spot_img
Tuesday, February 17, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမော်လမြိုင်သံလွင်မြစ်ကမ်းတလျှောက်အမှိုက်များ စတင်ရှင်းလင်း

    မော်လမြိုင်သံလွင်မြစ်ကမ်းတလျှောက်အမှိုက်များ စတင်ရှင်းလင်း

    -

    မော်လမြိုင်မြို့ကမ်းနားလမ်းရှိ သံလွင်မြစ်ကမ်းတလျှောက်က အမှိုက်တွေကို မွန်ပြည်နယ်အစိုးရက ဦးဆောင်ပြီး မေလ ၂၆ ရက်နေ့တွင် စတင် ရှင်းလင်းနေပြီးဖြစ်ကြောင်း သိရသည်။

    အမှိုက်များကို ရှင်းလင်းပြီးပါက ပြစ်ထဲ ချောင်းထဲသို့ နောက်ထပ်အမှိုက်မပြစ်ကြရန် ပြည်သူလူထုထံ အသိပေးကြေညာသွားမည်ဖြစ်ပြီး အရေးယူမှုလည်း လုပ်ဆောင်သွားမည်ဟု မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောသည်။

    မော်လမြိုင်သံလွင်မြစ်ကမ်းတလျှောက်အမှိုက်များရှင်းလင်းစဉ်(MNA)

    “မြစ်ထဲကအမှိုက်တွေကို ဒီနေ့ကနေစပြီးတော့ အကုန်ရှင်းမယ်၊ နောက်ထပ် ထပ်မပစ်ဖို့ ပြည်သူလူထုကို ကြေညာပေးမယ်၊ အရေးယူပေးမယ်၊ နောက်ထပ် အမှိုက်မပစ်ရေးကို ကျနော်တို့ ကြပ်ကြပ်မတ်မတ်လုပ်မယ်” ဟု မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောသည်။

    ကမ်းနားလမ်းတလျှောက်သာယာလှပရေးနှင့် မြို့ပေါ်က အမှိုက်ပြဿနာကို ဖြေရှင်းရန်အတွက် လိုအပ်နေသည့် အမှိုက်သိမ်းကားအသစ်များနှင့် အမှိုက်ပုံးများ ထပ်မံဖြည့်ဆည်းထားပြီးဖြစ်ကြောင်း၊ ကမ်းနားလမ်းတလျှောက်တွင် အမှိုက်ပုံး အလုံး ၁၄၀ ကျော်ကိုလည်း ချထားပေးထားပြီးဖြစ်ကြောင်း ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

    “ဒီနေ့ကစပြီး မြစ်တွေ ချောင်းတွေက အမှိုက်တွေကိုရှင်းမယ်၊ မြစ်တွေ ချောင်းတွေဟာ အမှိုက်ပစ်တဲ့နေရာမဟုတ်ဘူးဆိုတာ မီဒီယာကနေတဆင့် လူထုကိုအသိပေးချင်ပါတယ်၊ နောက်ထပ်ပြစ်နေမယ်ဆိုရင် ဥပဒေအရ အရေးယူဆောင်တဲ့ အခြေအနေတွေက ရှိနေတယ်” ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

    သံလွင်မြစ်ထဲသို့ အမှိုက်ပစ်ချခြင်း၊ အညစ်အကြေးများ စွန့်ပစ်ခြင်းတို့ကို မပြုလုပ်ကြရန် မေလ ၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် မော်လမြိုင်မြို့သူ/သားတို့နှင့် တွေ့ဆုံပွဲ၌လည်း မွန်ပြည်နယ်ဝန်ကြီးချုပ်က မြို့နေလူထုတွေကို မေတ္တာရပ်ခံထားခဲ့ပြီးဖြစ်သည်။

    မော်လမြိုင်တစ်မြို့လုံးတွင် တနေ့လျှင် အမှိုက် တန်ချိန် ၁၅၀ ခန့်ထွက်ရှိနေပြီး အမှိုက် တန်ချိန် ၆၀ ခန့်ကိုသာ သိမ်းဆည်းနိုင်သေးကြောင်း အမှိုက်တန်ချိန် ၉၀ ခန့် သိမ်းဆည်းရန် ကျန်ရှိနေသေးကြောင်း မြို့နေလူထုတို့နှင့် တွေ့ဆုံခဲ့စဉ်က ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။

    မော်လမြိုင်မြို့၏ အမှိုက်ပြဿနာကို ယခုဘဏ္ဍာနှစ်အတွင်း အဓိကဦးစားပေး လုပ်ငန်းတစ်ခုအနေဖြင့် လုပ်ဆောင်သွားမည်ဖြစ်ရာ သံလွင်မြစ်ကမ်းရှိ အမှိုက်များကို ပထမဦးဆုံးအနေဖြင့် စတင်ရှင်းလင်းခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks