Homeသတင်းထိုင်းနိုင်ငံအပမ်းဖြေကမ်းခြေ ၂၀ ကျော်တွင် ဆေးလိပ်သောက်မှုစတင်ပိတ်ပင်

ထိုင်းနိုင်ငံအပမ်းဖြေကမ်းခြေ ၂၀ ကျော်တွင် ဆေးလိပ်သောက်မှုစတင်ပိတ်ပင်

-

ထိုင်းနိုင်ငံရှိ အပန်းဖြေကမ်းခြေများတွင် ဇန်နဝါရီ ၃၁ ရက်နေ့မှစတင်၍ ဆေးလိပ်သောက်မှုကို စတင်ပိတ်ပင်မည်ဖြစ်သည့်အတွက် နိုင်ငံခြားသံရုံးအသီးသီးသို့ အကြောင်းကြားခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှထုတ်ပြန်သော သတင်းအရ သိရသည်။

ဆေးလိပ်သောက်မှုကို ပိတ်ပင်ခြင်းအပြင် ဆေးလိပ်အကြွင်းအကျန်အား သတ်မှတ်ထားသည့်နေရာများတွင် စနစ်တကျ စွန့်ပစ်ခြင်း မပြုပါက ထောင်ဒဏ် (၁) နှစ်အထိ(သို့မဟုတ်) ငွေဒဏ် ဘတ်တစ်သိန်း (သို့မဟုတ်) နှစ်ခုပေါင်း ကျခံရမည်ဖြစ်သည့်အတွက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ သိရှိလိုက်နာနိုင်ပါရန် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဆက်လက်အသိပေးအပ်ခြင်း ဖြစ်သည်။

Caption- ထိုင်းနိုင်ငံအပမ်းဖြေကမ်းခြေတစ်နေရာ၌ စီးကရက်အကြွင်းအကျန်တွေ့ရပုံ(The Guardian)

လတ်တလောတွင် ထိုင်းနိုင်ငံတော်ပိုင်းရှိ အပမ်းဖြေစခန်း ၂၁ ခုကို ပိတ်ပင်ထားခြင်းဖြစ်ပြီး အခြားကမ်းခြေများတွင်လည်း အလားတူပိတ်ပင်မှုကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ချွန်ပူရီ၊ ချန်ထပူရီ၊ ထရက်၊ ရယောင်း၊ ပက်ချ်ပူရီ၊ ပရာကျွတ်ခီရိခန်၊ ချန်ဖွန်၊ စူရတ်ဌာနီ၊ ထရမ်း၊ ကရာဗီ၊ ဖန်းငါး၊ ဖူးကက်၊ ပတ္တနီ၊ ဆွန်ခလာနှင့် နခွန်စီထမရတ် စသည့်ခရိုင်များရှိ ပင်လယ်အပမ်းဖြေစခန်းများပါဝင်ကြောင်း သိရသည်။

စီးကရက်အစီခံစသည့် ဆေးလိပ်အကြွင်းအကျန်အပိုင်းအစတို့သည် ကမ်းခြေသဲလွှာအောက်တွင် ကာလအချိန်ကြာမြင့်စွာရောက်ရှိသောအခါ ပင်လယ်ကမ်းခြေဂေဟစနစ်ကို အန္တရာယ်ပြုနိုင်ကြောင်း၊ ရေနှင့်ဓါတ်ပြုသောအခါ ခဲ၊ အာဆင်းနစ်နှင့် အစားအစာကွင်းဆက်မှတဆင့် အက်ဆစ်များဖြစ်ပေါ်ပြီး ပိုးသတ်ဆေးကဲ့သို့ အန္တရာယ်ရှိနိုင်ကြောင်း ထိုင်းသဘာဝန်းကျင်ပညာရှင်များသုံးသပ်ချက်ကို The Guardian သတင်းစာတွင် ရေးသားဖော်ပြခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts