spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းဂဝံမြေများ တရားမဝင်ရောင်းချခြင်းအား အရေးယူတားမြစ်ရန်အဆို မွန်လွှတ်တော်တွင် အတည်ပြု

    ဂဝံမြေများ တရားမဝင်ရောင်းချခြင်းအား အရေးယူတားမြစ်ရန်အဆို မွန်လွှတ်တော်တွင် အတည်ပြု

    -

    မွန်ပြည်နယ် ရေမြိ်ု့နယ်တွင် ဂဝံမြေနှင့် ကျောက်ရောမြေများ တရားမဝင်ရောင်းချနေခြင်းကို အရေးယူတားမြစ် ပေးရန် တိုက်တွန်းကြောင်း အဆိုကို ရေးမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးချစ်တင်က ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (ပထမနေ့) တွင် တင်သွင်းခဲ့ပြီး ဒုတိယနေ့၌ ကိုယ်စားလှယ် (၄) ဦးတို့က ဆက်လက်ဆွေးနွေးကာ ၄င်းအဆိုကို လွှတ်တော်မှ အတည်ပြုခဲ့ ကြောင်း သိရသည်။

    “အမှန်မှာ လိုင်စင်မရှိပဲ တူးနေရင် ချက်ချင်းအရေးယူလို့ရတယ်၊ ဒါကြောင့် အစိုးရဘက်က လိုင်စင်မရှိပဲ တူးပြီးရောင်းနေတဲ့သူတွေကို အရေးယူဖို့ရှိပါတယ်၊ အရေးယူဖို့ကိုလည်း မြို့နယ်ထွေအုပ်မှာတာဝန်ရှိတဲ့အတွက် မြို့နယ်ထွေအုပ်ကို ညွှန်ကြားထားပြီးသားပါ” ဟု မွန်ပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

    ရေးမြို့နယ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်(MNA)

    မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာအုပ်စုတွင် ဂဝံမြေတူဖော်ရေးလိုင်စင်မရှိဘဲ တူးဖော်နေသူများအား မေလ ၂၂ ရက်နေ့တွင် တားမြစ်ထားပြီးဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

    သို့ရာတွင် ရေးမြို့နယ် အစင်ကျေးရွာအုပ်စုတွင် တောင်ဖြို၍ ဂဝံမြေများတူးဖော်ရောင်းချနေမှုကို ရပ်ဆိုင်းရန် အစင်ကျေးရွာအုပ်ချုပ်ရေးမှုးတို့က သတိပေးအကြောင်းကြား စာပေးပို့ထားသော်လည်း လုပ်ငန်းကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း အဆိုရှင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးချစ်တင်မှ သိရသည်။

    အဆိုရှင် ဦးချစ်တင်က “အဲ့လိုတူးနေတာက ရေးမြို့နယ်မှာဆို ၃၊ ၄ နေရာလောက်ရှိနေတယ်၊ တစ်နေရာဆို ၅ ဧကလောက်ကျယ်တယ်၊ လူနေအိမ်တွေနဲ့ ကပ်ရပ်၊ လူတွေနေတဲ့အိမ်ရဲ့ကြားတွေမှာလည်းတူးနေကြတယ်၊ လူတွေအတွက် အရမ်းအန္တရာယ်များပါတယ်” ဟု ပြောသည်။

    အဆိုပါဂဝံတူးဖော်ရောင်းချနေသူများသည် မြေပိုင်ဆိုင်သူများဖြစ်ကြပြီး စိုက်ပျိုးခြင်းမရှိဘဲ အခြားနည်းအသုံး ပြုခွင့်ကို အစိုးရထံလျှောက်ထားခြားမရှိကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူတို့မှ သတိပေးထားသော်လည်း ဆက်လက်လုပ်ကိုင်နေကြောင်း၊ မြေတူးရောင်းဝယ်မှုသည် မွန်ပြည်နယ် ၁၀ မြို့နယ် ၇၅ တူးဖော်ရောင်းချနေကြောင်း၊ အစိုးရဘက်မှ အရေးယူပေးမည်ဆိုသော်လည်း စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဦးချစ်တင်က ဆက်ပြောသည်။

    လက်ရှိ ဂဝံမြေပေါက်ဈေးမှာ ထောလာဂျီတစ်စီးလျှင် ၃ သောင်းကျပ်မှ ၅ သောင်းကျပ်အထိရှိပြီး မြေကွက်ဖို့ရန်၊ လမ်းများပြုပြင်ရန် အသုံးပြုရန် အသင့်တော်ဆုံးမြေဖြစ်သည့်အတွက် စနစ်တကျထုတ်လုပ်ရန် အစိုးရဘက်မှ ကြီးကြပ်ပေးသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက အစိုးရအဖွဲ့အား အကြံပြုတိုက်တွန်းထားကြောင်း တွေ့ရှိရသည်။

    မွန်ပြည်နယ်သည် ဂဝံကျောက်များပြားသည့်ဒေသဖြစ်ပြီး ယခင်နှစ်ပေါင်းများစွာက ဂဝံယဉ်ကျေးမှုလက်ရာ ထွန်းကားရာ ဒေသ ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks