Homeသတင်းအမေရိကန်စင်တာတွင် ငြိမ်းချမ်းရေးဆောင်းပါးအကြောင်း ဆွေးနွေးမည်

အမေရိကန်စင်တာတွင် ငြိမ်းချမ်းရေးဆောင်းပါးအကြောင်း ဆွေးနွေးမည်

-

‘မငြိမ်းသေးသောစစ်မီးအတွက် ခရီးသွားငြိမ်းချမ်းရေး သတင်းဆောင်ပါးများ’ ကိုရေးသားခဲ့သူများနှင့် ပရိသတ်များ

ဆွေးနွေးပွဲကို ရန်ကုန်ရှိ အမေရိကန်စင်တာ၌ လာမည့်ဒီဇင်ဘာ ၅ ရက်နေ့ ညနေပိုင်းတွင် ကျင်းပသွားမည်ဟု ပွဲစီစဉ်သူ သတင်းထောက် ကိုဝင်းဇော်နိုင်က ဒီဇင်ဘာ ၃ ရက်တွင် မွန်သတင်းအေဂျင်စီသို့ ပြောသည်။

“ကျွန်တော်တို့ အရင်တုန်းက Internews က လုပ်တဲ့ သင်တန်းနှစ်ခု ရှိတယ်။ ငြိမ်းချမ်းရေးခရီးသွားသတင်းခန်း သင်တန်းနဲ့ News lab သင်တန်းပေါ့။ အဲဒီသင်တန်းကနေထွက်တဲ့ ဆောင်းပါးတွေကို စုပြီး ကျွန်တော် စာအုပ်လုပ်လိုက်တယ်။ အဲဒီစာအုပ်တွေကို ကျွန်တော်က ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အရပ်ဖက်အဖွဲ့တွေကို အခမဲ့ ဖြန့်ဝေလိုက်တယ်။ အဲဒီ စာအုပ်ကလည်း နည်းနည်းပေါက်တယ် ပြောရမယ်။ USAID ကလည်း သဘောကျတယ်။ အဲဒါကြောင့် သူတို့ကလည်း ပြန်ပြီးဆွေးနွေးဖို့အတွက် ကမ်းလှမ်းတယ်။ အဲဒါကို အမေရိကန်စင်တာက သူတို့ဆီမှာလုပ်ပါဆိုပြီး ကမ်းလှမ်းတဲ့အတွက် ဒီပွဲကို စီစဉ်လိုက်တာပါ”ဟု ကိုဝင်းဇော်နိုင်က ပြောသည်။

ဖိတ်ကြားလွှာ(Copy)
မငြိမ်းသေးသောစစ်မီးအတွက် ခရီးသွားငြိမ်းချမ်းရေး သတင်းဆောင်းပါးများ စာအုပ်တွင် ပဋိပက္ခဇုန်များတွင် နေထိုင်ကြရသည့် ဘဝများ၊ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်များ၊ ဖက်ဒရယ်မူဝါဒ အကြောင်းများ အပါအဝင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ် အကြောင်း သတင်းဆောင်းပါး ၂၃ ပုဒ်ပါဝင်ပါပြီး အဆိုပါစာအုပ် ဖြစ်မြောက်ရေးအတွက် USAID, Fhi360, Internews, Norward တို့က ပံ့ပိုးပေးခဲ့သည်ဟု သိရသည်။

ယခု အမေရိကန်စင်တာ၌ ပြုလုပ်မည့် ‘မငြိမ်းသေးသောစစ်မီးအတွက် ခရီးသွားငြိမ်းချမ်းရေး သတင်းဆောင်ပါးများ’ ကို ရေးသားသူများနှင့် ပရိသတ်များ ဆွေးနွေးပွဲကို ဒီဇင်ဘာ ၅ ရက် (အင်္ဂါနေ့ ) ညနေ ၄းဝ၀ မှ ၆းဝ၀ အထိ ကျင်းပသွားမည်ဖြစ်ရာ သတင်းထောက် ကိုဝင်းဇော်နိုင်၊ ကရင်သတင်းဌာန အယ်ဒီတာ ဦးစောသိန်းမြင့်နှင့် ကန္တာရဝတီတိုင်းမ်စ်ဂျာနယ်မှ သတင်းထောက် ထျိုးမြာတို့က Panelists အဖြစ် ဦးဆောင်ဆွေးနွေး၍ Moderator အဖြစ် Internews မှ မီဒီယာသင်တန်းဆရာ ကိုမျိုးသာထက်က ဆောင်ရွက်မည်ဟု ဖိတ်ကြားလွှာတွင် ဖော်ပြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts