spot_img
Tuesday, July 15, 2025
More
    spot_img
    Homeသတင်း၀န်ကြီးလိမ်လည်ဖြေကြားနေဟု လွှတ်တော်ကိုယ်စားလှယ်တစ်ဦး စွပ်စွဲ

    ၀န်ကြီးလိမ်လည်ဖြေကြားနေဟု လွှတ်တော်ကိုယ်စားလှယ်တစ်ဦး စွပ်စွဲ

    -

    ရွှေရိုး(မော်လမြိုင်၊ မေ ၆)

    ယနေ့ဆက်လက်ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ မြေလွတ်မြေရိုင်းများလျှောက်ထားခွင့်နှင့်ပတ်သက်၍ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး လိမ်လည်ဖြေကြားနေသည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က လွှတ်တော်ဥက္ကဋ္ဌထံ စွပ်စွဲတင်ပြခဲ့သည်။

    “ပထမသူဖြေတာနဲ့ ဒုတိယသူဖြေတာ မတူဘူး။ ဒီအထဲကိုမှ မတူတာ၊ ကယောင်ခြောက်ခြား လိုက်ဖြေနေတာ၊ ပထမသူဖြေတာ ဘယ်သူမဆို တောင်သူတွေ လျှောက်လို့ရတယ်လို့ဖြေတယ်။ ဒါကစာမှာ ဖြေထားတယ်။ ထပ်ဆင့်မေးလိုက်တော့ ဒီဥစ္စာက အများအတွက်ပဲ သူတို့လုပ်ပေးတဲ့ပုံစံမျိုး လှည့်ဖြေသွားတယ်။ ဦးထိန်လင်းကို Point ပြလိုက်တော့ တစ်ဦးတစ်ယောက်ချင်းမရသလိုလို စာမှာတော့ ရတယ်။ ဆိုတော့ ဦးထိန်လင်းကိစ္စပေါ်လာတော့ ဒါကို သူလိမ်လည်လှည့်ပြောတယ်”ဟု ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က ဆိုသည်။

    တောင်သူများ၊ ပြည်သူများ မြေလွတ်မြေရိုင်း လုပ်ကိုင်ခွင့်လျှောက်လာသည့်အခါ ရွှေငွေထွန်းကုမ္ပဏီ MD ဦးထိန်လင်းလျှောက်တင်သကဲ့သို့ ခရိုင်၊ မြို့နယ်များတွင် အမှုတွဲတည်ဆောက်ပြီး ညွှန်ကြားပေးရန်အစီအစဉ်ရှိမရှိ ထပ်ဆင့်မေးခွန်းမေးမြန်းရာတွင် ဝန်ကြီးဖြေကြားခဲ့အပြီး ယင်းကဲ့သို့ ဦးထွန်းမင်းအောင်ပြောကြားခြင်း ဖြစ်သည်။

    ဦးထွန်းမင်းအောင်က “အဲဒီဟာကို လိုက်တော့ ပြည်နယ်ထွေအုပ်က ခရိုင်ကို ညွှန်ကြားတယ်။ ခရိုင်က မြို့နယ်ထွေအုပ်ကို ညွှန်ကြားတယ်။ မြို့နယ်ထွေအုပ်ကနေ မြို့နုယ်မြေစာရင်းကို အမှုတွဲတည်ဆောက်ခိုင်းတယ်။ ဒီမိုကရေစီအရ နိုင်ငံသားတိုင်းသားမှာ လျှောက်လို့ရမယ်။ လျှောက်ရင် ဦးထိန်လင်းလိုပဲ သူတို့လုပ်ပေးရမှာပေါ့။ ဘာဖြစ်လဲဆိုတော့ သူတို့တတွေ ညွှန်ကြားပေးနေတယ်။ အဲဒီလို ညွှန်ကြားပေးမလားမေးတော့ မဖြေပေးနိုင်ဘူး”ဟု ဆက်ပြောသည်။

    လက်ရှိစုဆောင်းရရှိထားသော စာရွက်စာတမ်းအချက်အလက်များအရ MD ဦးထိန်လင်း ဆိုသူ၏ ရွှေငွေထွန်းကုမ္ပဏီ အများပိုင်မဟုတ်ကြောင်း၊ စာကျက်မြေထုတ်နှုတ်ခွင့် အမှုတွဲတည်ဆောက်သည့်အထဲတွင် အဓိကရေးသားဖော်ပြထားသည့် ဒေသခံတောင်သူတို့၏ သဘောထား မဟုတ်မှန်ကြောင်း၊ ယင်းမြေနေရာတွင် ဒေသခံတောင်သူများ နှစ်ပေါင်း (၅၀) ကျော် သသက်မွေးဝမ်ကြောင်းလုပ်ကိုင်နေသည့်အတွက် မြေနေရာပြန်သိမ်းသလိုဖြစ်ပေါ်နေကာ ဒေသခံပြည်သူတို့၏ သဘောထားကောက်ခံခဲ့ခြင်းမရှိသည့်အပြင် တိုင်ကြားထားခြင်းလည်းရှိနေကြောင်း ဦးထွန်းမင်းအောင်က ဆိုသည်။

    မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက “သူပြောချင်တာကို သူပြောသွားတာ၊ လိမ်တယ်ဆိုတာကို မပြောသင့်ဘူး။ အထောက်အထားကို လာကြည့်ပါ။ ပြည်နယ်အစိုးရက ပွင့်ပွင့်လင်းလင်းပဲ”ဟု ဆိုသည်။

    စားကျက်မြေလျှောက်ထားပါက ပြည်နယ်အစိုးရအဖွဲ့ကိုလိပ်မူပြီး တင်ပြလျှောက်ထားစေလိုကြောင်း၊ သို့မှသာ ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် သင့်တော်သည်၊ မသင့်တော်သည်အနေအထားကို ပြန်လည်သုံးသပ်နိုင်ရန်အတွက် အဆင့်ဆင့်ပြန်ပြီး ဆောင်ရွက်သွားနိုင်ရန် သုံးသပ်ဆုံးဖြတ်ပေးရမည်ဖြစ်သည့်အတွက် ပြည်နယ်အစိုးရအဖွဲ့ကိုသာလိမ်မူပြီး တင်ပြလျှောက်ထားစေလိုကြောင်း၊ တစ်ဦးချင်းတစ်ယောက်ချင်း တင်ပြလျှောက်ထားလိုပါက နိုင်ငံသားတစ်ယောက်၏အခွင့်အရေးဖြစ်သည့်အတွက်ကြောင့် တင်ပြလျှောက်ထားခွင့်ရှိပြီး ပြည်နယ်အစိုးရအဖွဲ့မှ သုံးသပ်ဆုံးဖြတ်ပေးရမည်ဖြစ်ကြောင်း ဝန်ကြီးဦးထွန်းဌေးက ပြောသည်။

    သို့ရာတွင် အထက်ပါ သက်ဆိုင်ရာပြည်နယ်လွှတ်တော်ကိုယ်စားလှယ်မေးမြန်းချက်ကို ဝန်ကြီးအနေဖြင့် (၁၀) ရက်အတွင်း ပြန်လည်ဖြေကြားပေးရန် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိ တိုက်တွန်းပြောကြားခဲ့သည်။

    ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃) ကြိမ် ပုံမှန်အစည်းအဝေးကို မေလ ၂ ရက်နေ့တွင် စတင်ကျင်းပခဲ့ရာ ယနေ့သည် တတိယမြောက်နေ့ ဖြစ်သည်။


    Photo- မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဋ္ဌေး(MNA)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,800SubscribersSubscribe
    spot_img

    Latest posts