Homeသတင်းNCA သည် NMSP ပန်းတိုင်မဟုတ်ကြောင်း မွန်အမျိုးသားနေ့တွင်ထုတ်ပြန်

NCA သည် NMSP ပန်းတိုင်မဟုတ်ကြောင်း မွန်အမျိုးသားနေ့တွင်ထုတ်ပြန်

-

တစ်နိုင်ငံလုံးအပစ်ခတ်တိုက်ခတ်မှုသဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးခြင်းသည် လက်နက်ချခြင်းမဟုတ်သလို ရည်မှန်းချက်ပန်းတိုင်လည်းမဟုတ်ကြောင်း ဖေဖော်ဝါရီလ ၁ ရက်နေ့က ကျင်းပသည့် ၇၁ ကြိမ်မြောက် မွန်အမျိုးသားနေ့တွင် မွန်ပြည်သစ်ပါတီ NMSP က ထုတ်ပြန်လိုက်သည်။

နိုင်ငံရေးဆွေးနွေးပွဲတွင် တက်လှမ်းရန်နှင့် ၂၀ဝ၈ အခြေခံဥပဒေပြင်ဆင်နိုင်ရန် အခွင့်အလမ်းတစ်ခုမျှသာဖြစ်ကြောင်း ဒီမိုကရေစီအရေး၊ အမျိုးသားတန်တူးရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးသည်သာ ၎င်းတို့ ရည်မှန်းချက်ပန်းတိုင်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သဘာပတိ NMSP ဥက္ကဌနှင့် အဖွဲ့ဝင်များ(MNA)

မွန်ပြည်သစ်ပါတီအနေဖြင့် ၎င်းတိို့၏ ရည်မှန်းချက်အတိုင်း ဘဝတူလက်နက်ကိုင်တော်လှန် ရေးအဖွဲ့အစည်းများ၊ ဒီမိုကရေစီအင်အားစုများ၊ နိုင်ငံရေးပါတီများတို့နှင့် အတူတကွလက်တွဲ၍ နိုင်ငံရေးဆွေးနွေးပွဲတွင် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဆိုသည်။

မကြာမီအချိန်တွင် တစ်နိုင်ငံလုံးအပစ်ခတ်တိုက်ခတ်မှုသဘောတူစာချုပ် (NCA) ကို အခြေခံသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးကို NLD အစိုးရမှ ကျင်းပသွားရန် ရှိနေ၍ မိမိတို့ အမျိုးသားလိုအပ်ချက်များ တင်ပြနိုင်ရေးအတွက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပသွားရန်လည်း ရည်ရွယ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၇၁ ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား MNLA စစ်ကြောင်း(MNA)

ထို့ပြင် အစိုးရနှင့် တပ်မတော်တို့အနေဖြင့် နိုင်ငံငြိမ်းချမ်းစေရေးအတွက် စစ်ရေးနည်းနှင့် အင်အားသုံးဖြေရှင်းခြင်း မပြုဘဲ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအားလုံးနှင့် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးရသည်အထိ စိတ်ရှည်လက်ရှည်ထားပြီး ဆက်လက်တွေ့ဆုံဆွေးနွေးညှိနှိုင်းသွားရန်ကို မွန်ပြည်ပါတိီက တိုက်တွန်းထားကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် NCA လက်မှတ်ရေးထိုးရန် ၂၀၁၇ ခုနှစ်အတွင်းက အရေးပေါ်အစည်းအးေwနှစ်ကြိမ်ခေါ်ယူခဲ့ကာ နိုင်ငံရေးဆွေးနွေးပွဲတက်လှမ်းနိ်ုင်ရေးအတွက် လာမည့် ဖေဖော်ဝါရီလလယ်ခန့်တွင် တစ်နိုင်ငံလုံးအပစ်ခတ်တိုက်ခတ်မှုသဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးနိုင်ရန် စီစဉ်လျက်ရှိသည်။

မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်က ဦးစီးကျင်းပသည့် ၇၁ ကြိမ်မြောက် မွန်အမျိုးသားအခမ်းအနားကို ရေးချောင်းဖျားဒေသရှိ ပနန်းပိန်ကျေးရွာ၌ စစ်ရေးပြအခမ်းအနားဖြင့် မွန်ပြက္ခဒိန် တပို့တွဲလပြည်ကျော် ၁ ရက်(ဖေဖော်ဝါရီ ၁ ရက်) နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။

အလားတူ မွန်အမျိုးသားနေ့အခမ်းအနားများကို ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာတွင် ဗဟိုအဆင့်ကျင်းပခဲ့ပြီး ရန်ကုန်၊ မော်လမြိုင်၊ ဘုရားသုံးဆူမြို့များအပြင် မွန်ကျေးရွာအသီးသီးတွင်လည်း ကျင်းပခဲ့ကြောင်း လူမှုကွန်ယက်အင်တာနက်သတင်းများအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts