးချေးငွေ ထုတ်ချေးရန် နိုင်ငံတော် စီမံချက်ဖြစ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် (မော်လမြိုင်ဘဏ်ခွဲ) ပြည်နယ်မန်နေဂျာ ဦးကျော်စွာလှိုင်က မွန်သတင်းအေဂျင်စီသို့ ပြောဆိုသည်။

    “နိုင်ငံတော်ကနေ ချမှတ်ပြီးတော့ ဆောင်ရွက်ခိုင်းတဲ့ လယ်ယာကဏ္ဍမှာ covid ထိခိုက်နိုင်တဲ့ လယ်သမားတွေ ရှိတဲ့အတွက်ကြောင့်မို့လို့ အားလုံးကို တစ်ဧက ငါးသောင်းနှုန်းနဲ့ ချေးတဲ့ ချေးငွေဖြစ်ပါတယ်၊ အတိုးနှုန်းကလည်းပဲ စိုက်ပျိုးစရိတ်ချေးငွေ နှုန်းအတိုင်းပါဘဲ တစ်နှစ်ကို ၅ ရာခိုင်နှုန်း အရပ်သဘောနားလည်အောင် ၄၂ ပြားနှုန်းလောက်ဘဲ ငွေ ၁၀၀ ကို တစ်လမှာ ကျမှာဖြစ်ပါတယ်။”ဟု ပြည်နယ်မန်နေဂျာ ဦးကျော်စွာလှိုင်က ပြောသည်။

    covid-19 အထူးချေးငွေ၏ လယ်ယာချေးငွေသည် စိုက်ပျိုမြေကို ထုတ်ချေးပေးမှာဖြစ်ပြီး တစ်ဧက ငါးသောင်းနှုန်း အတိုး ၅ ရာခိုင်နှုန်းအနေဖြင့် ထုတ်ချေးပေးမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

    covid-19 ကာလမှာ တောင်သူလယ်သမားများသည် အလုပ်အကိုင်အဆင်မပြေခြင်းတို့ ကြုံနေရပြီး ယခုလိုထုတ်ချေးပေးခြင်းသည် ဝမ်းသာကြောင်း  ချေးငွေရရှိရန် စာရင်းပေးထားသော တောင်သူတစ်ဦးက ဆိုသည်။

    “လယ်သမားတွေအတွက်က ပိုက်ဆံပိုရင် လုပ်သားငှါးတဲ့အခါအဆင်ပြေတယ်ပေါ့ ကောက်စိုက်သမားအတွက် ဘာအတွက် အကုန်လုံးအဆင်ပြေမယ်လေး ဒီနှစ်က အခက်အခဲဖြစ်တယ် နိုင်ငံခြားကပိုက်ဆံလည်းမလာဘူး အလုပ်အဆင်မပြေလို့ ပိုက်ဆံအခက်အခဲဖြစ်တယ်ပေါ့ (သက်ဆိုင်ရာက)ဒီလိုချေးငွေထုတ်ချေးပေးတာ နည်းနည်းအဆင်ပြေတာပေါ့”ဟု တောင်သူတစ်ဦးဖြစ်သည့် ဒေါ်ရတနာအေးက ပြောတယ်။

    အထူးချေးငွေရရှိရန် မုဒုံမြို့နယ် နိုင်လှုံ-လက်တက်ကျေးရွာ တောင်သူ ၁၅၀  ခန့် တင်ပြထားခြင်းဖြစ်ကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ဦးခင်မောင်ထွေးက ပြောသည်။

    မွန်ပြည်နယ် တစ်ပြည်နယ်လုံးမှာ ဧက ပေါင်း ၂သိန်း ၈ သောင်းကျော်ကို ထုတ်ချေးပေးသွားမည်ဟု သိရသည်။

    ပြည်နယ်မန်နေဂျာ ဦးကျော်စွာလှိုင်က “သီးနှံကို ချေးပေးတဲ့ ချေးငွေအမျိုးအစားမဟုတ်ပါဘူး ကျွန်တော်တို့က မြေကိုချေးပေးတာဖြစ်တယ်။ စိုက်ဧကချေးတဲ့ မြေကိုချေးပေးတဲ့မျိုးဖြစ်တာ ကျွန်တော်တို့ တစ်ကြိမ်ဘဲထုတ်ချေးပေးမယ်ဖြစ်ပါတယ်၊ ကျွန်တော်တို့မွန်ပြည်နယ်အတွက် လျာထားတာတော့ covid-19 အထူးချေးငွေအတွက် ကျပ်သန်းပေါင်း ၁၄၀၀၀ ထုတ်ချေးပေးဖို့ လျာထားတာဖြစ်တယ်”ဟု ထပ်မံပြောဆိုသည်။ 

    ဇူူလိုင်လ ၅ ရက်နေ့အထိ ငွေကျပ် ၁၁၉ သိန်း ကျော် ထုတ်ချေးထားပေးပြီး ဆက်လက်ထုတ်ချေးလျက်ရှိကြောင်း ဦးကျော်စွာလှိုင်က ပြောသည်။

    ယင်းချေးငွေပြန်ဆပ်ရမည့် အချိန်က လာမည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှာ နောက်ဆုံးထားပြီး ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။


    Caption; စိုက်ပျိုးချေးငွေ ထုတ်ချေးနေစဉ် (FB; Kyaw Swar Hlaing)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,800SubscribersSubscribe
    spot_img

    Latest posts