Homeသတင်းNMSP နိုင်အောင်မငေး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်လာ

NMSP နိုင်အောင်မငေး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်လာ

-

မွန်သတင်းအေဂျင်စီ(မေ ၆)

ကျင်းပဆဲ မွန်ပြည်သစ်ပါတီ NMSP ဗဟိုကော်မတီအစည်းအဝေးတွင် ဗဟိုကော်မတီဝင် နိုင်အောင်မငေးအား ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်သို့ တိုးမြှင့်ခန့်အပ်လိုက်ကြောင်း သတင်းရရှိသည်။

မွန်ပြည်သစ်ပါတီ ဗဟိုနိုင်ငံရေးရာဌာနကြီးတာဝန်ခံ နိုင်စိုက်ထော(ဗိုလ်မှူးချုပ်ပလုံ) အသက်အရွယ်ကြီးရင့်သဖြင့် ကျန်းမာရေးအရ ဆေးခွင့်အငြိမ်းစားပေးလိုက်ပြီး နိုင်အောင်မငေးအား အစားထိုးခန့်အပ်ခြင်း ဖြစ်သည်။

နိုင်အောင်မငေးသည် လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် မွန်ပြည်သစ်ပါတီ ဒုဥက္ကဌနိုင်ဟံသာ၏ လမ်းညွှန်မှုအောက်၌ အဓိကလှုပ်ရှားနေသူတစ်ဦးဖြစ်ပြီး ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစုနှင့်ပတ်သက်၍ မွန်ပြည်သစ်ပါတီကိုယ်စားလှယ်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိသည်။

၁၉၈၈ ခုနှစ်မတ်လတွင် မွန်ပြည်သစ်ပါတီသို့ ဝင်ရောက်လာ၍ စစ်သင်တန်းကျောင်းဆရာ၊ ၁၉၉၅ ခုနှစ်တွင် ဗိုလ်ကြီးအဆင့်၊ ဗဟိုစစ်သင်တန်းကျောင်း၊ ခရိုင်ကော်မတီဝင်၊ ဗဟိုကော်မတီဝင်၊ ခရိုင်ဥက္ကဌ၊ မဟာမိတ်ဆက်ဆံရေးဌာနတာဝန်ခံ စသည်ဖြင့် တာဝန်အဆင့်ဆင့် ထန်းဆောင်ခဲ့သူဖြစ်သည်။

နိုင်အောင်မငေးသည် ဒဿနိကဗေဒဘာသာရပ်ဖြင့် မော်လမြိုင်တက္ကသိုလ်မှ BA ဘွဲ့နှင့် အစိုးရပထမပြန်စာမေးပွဲ၌ မွန်ဘာသာဖြင့် အလတ်တန်းအောင်မြင်ခဲ့သူတစ်ဦး ဖြစ်သည်။

မွန်ပြည်သစ်ပါတီတွင် စုစုပေါင်းဗဟိုကော်မတီဝင် ၃၅ ဦးရှိပြီး ဥက္ကဌ နိုင်ထောမွန်အပါဝင် ဗဟိုအလုပ်အမှုဆောင် ၉ ဦးက အဓိကဦးဆောင်လျှက်ရှိသည်။

ယခုနှစ် ပထမ ၆ လပတ်ပုံမှန်အစည်းအဝေးကို ရေးချောင်းဖျားဒေသရှိ မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်၌ ဧပြီလ ၂၈ ရက်နေ့မှ စတင်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။


Photo-နိုင်အောင်မငေး (Internet)



ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts