Homeသတင်းမနက်ဖြန်တွင် မြန်မာအစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ကိုယ်စားလှယ်တွေ့မည်

မနက်ဖြန်တွင် မြန်မာအစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ကိုယ်စားလှယ်တွေ့မည်

-

UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကော်စီ ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ DPN နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင် PC တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ မနက်ဖြန် ဇွန် ၁၀ ရက်တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

“မနက်ဖြန် တွေ့မယ်။ ကျွန်တော်တို့ သွားတွေ့ရမှာပေါ့။ ဒေါက်တာတင်မျိုးဝင်းတော့ အလုပ်များနေလို့ ဒီတစ်ခေါက်တော့ မပါဘူး” ဟု ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးအောင်စိုးက ပြောသည်။

PC နှင့် DPN ၃-၃-၂၀၁၇ ရန်ကုန်မြို့တွေ့ဆုံဆွေးနွေးပွဲ(Facebook)

ယခုဆွေးနွေးမည့် အလွတ်သဘောဆွေးနွေးမှုတွင် UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကော်စီ ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ DPN နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင် PC တို့အကြား မူအားဖြင့်သဘောတူညီခဲ့သော အချက် ၉ ချက်ကို ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အဓိကကတော့ တပ်နဲ့ပတ်သက်တဲ့ အချက်တွေပဲ ညှိနှိုင်းရတော့မယ့် သဘောပါပဲ။ ဆက်ညှိကြရမှာပေါ့” ဟု UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ၏ အတွင်းရေးမှူး(၁) ဦးထွန်းဇော်က ပြောသည်။

ထို့အတူ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ဒုတိယအကြိမ် ညီလာခံကို ဇွန် ၂၀ရက်နေ့မှ စတင်ကာ ၅ ရက်ကြာ ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီတွင် ANC ရခိုင်အမျိုးသားကောင်စီ၊ KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ NMSP မွန်ပြည်သစ်ပါတီ၊ SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ၊ LDU လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ကျန်ရှိနေပြီး KIO/KIA ကချင်လွတ်မြောက်ရေးအဖွဲ့နှင့် WNO “ဝ”အမျိုးသားအဖွဲ့အစည်းတို့ နှုတ်ထွက်စာ တင်ထားကြောင်း သိရသည်။

ဇွန် ၁၀ ရက်တွင် တွေ့ဆုံမှုသည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစု ပင်လုံ ဒုတိယအစည်းအဝေးအပြီးတွင် ပထမဆုံးသော တွေ့ဆုံမှု ဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးကျင်းပပြီးနောက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ရယ်ကောင်စီ(UNFC)နှင့် မူအားဖြင့် သဘောတူညီသည့်အချက် ၉ချက်နှင့် ပတ်သက်ပြီး နှစ်ဖက်လုံးအလျှော့အတင်းပြုလုပ်မှ ရမည်ဟု နိုင်ငံတော်၏အတင်ပင်ခံပုဂ္ဂိုလ်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မေလ ၂၇ ရက်က ပြုလုပ်သည့် ပင်လုံဒုတိယအစည်းအ ဝေးစတုတ္ထနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts