spot_img
Wednesday, December 17, 2025
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမူးယစ်ဆေးဝါးရောင်းဝယ်မှု ၂၀ဝ ကျော်ဖမ်းဆီးအရေးယူခဲ့

    မူးယစ်ဆေးဝါးရောင်းဝယ်မှု ၂၀ဝ ကျော်ဖမ်းဆီးအရေးယူခဲ့

    -

    မွန်ပြည်နယ်၌ ၂၀၁၆ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ၂၁၉ မှု ဖမ်းဆီးအရေးယူခဲ့ရာ ၄င်းအထဲတွင် စိတ်ကြွရူးသွပ်ဆေးပြား အများဆုံးဖမ်းဆီးရမိကြောင်း ပြည်နယ်မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဒုရဲမှူး ရဲမင်းဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “ မူးယစ်ဆေးဝါးမှုမှာ စိတ်ကြွရူးသွပ်ဆေးပြား အများဆုံးဖမ်းမိတယ်၊ မွန်ပြည်နယ် တစ်ပြည်နယ်လုံးမှာ မော်လမြိုင်က အများဆုံး ဖမ်းဆီးရမိတယ်၊ လူဦးရေထူထပ်တယ်၊ တပ်ဖွဲ့မှူးက မော်လမြိုင်မှာဆိုတော့ အလွယ်တကူ ဖမ်းမိတယ်ပေါ့၊ ဝေးတဲ့နေရာတွေကျတော့ တပ်ဖွဲ့အင်အားလည်းနည်းတော့ ဖမ်းဆီးရတာ နည်းတယ်” ဟု ပြောသည်။

    မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဒုရဲမှူး ရဲမင်းဦး(MNA)
    ၂၀၁၆ ခုနှစ်အတွင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးအမှုပေါင်း ၂၁၉ မှု၊ တရားခံ ကျား ၃၀၅ ဦး၊ မ ၂၆ ဦး စုစုပေါင်း ၃၃၁ ဦး ဖမ်းဆီးရမိခဲ့ပြီး စိတ်ကြွရူးသွပ် ဆေးပြား ၂၀၉ မှု၊ ဆေးခြောက် ၃ မှု၊ အိုင်စ်မူးယစ်ဆေး ၂ မှု၊ ဘိန်းဇာမှုန့် ၅ မှု ဖမ်းဆီးရမိခဲ့ရာ မော်လမြိုင်မြို့တွင် မူးယစ်ဆေးဝါး ၄၇ မှု ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

    ပြည်နယ်မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးဖြတ်သူများကို အရေးယူခြင်းမရှိသည့်အပြင် ပြည်နယ်ရဲတပ်ဖွဲ့အစီအစဉ်ဖြင့် ဆေးဖြတ်ပေးလျှက်ရှိကြောင်း၊ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် မူးယစ်ဆေးဝါး လာဖြတ်သူဦးရေ ၂၀ဝ ဝန်းကျင်ရှိခဲ့ကြောင်း ၄င်းက ဆက်ပြောသည်။

    အလားတူ မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဝင်းလှ က “မွန်ပြည်သစ်ပါတီအနေနဲ့ မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေကို ပထမဦးဆုံးပညာပေးမယ်၊ ဆေးပြတ်အောင် ဖြတ်ပေးတယ်၊ ဒါတောင်မှ ဆက်ပြီးသုံးစွဲနေရင် အပြစ်ဒဏ်ချမှတ်မှာပေါ့၊ ရောင်းဝယ်တဲ့သူတွေကို အများဆုံး ထောင်ဒဏ် ၈ နှစ် ချမှတ်တာတွေရှိတယ်” ဟု ပြောသည်။

    မူးယစ်ဆေးဝါးဖမ်းဆီးအရေးယူမှုအပိုင်းတွင် မွန်ပြည်သစ်ပါတီမှ ကိုယ်တိုင်ဖမ်းဆီး၍သော်လည်းကောင်း၊ ရဲတပ်ဖွဲ့ကို သတင်းပေး၍သော်လည်းကောင်း ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း ၄င်းက ဆက်ပြောသည်။

    မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေများတွင် မူးယစ်ဆေးဝါးသုံးစွဲလျှင် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်၊ မူးယစ်ဆေးဝါးနှင့်အကျုံးဝင်သော အပင်တစ်မျိုးမျိုးစိုက်ပျိုးခြင်း၊ လက်ဝယ်ထားခြင်း၊ လွှဲပြောင်းပေးခြင်း၊ သယ်ယူပို့ဆောင်ခြင်း ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်အထိလည်းကောင်း၊ မူးယစ်ဆေးဝါးကိစ္စရပ်များတွင် အသက် ၁၆ နှစ်မပြည့်သေးသော ကလေးငယ်များကို အသုံးပြုခြင်း ထောင်ဒဏ် ၁၀ နှစ်မှ အကန့်အသတ်မရှိ၊ ထောင်ဒဏ် (သို့) သေဒဏ် အထိချမှတ်နိုင်ကြောင်း သိရသည်။

    မူးယစ်ဆေးဝါးပြဿနာအား အမျိုးသားစီမံချက်အဆင့်လုပ်ငန်းတရပ်အဖြစ်သတ်မှတ်ထားပြီး တားဆီးရေး၊ ပညာပေးရေးနှင့် မူးယစ်ဆေးဖြတ်သူများအား ပြန်လည်ထူထောင်ရေး စခန်းများ ဆောက်လုပ်၍ ကိုင်တွယ်ဖြေရှင်းသွားရန် ၂၀၁၄ ခုနှစ်ကတည်းက မွန်ပြည်သစ်ပါတီမှ ဦးစားပေး ဆောင်ရွက်လျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts