spot_img
Saturday, May 18, 2024
More
    spot_img
    Homeသတင်းအမျိုးသားအကျိုးရှေးရှုသည့် စုပေါင်းစီးပွားရေးလုပ်ငန်းများလုပ်ဆောင်ကြရန် မွန်ပြည်သစ်ပါတီတိုက်တွန်း

    အမျိုးသားအကျိုးရှေးရှုသည့် စုပေါင်းစီးပွားရေးလုပ်ငန်းများလုပ်ဆောင်ကြရန် မွန်ပြည်သစ်ပါတီတိုက်တွန်း

    -

    မွန်သတင်းအေဂျင်စီ(မတ် ၁၅)

    မွန်တိုင်းရင်းသားများ အနေဖြင့် ပုဂ္ဂလိကစီးပွားရေးနှင့် မိသားစုပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ကျွမ်းကျင်မှု ရှိသော်လည်း အများပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် အားနည်းနေသေးသည့်အတွက် ညီညွတ်သော စိတ်ဓာတ်ဖြင့် အမျိုးသားအကျိုးကို ရှေးရှူသည့် စုပေါင်းစီးပွားရေးလုပ်ငန်းများအား လုပ်ဆောင်သင့်ကြောင်း မော်လမြိုင်မြို့၌ မတ်လ ၁၄ ရက်က ကျင်းပသည့် မွန်အမျိုးးသား စီးပွားရေးအစီအစဉ် ဆွေးနွေးပွဲ (Mon Economics Forum) တွင် မွန်ပြည်သစ်ပါတီက တိုက်တွန်းလိုက်သည်။

    အဆိုပါ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲတွင် မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဌ နိုင်အောင်မင်း က "ကျနော်တို့ မွန်လူမျိုးတွေဟာ ပုဂ္ဂလိက တဦးတယောက်အနေနဲ့ အတော်ပဲ အစွမ်းထက်ပါတယ်၊ နောက်ပြီး စုပေါင်းလုပ်ငန်း လုပ်တဲ့နေရာမှ အားနည်းသေးတယ်၊ အလုပ်မဖြစ်သေးတာ ရှိတယ်။ ဒါ့ကြောင့် ဒီနေရာမှ တိုက်တွန်းချင်တာက တဦးနှင့်တဦး စုစည်းပြီးတော့ အများပိုင်လုပ်ငန်း လုပ်ဆောင်ဖို တိုက်တွန်းပါတယ်။ စိတ်ဓာတ်ခွန်အားတွေ သီးခံမှုတွေ အရေရှည်အကျိုး အတွက် ဆိုတဲ့ ခံယူချက်တွေ ရှိဖို့ လိုမယ်ဖြစ်ပါတယ်"ဟု အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

    အတိတ်ကာလ အင်္ဂလိပ်ကိုလိုနီ အစိုးရလက်ထက်တွင် မွန်စီးပွားရေးလုပ်ငန်းရှင် နိုင်အောက်မှ အင်္ဂလိပ်အစိုးရစီးပွားရေးလုပ်ငန်းနှင့် ယှဉ်ပြိုင်လုပ်ဆောင်သော်လည်း ပုဂ္ဂလိကတဦးတည်းအနေဖြင့် ရေရှည်ရပ်တည်ရန် ခက်ခဲတွေ့ ခဲ့ကြောင်း၊ ယနေ့ကာလတွင် မွန်လုပ်ငန်းရှင်များအနေဖြင့် အများပိုင်စီးပွားရေးလုပ်ငန်းများကို စုပေါင်းလုပ်ဆောင်သွားရန် လိုအပ်ကြောင်း ၎င်းကထောက်ပြသည်။

    မွန်စီးပွားရေးလုပ်ငန်းရှင်များအသင်း အကြံပေးပုဂ္ဂိုလ် ဒေါက်တာဗညားမွန်က “မွန်ဒေသမှာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဖို့ ကူးသန်းရောင်းဝယ်ရေးအတွက် အခြေခံအဆောက်အဦတွေဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ ဆိပ်ကမ်းစတာတွေ အလုံအလောက်မရှိသေးတာဟာလည်း စိန်ခေါ်မှုတွေပဲ" ဟု ဆိုသည်။

    မွန်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းနှင့် မွန်ပြည်သစ်ပါတီမှ နည်းပညာအထောက်အကူပြုအဖွဲ့ တို့ ဦးစီးကျင်းပသည့် စီးပွားရေးလုပ်ငန်းအစီအစဉ်ဆွေးနွေးပွဲတွင် မွန်ပြည်သစ်ပါတီ နှင့် မွန်ညီညွတ်ရေးပါတီမှ ခေါင်းဆောင်များ တက်ရောက်ကြပြီး ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပခူးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်မှ လုပ်ငန်းရှင်များ (၁၅၀) ဦးခန့် တက်ရောက်ကြောင်း တွေ့ရှိရသည်။

    လာမည့် ၂၀၂၀ ခုနှစ် မေလနှောင်းပိုင်းတွင် ကျင်းပရန်စီစဉ်ထားသည့် မွန်အမျိုးသားညီလာခံသို့ မွန်ဒေသအတွင်း စီးပွားရေးအခြေအနေနှင့် မွန်အမျိုးသားစီးပွားရေးဆိုင်ရာအစီအစဉ်များအား တင်ပြနိုင်ရန် မွန်အမျိုးးသား စီးပွားရေးအစီအစဉ် ဆွေးနွေးပွဲ (Mon Economics Forum) ကို ကျင်းပခြင်း ဖြစ်သည်။

    Photo- မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဌ နိုင်အောင်မင်း အဖွင့်မိန့် ခွန်းပြောကြားစဉ်(MNA)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,800SubscribersSubscribe
    spot_img

    Latest posts