Homeသတင်းကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကြေညာ

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကြေညာ

-

မွန်သတင်းအေဂျင်စီ (မတ် ၁၂)

ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံပေါင်း ၁၁၄ နိုင်ငံတွင် လူပေါင်း ၁၁၈,၀၀၀ ကျော် ကူးစက်ခံထားရပြီး သေဆုံးသူပေါင်း ၄,၃၀၀ လောက်အထိ ရှိနေသည့်အတွက် ကမ္ဘာ့ကပ်ရောဂါ (pandemic) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ယနေ့တွင် ကြေညာလိုက်သည်။

လွန်ခဲ့သည့်သီတင်း ၂ ပတ်အတွင် တရုတ်နိုင်ငံ ပြင်ပ၌ ကူးစက်မှုတွေ ၁၃ ဆအထိ တိုးလာသလို ကူးစက်ခံရသည့် နိုင်ငံများသည်လည်း ၃ ဆ တိုးလာသည့်အပေါ် စိုးရိမ်သည့်အတွက် ကမ္ဘာအနှံ့ပျံ့နှံ့သည့် ကပ်ရောဂါအဖြစ် ကြေညာရန် ဆုံးဖြတ်ခဲ့ကြောင်း WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က Geneva ရုံးချုပ်၌ သတင်းထောက်များကို ယနေ့တွင်ပြောကြားသည်။

တရုတ်ပြည်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၈၀,၀၀၀ ကျော် သေဆုံးသူ ၃၀၀၀ ကျော်အဆိုးဆုံးဖြစ်ပြီး အီတလီနိုင်ငံတွင် သေဆုံးသူ ၈၀၀ ကျော်နှင့် ကူးစက်သူ ၁၂,၀၀၀ ကျော်၊ အီရန်နိုင်ငံတွင် သေဆုံးသူ ၃၅၀ ကျော်နှင့် ကူးစက်သူ ၉၀၀၀ ကျော်၊ တောင်ကိုရီးယားတွင် သေဆုံးသူ ၆၀ ကျော်နှင့် ကူးစက်သူ ၇,၇၀၀ ကျော်အထိ ရှိသည်ဟု သတင်းများက ဖော်ပြသည်။

မြန်မာနိုင်ငံတွင် ယနေ့အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း လူနာ (၁၆) ဦး အား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပြီး ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

Photo- WHO

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts