spot_img
Friday, May 17, 2024
More
    spot_img
    Homeငြိမ်းချမ်းရေးရေဖြူမြို့နယ်တွင် အရပ်သားခြံသမားတစ်ဦး မြေမြှုပ်မိုင်းထပ်မံနင်းမိပြီး ညာဘက်ခြေချင်းဝတ် ပြတ်တောက်သွား

    ရေဖြူမြို့နယ်တွင် အရပ်သားခြံသမားတစ်ဦး မြေမြှုပ်မိုင်းထပ်မံနင်းမိပြီး ညာဘက်ခြေချင်းဝတ် ပြတ်တောက်သွား

    -

    ဗညားပိုင်(မေ ၄)

    တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအနီး ကြောင်လျှာကွင်းဒေသအနီးတဝိုက်တွင် ယနေ့မွန်းလွဲ ၁ နာရီခန့်၌ အရပ်သားခြံသမားအမျိုးသားတစ်ဦး မြေမြှုပ်မိုင်းထပ်မံနင်းမိပေါက်ကွဲသဖြင့် ညာဘက်ခြေချင်းဝတ် ပြတ်တောက်သွားကြောင်း  သတင်းရရှိသည်။

    ကြောင်လျှာကွင်း၌ ဥယာဉ်ခြံလုပ်ကိုင်သူ ရေးမြို့နယ် ဟံဂံကျေးရွာသား နိုင်ထွန်း( အသက် ၃၇ နှစ်) သည် ခြေလျင်ဖြင့် ရွာသို့အပြန် မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း အလယ်စခန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်စန်းက ပြောသည်။

    ၎င်းက “သူတို့ပြောတာကတော့ မနေ့ညက ခြံမှာအိပ်ခဲ့တယ်၊ ဒီနေ့ နေ့လည် ၁ နာရီလောက်မှာ ခြံကနေ ပြန်လာတယ် လမ်းမှာပဲနင်းမိပြီး ညာဘက်ခြေထောက် ပြတ်သွားတယ်၊ ညနေ ၃ နာရီလောက်က  အလယ်စခန်းကနေ မော်လမြိုင်ဆေးရုံသို့ ပို့လိုက်တယ်” ဟု ဆိုသည်။

    အလားတူ ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့က ရေဖြူမြို့နယ်အတွင်း မြေမြှုပ်မိုင်း ၂ လုံး နေရာ ၂ ခု၌ အရပ်သားခြံသမား ၂ ဦးနင်းမိပေါက်ကွဲသဖြင့် ရေးမြို့ပြည်သူ့ဆေးရုံ၌ ခြေထောက်တစ်ဖက်စီ ဖြတ်တောက်ခဲ့ရကြောင်း သတင်းများတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ 

    အဆိုပါ မြေမြှုပ်မိုင်းသည် ကြောင်လျာကွင်းတဝိုက်၌ လှုပ်ရှားနေသည့် ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ လက်ချက်သာ ယူဆစရာရှိကြောင်း အမည်မဖော်လိုသော မွန်ပြည်သစ်အရာရှိတစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “ ဒီနေရာမှာတဝိုက်မှာ ကျနော်တို့မွန်တိုင်းရင်းသားတွေ ဥယာဉ်ခြံတွေစိုက်ပျိုးနေတာကို အနှောက်အယှက်ပေးလိုတဲ့ လက်နက်ကိုင်အုပ်စုတွေရှိနေတယ်၊  အရပ်သား ခြံသမားတွေကို အဓိကပစ်မှတ်ထားပြီး မိုင်းထောင်နေတာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

    အဆိုပါ မြေမြှုပ်မိုင်းမကြာခဏပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သည့် ရေဖြူမြို့နယ်တဝိုက်တွင် NCA လက်မှတ်ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီ NMSP ထားဝယ်ခရိုင်နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ လှုပ်ရှားလျက်ရှိသည့်အပြင် ကရင်ပြည်သူ့စစ်အဖွဲ့ငယ်များလည်း ရှိနေကြောင်း စုံစမ်းသိရှိရသည်။

    ၂၀၁၈ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ရေဖြူမြို့နယ်၌ လက်သည်မပေါ် မြေမြှုပ်မိုင်းပေါက်ကွဲမှု ၁၀ ကြိမ်ထက်မနည်းဖြစ်ပေါ်ခဲ့မှုကြောင့် အရပ်သားများထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် သက်ဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC အဆင့်ဆင့်မှ အရေးယူဆောင်ရွက်ခဲ့ခြင်းမရှိပေ။



    Photo-မြေမြှုပ်မိုင်းကြောင့် ခြေချင်းဝတ်ပြတ်တောက်သွားသူ နိုင်ထွန်း (Facebook)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,700SubscribersSubscribe
    spot_img

    Latest posts