spot_img
Saturday, May 18, 2024
More
    spot_img
    Homeသတင်းဇူလိုင်လအတွင်း လက်နက်ကိုင်ပဋိပက္ခအနည်းငယ်မြင့်တက်လာဟု MIPS ဖော်ပြ

    ဇူလိုင်လအတွင်း လက်နက်ကိုင်ပဋိပက္ခအနည်းငယ်မြင့်တက်လာဟု MIPS ဖော်ပြ

    -

    လွန်ခဲ့သည့် ဇူလိုင်လအတွင်း မြန်မာနိုင်ငံ တစ်ဝှန်းလုံး၌ လက်နက်ကိုင်ထိတွေ့မှု ၂၇ ကြိမ်၊ လက်လုပ်မိုင်း တိုက်ခိုက်မှုများ ၂ ကြိမ် စုစုပေါင်း လက်နက်ကိုင်ပဋိပက္ခ ၂၉ ကြိမ်ဖြစ်ပွားခဲ့သဖြင့် ပြီးခဲ့သည့် ဇွန်လထက် ဖြစ်ပွားမှုနှုန်း အနည်းငယ် မြင့်တက်လာခဲ့ကြောင်း Myanmar Institute for Peace and Security –MIPS ၏ Facebook သတင်းစာမျက်နှာတွင် ဖော်ပြသည်။

    MIPS ၏ မြို့နယ်အဆင့် ပဋိပက္ခ စောင့်ကြည့်ရေး အချက်အလက် ဒေတာဘေ့စ် Township-based Conflict Monitoring System Database မှတ်တမ်းအချက်အလက်များအရ ပြီးခဲ့သည့် ဇွန်လတွင် လက်နက်ကိုင် ပဋိပက္ခ Armed Incidents ၁၇ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

    ၂၀၁၈ ဇန်နဝါရီလမှ ဇူလိုင်လအထိ မြန်မာနိုင်ငံတစ်ဝှန်း လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှု(MIPS)

    ဇူလိုင်လတွင် ကချင်ပြည်နယ်ရှိ ဖားကန့်မြို့နယ်၊ ရှမ်းပြည်နယ်ရှိ မိုင်းကိုင်မြို့နယ်တို့တွင် လက်နက်ကိုင်ပဋိပက္ခ အနည်းဆုံး ၅ ကြိမ်ခန့် ဖြစ်ပွားသဖြင့် အမြင့်မားဆုံးဖြစ်ကြောင်း၊ ရှမ်းပြည်နယ်ရှိ နမ္မတူမြို့နယ်တွင်လည်း လက်နက်ကိုင်ပဋိပက္ခ အနည်းဆုံး ၄ ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း MIPS က ဖော်ပြသည်။

    အလားတူ Burma Monitor က ဖော်ပြသော ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲရက်စွဲစဉ်မှတ်တမ်းများတွင် ဖားကန့်မြို့နယ်အတွင်း ဇူလိုင် ၁၄ ရက်နေ့တည်းက စတင်ခဲ့သည့် တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ အကြားတစ်ပတ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားမှုပြင်းထန်ခဲ့ကြောင်း၊ နှစ်ဘက်ထိခိုက်သေဆုံးမှုအရေအတွက် အတိအကျ မသိရကြောင်း KIA ၏ ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူမှ ပြောကြားသည်။

    ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် နမ့်အွတ်-နားလေ ကျေးရွာကြား၌ ဇူလိုင်လ ၁၀ ရက်နေ့က သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် မတပ်မတော် တိုက်ပွဲများကြောင့် ဟမ်းငိုင်းကျေးရွာ လွယ်စက်တော် ကျောင်းတိုက်တွင် အိမ်ခြေ ၁၀၂ အိမ် လူဦးရေ ၃၅၇ ယောက်၊ ကုန်းစုံကျောင်းတိုက်တွင် အိမ်ခြေ ၃၀ လူဦးရေ ၉၄ ယောက် ၊ တုံလော ၊ နမ့်လန် နှင့် တခြား ကျေးသီး၊ မိုင်းရယ်၊ မိုင်းကိုင် ဘက်သို့ စစ်ဘေးရှောင်နေရကြောင်း မိုင်းကိုင်မြို့ ပြည်နယ်လွှတ်တော်အမတ် စိုင်းလုံ၏ ပြောကြားချက်ကို Burma Monitor က ဖော်ပြသည်။

    ဇူလိုင်လ ၁၆-၁၇ ရက်နေ့များတွင် ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း၌ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) နှင့် တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ပူးပေါင်းအဖွဲ့များ တိုက်ပွဲကြောင့် ကျေးရွာ ၁ဝ ရွာခန့်မှ လူဦးရေ ရ၀၀ ထက် မနည်း ထွက်ပြေးခဲ့ရသည်ဟု ရေးသားသည်။

    ဇွန်လအတွင်း မြို့နယ်ပေါင်း ၁၁ မြို့နယ်၌ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ဇူလိုင်လတွင် မြို့နယ်ပေါင်း ၁၄ မြို့နယ်၌ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားခဲ့သဖြင့် ပဋိပက္ခသင့်နယ်မြေ အတန်ငယ်ကျယ်ပြန့်လာကြောင်း MIPS က သုံးသပ်ထားသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,700SubscribersSubscribe
    spot_img

    Latest posts