Homeသတင်း၂၀၁၆ ခုနှစ်အတွင်း မွန်တွင် ယာဉ်တိုက်မှု ၇၉၄ မှု အထိ ဖြစ်ပွားခဲ့

၂၀၁၆ ခုနှစ်အတွင်း မွန်တွင် ယာဉ်တိုက်မှု ၇၉၄ မှု အထိ ဖြစ်ပွားခဲ့

-

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာအထိ မွန်တွင် ယာဉ်တိုက်မှု ၇၉၄ မှုအထိ ဖြစ်ပွားခဲ့ပြီး ၄င်းအနက် ဆိုင်ကယ် တိုက်မှုပိုများလာကြောင်း အမှတ် (၁၂) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (မွန်) မှ သိရသည်။

၂၀၁၆ ခုနှစ်အတွင်း ကားတိုက်မှု ၃၅၈ မှု၊ ဆိုင်ကယ် ၄၁၆ မှု၊ ထော်လာဂျီ ၂၀ မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူ ၁၂၈၉ ဦး၊ သေဆုံးသူ ၃၁၇ ဦး ရှိခဲ့သည်။

ဘီးလင်းမြို့နယ်အတွင်းယာဉ်တိုက်မှု(ကြေးမုံ)
အမှတ် (၁၂) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (မွန်) ဒုရဲမှူး ဌေးရွှေ က “ ဒီ ၂၀၁၆ ခုနှစ်မှာ ယာဉ်တိုက်မှု ပိုများလာတယ်၊ ယာဉ်တိုက်မှု ပိုများလာတဲ့ အကြောင်းအရင်းကတော့ မွန်ပြည်နယ်မှာ ယာဉ်တွေများလာတယ်၊ လမ်းတွေလည်း အရင်ထက်စာရင် ကောင်းလာတဲ့အတွက် အရှိန်ပြင်းမောင်းနှင်တာတွေ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း နှင့်အညီ မောင်းနှင်ခြင်းမရှိတာတွေကြောင့် ဖြစ်တယ်” ဟုပြောသည်။

မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်း ယာဉ်တိုက်မှု ပထမအများဆုံးမှာ ကျိုက်ထို ၁၄၈ မှု၊ ဒုတိယ သထုံ ၁၂၇ မှုနှင့် တတိယ ပေါင်မြို့နယ် ၁၂၁ မှုရှိခဲ့ကြောင်း သိရသည်။

“ ကျနော်တို့ အခုလက်ရှိ ကမ်းနားလမ်း၊ အပေါ်ဈေး၊ အောက်ဈေး၊ သထုံတံတားလမ်းလိုနေရာမျိုးတွေမှာ လူတွေလမ်းသွားလမ်းလာနေပါတယ်၊ ယာဉ်တွေပိတ်နေတဲ့အတွက် ယာဉ်ကြားထဲကနေ လမ်းသွားလမ်းလာ လုပ်နေရပါတယ်၊ ယာဉ်ထိန်းနဲ့ စည်ပင် ပူးပေါင်းပြီးတော့ လူကူးလမ်းမျဉ်းကျားလေးတွေ လုပ်ပေးမယ်၊ ယာဉ်ကိုလည်း စနစ်တကျ တန်းစီလိုက်မယ်ဆိုရင် သွားလာရတာ လွယ်ကူသွားမယ်” ဟု မော်လမြိုင် ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်ယာဉ်တိုက်မှု ၆၃၉ မှုတွင် ဒဏ်ရာ ၁၀၈၇ ဦး-သေဆုံး၂၁၂ ဦး၊ ၂၀၁၄ ခုနှစ် ၆၈၆ မှုတွင် ဒဏ်ရာ ၁၂၃၆ ဦး သေဆုံး ၂၆၂ ဦး၊ ၂၀၁၅ ခုနှစ် ၆၄၅ မှုတွင် ဒဏ်ရာရ ၁၁၀၂ ဦး သေဆုံး ၂၆၆ ဦး ရှိခဲ့သည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts