Homeသတင်းမွန်အရပ်ဖက်လူမှုအဖွဲ့အစည်း ညီလာခံကျင်းပ

မွန်အရပ်ဖက်လူမှုအဖွဲ့အစည်း ညီလာခံကျင်းပ

-

ရူပါဗလွဲ (မော်လမြိုင်၊ ဧပြီ ၂၇)

မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းညီလာခံကို မော်လမြိုင်မြို့၊ ရာမညဟိုတယ်၌ ဧပြီ ၂၆ ရက်နေ့မှစတင်၍ ၃ ရက်ကြာ ကျင်းပလျှက်ရှိကြောင်း တွေ့ရှိရသည်။

မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များ ဖလှယ်ယူနိုင်ရန်၊ အရပ်ဖက်လူမှုအဖွဲ့ကွန်ရက်ဖွဲ့စည်းနိုင်ရန်၊ အရပ်ဖက်အဖွဲ့အစည်းများ နည်းစနစ်တကျဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ကျင်းပခြင်း ဖြစ်ကြောင်း ညီလာခံကျင်းပရေးကော်မတီ ဥက္ကဌ မင်းအောင်ထူးက ဆိုသည်။

“အတူတူတွဲလုပ်ခြင်းသည် အင်အားပိုကောင်းလာမယ်၊ ရည်ရွယ်ချက်တစ်ခု မြန်မြန်လုပ်နိုင်တယ် အဲ့လိုစုစည်းထားခြင်းက အပြန်အလှန်နားလည်မှုရှိလာတယ်၊ နားလည်မှုရှိရင် ပဋိပက္ခတွေ အချင်းချင်းကြားတွေမှာ အလိုလိုဖြေလျှော့ပြီးသား ဖြစ်မယ်” ဟု မင်းအောင်ထူးက ပြောသည်။

မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ ရှေ့လုပ်ငန်းစဉ်များအပြင် မွန်စာပေ၊ ယဉ်ကျေးမှု၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ မူးယစ်ဆေးဝါး၊ မီဒီယာ စသည့် ခေါင်းစဉ် ၁၅ ခုဖြင့် သက်ဆိုင်ရာကိုယ်စားလှယ်များမှ ဆွေးနွေးကြမည်ဖြစ်သည်။

ညီလာခံကျင်းပရေးကော်မတီ အတွင်းရေးမှူး မိငွေလေးက “ကျွန်မတို့ ဒီလိုပွဲတွေများများလုပ်ပေးနိုင်လေ ခင်မင်ရင်းနှီးမှုတွေပိုပြီးရှိလာမယ်၊ တစ်ယောက်ချင်းစီတိုင်းရဲ့ အလုပ်တွေကို သိလာမယ်။ လုပ်ငန်းလုပ်ဆောင်တဲ့နေရာမှာ ဘယ်လိုကူညီနိုင်မလဲဆိုတာ နားလည်မှုတွေရှိလာမယ်” ဟု ပြောသည်။

အဆိုပါ ညီလာခံတွင် မွန်ပြည်နယ်အပြင် ကရင်ပြည်နယ်၊ တနသာၤရီ၊ ပဲခူး၊ ရန်ကုန်တိုင်း၊တို့မှ မွန်အရပ်ဖက်လှုမှုအဖွဲ့အစည်း ၆၀ ကျော်၊ ကိုယ်စားလှယ် ၁၇၀ ဦးကျော် တက်ရောက်လျက်ရှိကြောင်း တွေ့ရှိရသည်။

အလားတူ မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းညီလာခံကို ၂၀၁၅ ခုနှစ်တွင် ရေးမြို့နယ် ပုပ္ဖဝတီကျေးရွာရှိ ကိုရင်လေးဘုန်းတော်ကြီးကျောင်း၊ ၂၀၁၃ ခုနှစ်တွင် ကမာဝက်မြို့၊ ဓါတ်တော်ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။



Photo- မွန်အရပ်ဖက်လူမှုအဖွဲ့အစည်း ညီလာခံဖွင့်ပွဲအခမ်းအနား
(Min Aung Htoo)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts