Homeသတင်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို မွန်နိုင်ငံရေးပါတီများ ဦးဆောင်ကျင်းပနိုင်ဟုဆို

လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို မွန်နိုင်ငံရေးပါတီများ ဦးဆောင်ကျင်းပနိုင်ဟုဆို

-

လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မွန်နိုင်ငံရေးပါတီတို့မှ ပူးပေါင်း၍ ဦးဆောင်ကျင်းပ ကျင်းပနိုင်ရန်ကိုလည်း စီစဉ်နေကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီUPDJC အဖွဲ့ဝင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP အထွေထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုးက နိုဝင်ဘာ ၃ ရက်နေ့တွင် မွန်သတင်းအေဂျင်စီသို့ပြော သည်။

ဒေါက်တာမင်းနွယ်စိုးက “အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကျွန်တော်တို့ မွန်သုံးပါတီက ဦးဆောင်ကျင်းပနိုင်တယ်။ မွန်ပြည်နယ် မှာတော့ လုပ်လို့မရသေးဘူး။ ကရင်ပြည်နယ်၊ တနင်္သာရီ၊ ပဲခူးနဲ့ ရန်ကုန်တိုင်းတွေမှာ လုပ်လို့ရတယ်။ ဒီ (၄) နေရာမှာ မွန်သုံးပါတီကနေပြီး ပူးပေါင်းလုပ်သွားမယ်” ဟု ပြော သည်။

UPDJC ဥက္ကဌက အဖွဲ့ဝင်မွန်နိုင်ငံရေးပါတီများအား နှုတ်ဆက်နေစဉ်(Facebook)
UPDJC ဥက္ကဌက အဖွဲ့ဝင်မွန်နိုင်ငံရေးပါတီများအား နှုတ်ဆက်နေစဉ်(Facebook)
ဆွေးနွေးပွဲနှင့်ပတ်သက်သော ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများကို မွန်အမျိုးသားပါတီ၊ အမျိုးသမီးပါတီ (မွန်) တို့ကို ညှိနှုိင်းဆောင်ရွက်သွားရန် AMDP ပါတီမှ စီစဉ်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လူမျိုးအလိုက် ဆွေးနွေးပွဲကျင်းပရာတွင် သက်ဆိုင်ရာလူမျိုးတို့၏ လက်နက်ကိုင်အဖွဲ့အစည်းများ NCA လက်မှတ်ထိုးထားပြီးမှသာလျှင် ဦးစားပေးကျင်ပရန် UPDJC မှ ချမှတ်ထားသည့်အပြင် အမျိုးသားအဆင့် ဆွေးနွေးပွဲများသည် ကြီးကြပ်ရေးကော်မတီအဖွဲ့၏ အသိမှတ်ပြု ကျင်းပမှသာလှျင် တရားဝင် ဆွေးနွေးပွဲအဖြစ် သတ်မှတ်ပြီး ဆုံးဖြတ်ချက်များကို ပြည်ထောင်စုအဆင့်သို့ ပေးပို့နိုင်သည်ဟု ဆိုသည်။

မွန်အမျိုးသားကိုယ်စားပြု နိုင်ငံရေးပါတီများအနေဖြင့် လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲကို ဦးဆောင်ကျင်းပပြီး အစိုးရမှ ဦးဆောင်ကျင်းပသော ဒေသအလိုက် ဆွေးနွေးပွဲတွင် မိမိတို့၏ သဘောတူညီချက်များကို တင်ပြသွား နိုင်ရန် လိုအပ်ကြောင်း မွန်အမျိုးသားပါတီမှ UPDJC အဖွဲ့ဝင်မင်းကျော်ဇေယျဦး(ခေါ်) မင်းဇေယျာဦးက ပြောသည်။

“သဘောထားတူတဲ့အချက်တွေ များများထုတ်ထားဖို့လိုတယ်။ ကျွန်တော်တို့မွန်မှာ လူမျိုးတစ်မျိုးထဲရှိတယ်။ သဘောတူညီချက် အများကြီးရတယ်ဆိုရင် ပြည်ထောင်စုအဆင့် ညီလာခံမှာ သဘောတူညီချက် အများကြီး ပို့ နိုင်မယ်။ တကယ်လို့ ဖက်ဒရယ်စနစ်သွားတယ်ဆိုရင် ဖွဲ့စည်းပုံမှာ အများကြီးအထောက်အကူပြုမယ်” ဟု မင်း ဇေယျာဦး ဆက်လက်ပြောကြားသည်။

သက်ဆိုင်ရာဒေသအလိုက် ဆွေးနွေးပွဲကို သက်ဆိုင်ရာ ပြည်နယ်အစိုးရက ဦးဆောင်ကျင်းပနိုင်ပြီး လူမျိုးအ လိုက် ဆွေးနွေးပွဲကို နိုင်ငံရေးပါတီနှင့် NCA လက်မှတ်ရေးထိုးထားသော လက်နက်ကိုင်အဖွဲ့အစည်းများက ဦး ဆောင်ကျင်းပနိုင်သလို အကြောင်းအရာအလိုက် ဆွေးနွေးပွဲကို လူမှုအဖွဲ့အစည်းများကလည်း ဦးဆောင်ကျင်း ပနိုင်သည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် သက်ဆိုင်ရာဒေသအလိုက်၊ လူမျိုးအလိုက်၊ အကြောင်းအရာအ လိုက် ပြည်နယ် (၇) ခုနှင့် တိုင်းဒေသကြီး (၇) ခု နေပြည်တော်ကောင်စီနယ်မြေတို့အပါဝင် (၁၅) နေရာ  ပြု လုပ်သွားရန် UPDJC က ချမှတ်ထားပြီး နေပြည်တော်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ တွင် ဦးစားပေးကျင်းပရန် လျာထားကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts