Homeငြိမ်းချမ်းရေးရေးမြို့နယ်-ချောင်းတောင်ရွာတွင် ရွာသားတစ်ဦး သေနတ်ပစ်ခတ်ခံရ

ရေးမြို့နယ်-ချောင်းတောင်ရွာတွင် ရွာသားတစ်ဦး သေနတ်ပစ်ခတ်ခံရ

-

အဂ္ဂနွန်(ဇန်နဝါရီ ၁၀)

ရေးမြို့နယ် ချောင်းတောင်ကျေးရွာတွင် ဇန်နဝါရီ ၉ ရက်နေ့ ည ၇ နာရီခန့်က ရွာသားတစ်ဦး သေနတ်ပစ်ခတ်ခံရသဖြင့် ဆေးရုံတွင် တက်ရောက်ကုသခံနေရကြောင်း သတင်းရရှိသည်။

“ပစ်ခံရတဲ့ ဦးဇော်မင်းက ဆေးရုံးတင်ထားတယ်၊ ကျည်ဆန်ခွံတွေက အသစ်ဖြစ်နေတယ် လင်းနေရောပဲ၊ စစ်သားလား အပြင်လူလား ကျွန်တော်တို့ မပြောတတ်ဘူး”ဟု ချောင်းတောင်ကျေးရွာ ဒေသခံ ဦးဖေမြင့်က မွန်သတင်းအေဂျင်စီကို ပြောသည်။

ချောင်းတောင်ကျေးရွာ အကွက် (၆) တွင် နေထိုင်သည့် အသက် ၅၆ နှစ်အရွယ်ရှိ ဦးဇော်မင်းအား ပြောက်ကြားဝတ်စုံဝတ်လူငယ်နှစ်ဦးက မော်တော်ဆိုင်ကယ်တစ်စီးဖြင့် လာရောက်ပစ်ခတ်သဖြင့် ဗိုက်ဝဲဘက်ခြမ်း၌ ကျည်ဆန်ဖောက်ထွက်ဒဏ်ရာတစ်ချက်၊ ညာဘက်ဒူးခေါင်းပေါက်ပြဲ ရှပ်ထိဒဏ်ရာတစ်ချက်၊ ဘယ်ခြေချင်းဝတ် ဒဏ်ရာတစ်ချက်နှင့် စုစုပေါင်းဒဏ်ရာ ၃ ချက်(မစိုးရိမ်ရ) ရရှိပြီး ရေးမြို့နယ် ပြည်သူ့ဆေးရုံးတွင် ဆေးကုသခံနေရသည်။

“ချောင်းတောင်မှာ ဦးဇော်မင်းဆိုတဲ့လူက အိမ်မှာရှိနေတဲ့ အချိန်မှာ လူနှစ်ယောက်က ဆိုင်ကယ်တစ်စီးရောက်လာတယ်၊ ဦးဇော်မင်းဆိုတာ ခင်ဗျားလားဆိုပြီး ပစ်သွားတာပဲ၊ ပစ်တဲ့လူက အပြင်လူဖြစ်ဖို့များတယ် ကျည်ဆန်ခွံတွေက တပ်ဖွဲ့တွေမှာ သုံးတဲ့ ကျည်မျိုးမဟုတ်ဘူး။” ဟု ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး စခန်းမှူး ဝင်းမြင့်က မွန်သတင်းအေဂျင်စီကို ပြောသည်။

ယင်းကျည်ဆန်အခွံတို့သည် တပ်ဖွဲ့ဝင်များ အသုံးပြုသည့် ကျည်ဆန်မျိုးမဟုတ်ကြောင်း၊ ထို့ဖြစ်စဉ်နှင့် ပတ်သက်၍ လက်ရှိအချိန်တွင် စိစစ်နေသောကြောင့် အချက်အလက်အသေးစိတ်မပြောနိုင်သေးကြောင်း၊ ပြစ်မှုကျူးသူများကို ဖမ်းဆီးနိုင်ရေးအတွက် စမ်းစုံဆောင်ရွက်လျက်ရှိကြောင်း ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ရေးမြို့နယ်ဒေသတဝိုက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီ NMSP, ကရင်အမျိုးသားအစည်းအရုံး KNU, ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် DKBA အပြင် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF ၊ တပ်မတော်နှင့် အစိုးရထံလက်နက်ချထားသော လက်နက်ကိုင်အဖွဲ့အချို့ အခြေပြုလှုပ်ရှားလျက်ရှိသည်။

Photo- သေနတ်အပစ်ခံရသူ ဦးဇော်မင်း ဆေးရုံ၌ တက်ရောက်ကုသခံနေစဉ်(Aung Naing Win)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts