Homeသတင်းကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ဇင်းကျိုက်အကျဉ်းဦးစီးစခန်းသို့လာရောက်

ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ဇင်းကျိုက်အကျဉ်းဦးစီးစခန်းသို့လာရောက်

-

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စစ် ရန်ဟီးလီနှင့် အဖွဲ့သည် ဇန်နဝါရီ ၁၁ ရက်နေ့က မွန်ပြည်နယ် ပေါင်မြို့နယ်၊ ဇင်းကျိုက် အကျဉ်းဦးစီးဌာန ကုန်ထုတ်စခန်းသို့ လာရောက်လေ့လာခဲ့သည်ဟု သိရသည်။

ဇင်းကျိုက် အကျဉ်းဦးစီဌာန ကုန်ထုတ်စခန်းတွင် လူ့အခွင့်အရေး ချိုးဖောက်မှုရှိမရှိ၊ အလုပ်စခန်း မည်သို့ပေါ်လာရကြောင်း၊ ကုန်ထုတ်စခန်းအရေအတွက်၊ ရဲဘက်ဦးရေ အရေအတွက်၊ အလုပ်စေခိုင်းမှုအခြေအနေ၊ ပြစ်ဒဏ်ခံစားရသည့်အခြေအနေ၊ ခွဲခြားခိုင်းစေခြင်း ရှိမရှိ၊ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ အစရှိသည့်အခြေအနေတို့ကို မစ္စစ် ရန်ဟီးလီနှင့်အဖွဲ့က မေးမြန်းခဲ့ကြောင်း သိရသည်။

ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စစ် ရန်ဟီးလီ(MNA)
“ကျောက်ထုတ်လုပ်စခန်းမှာ ရဲဘက်အကျဉ်းသားတွေကို ညှင်းပန်းနှိပ်စက်မှု ရှိမရှိ မေးမြန်းခဲ့တယ်၊ အကျဉ်းစခန်းက လက်ရှိဝန်ထမ်းဦးရေးနဲ့ ရဲဘက်များအပေါ် ဘယ်လိုစီမံဆောင်ရွက်ပေးလဲ။ ရဲဘက်တွေကို ကျန်းမာရေး စောင့်ရှောက်မှု ဘယ်လိုဆောင်ရွက်ပေးလဲဆိုတာ မေးမြန်းခဲ့တယ်“ ဟု အကျဉ်းစခန်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၄င်းပြင် ကျောက်ထုတ်လုပ်ငန်းဌာန ကုန်ထုတ်စခန်း ဝန်ထမ်းများက ရဲဘက်များအပေါ် ညှင်းပန်းနှိပ်စက်ခြင်း ရှိမရှိ၊ ရှိပါက မည်သို့ အရေးယူဆောင်ရွက်သည်ကိုလည်း မေးမြန်းခဲ့ရာ စခန်းတွင် ခွဲခြားခိုင်းစေခြင်းမရှိသလို နှိပ်စက်ညှင်းပန်းခြင်းများလည်း မရှိကြောင်း၊ ရှိပါကလည်း တိုင်ကြားနိုင်ပြီး ပြစ်မှုထင်ရှားပါက အရေးယူဆောင်ရွက်ခြင်းများရှိသည်ဟု ဆိုသည်။

မစ္စစ် ရန်ဟီးလီနှင့်အတူ နိုင်ငံခြားရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်လင်းမာလာကျော်၊ ကုလသမဂ္ဂ ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်း၊ UN Local Security Assistance မှ ဦးဟန်စိုးသောင်း၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးချုပ် နိုင်ငံတကာဌာန ဦးရဲမင်းမြတ်တို့ လိုက်ပါခဲ့သည်။

ကျောက်ထုတ်လုပ်စခန်းသို့ ရောက်ရှိနေသည့် ရဲဘက်များသည် အလုပ်နှင့် ထောင်ဒဏ်ကျခံနေရသည့် အကျဉ်းသားများဖြစ်သည်ဟု အကျဉ်းစခန်း တာဝန်ရှိသူတို့က မစ္စစ်ရန်ဟီးလီးအား ရှင်းလင်းတင်ပြခဲ့သည်ဟု သိရသည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ Mrs. Yanghee Lee သည် ဇင်းကျိုက် အကျဉ်းဦးစီးဌာနရှိ ကျောက်ထုတ်လုပ်စခန်းသို့ ပထမဆုံးအကြိမ် လာရောက်လေ့လာခြင်းဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts