Homeသတင်းမွန်ပြည်နယ်တွင် လာမည့်ရွေးကောက်ပွဲအတွက် အသက် ၁၈ နှစ်ပြည့်ပြီး ပထမဆုံးမဲပေးမည့်လူငယ် တစ်သိန်းခွဲကျော်ရှိ

မွန်ပြည်နယ်တွင် လာမည့်ရွေးကောက်ပွဲအတွက် အသက် ၁၈ နှစ်ပြည့်ပြီး ပထမဆုံးမဲပေးမည့်လူငယ် တစ်သိန်းခွဲကျော်ရှိ

-

 ရန်လင်းအောင် (မော်လမြိုင်၊ မတ် ၁၁)

လာမည့်ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်တွင် အသက် ၁၈ နှစ်ပြည့်ပြီး ပထမဆုံးမဲပေးကြမည့်လူငယ် အရေအတွက်တစ်သိန်းခွဲကျော်ရှိကြောင်း မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောကြားသည်။

 “မွန်ပြည်နယ် ၂၀၂၀ မဲစာရင်းက ၁၇ သိန်းကျော်ရှိတယ်၊ ၂ သိန်းကျော်လောက်တိုးလာတယ်၊ ၂ သိန်းကျော်မှာလဲ လူငယ်မဲဆန္ဒရှင်တွေ ပိုများလာတယ်၊ ပြည်ထောင်စုကပြောထားတာ တစ်နိုင်ငံလုံးမှာ ၄ သန်းကျော်ရှိတယ် မွန်ပြည်နယ်မှာ ၁သိန်းခွဲကျော်ရှိတယ်” ဟု ဦးဟိဏ်းလင်းထက်က ဆိုသည်။

ရွေးကောက်ပွဲများ၌ မွန်ပြည်နယ်မဲပေးခွင့်ရှိသူ ၂၀၁၀ တွင် ၁၀ သိန်းကျော်၊ ၂၀၁၅ တွင် ၁၅ သိန်းကျော်ရှိခဲ့ပြီး ၂၀၂၀ တွင် ၁၇ သိန်းကျော်ရှိလာမည် ဖြစ်သည်။

ကောင်းမွန်သည့်ကိုယ်စားလှယ်ရရှိစေရန် မိမိကိုယ်ကိုယ်တိုင်ရွေးချယ်ရမည်ဖြစ်သည့်အတွက် မွန်ပြည်နယ်ရှိ လူငယ်များအနေဖြင့်  လာမည့်ရွေးကောက်ပွဲတွင် မပျက်မကွက်မဲပေးဖို့လိုအပ်သည်ဟု ပထမဦးဆုံး မဲပေးမည့်လူငယ် ကိုဗညားအောင်က ဆိုသည်။

“ဒီ၂၀၂၀ရောက်မှ မဲပေးဖို့ အသက်ပြည့်တဲ့အတွက် ကျွန်တော်အနေနဲ့ ပထမဦးဆုံး မဲပေးခြင်းပဲပေါ့၊ လူငယ်တစ်ယောက်အနေနဲ့တော့ မဲပေးဖြစ်မှာပါ၊ နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်လည်း ကျေပွန်အောင် ၊ ညံ့ဖျဉ်းအသုံးမကျတဲ့ ကိုယ်စားလှယ်တွေမဲအနိုင်မရစေရအောင် ကောင်းမွန်တဲ့ ကိုယ်စားလှယ်တွေ ရဖို့ ကိုယ်ကိုယ်တိုင် ရေးချယ်နိုင်မဲ့ အခွင့်အရေးတစ်ခုပါပဲ” ဟု ၎င်းက ဆိုသည်။

ထို့အပြင် မဲပေးမည့် လူငယ်တွေအနေဖြင့် မဲပေးရာတွင် သိရှိလိုက်နာရမည့် (Voter Education) အများကြီး လိုအပ်နေသေးသည်ဟု ၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် လူငယ်မဲဆန္ဒရှင် ၄ သန်းကျော်ပိုလာသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားသည်။

Photo- Voter Education (Internet)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts