Homeသတင်းကျိုက်မရောမြို့နယ်ရှိ တရနာတိုက်နယ်ဆေးရုံ ခွင့်ပြုရန်ပုံငွေရရှိ

ကျိုက်မရောမြို့နယ်ရှိ တရနာတိုက်နယ်ဆေးရုံ ခွင့်ပြုရန်ပုံငွေရရှိ

-

ပြည်ထောင်စုအစိုးရရန်ပုံငွေ ၂၀၁၆/၂၀၁၇ ဘဏ္ဍနှစ်အတွင်း မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တရနာကျေး ရွာတိုက်နယ်ဆေးရုံတည်ဆောက်ရန်အတွက် ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း ၃၉၀ ခန့်ရရှိထားပြီးဖြစ်ကြောင်း မွန်ပြည်နယ်ကုသရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါတိုက်နယ်ဆေးရုံ တည်ဆောက်ရန် မွန်ပြည်နယ်အစိုးရမှ ဖွဲ့စည်းထားသည့် တင်ဒါရွေးချယ် စီစစ်ရေးကော်မတီမှ စက်တင်ဘာ ၂၉ မှ တင်ဒါလျှောက်လွှာကို စတင်ရောင်းချလျှက်ရှိရာ အောက်တိုဘာ ၂၈ ရက်တွင် တင်ဒါလျှောက်လွှာများ ပိတ်သိမ်းမည်ဟု ဆိုသည်။

တရနာကျေးရွာ(MNA)
တရနာကျေးရွာ(MNA)
မွန်ပြည်နယ်၊ ပြည်နယ်ဆေးရုံအုပ် ဒေါက်တာမောင်မောင်ဇင်က “အခုကပြည်ထောင်စုအစိုးရကခွင့်ပြုရန်ပုံငွေရ ရှိပြီးတော့ ဆောက်လုပ်ဘို့အတွက်က ပြည်နယ်အစိုးရက ကြီးကြပ်ပြီးတော့ တင်ဒါခေါ်တာပါ။ အခုလျှောက် လွှာကို တစ်လထိ လက်ခံသွားမယ်။ တလပြည့်တော့မှ လျှောက်လွှာတွေကို အစိုးရအဖွဲ့က ဘယ်ကုမ္မဏီကို တည်ဆောက်ခွင့် ပေးရမယ်ဆိုတာကို တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီက ရွေးချယ်လိမ့်မယ်” ဟု ဆိုသည်။

အဆိုပါ တရနာဆေးရုံကို ဘဏ္ဍာနှစ်တစ်နှစ်အတွင်း အပြီးတည်ဆောက်ပြီးစီးမည်မဟုတ်ပဲ နောက် နှစ်ဘတ်ဂျက်တွင်သာ အပြီးသတ်တည်ဆောက်ရန်ရှိသည်ဟု ဒေါတ်တာမောင်မောင်ဇင်က ဆက်ရှင်းပြသည်။

တရနာတိုက်နယ်ဆေးရုံကို ကျပ်သန်းပေါင်း ၆၃၀ ခန့် ကုန်ကျမည်ဖြစ်ပြီး ဆောက်လုပ်မည့်နေရာသည် တရ နားကျေးရွာ၏ တောင်ဘက်ရှိ ရွာပိုင်မြေနေရာတွင် တည်ဆောက်သွားမည်ဟု သိရသည်။

တရနာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မိကျလွန်းထောက “အခုဆေးရုံတည်ဆောက်မယ့် နေရာက ရွာနဲ့ အနည်း ငယ်ဝေးတဲ့အတွက် ရွာသားတွေက သိပ်ပြီးတော့ သဘောမကျဘူး။ ဒါပေမဲ့ မြေလွတ်က အဲ့သည်နေရာမှာပဲ ရှိ တယ်ဆိုတော့ ရှိတဲ့နေရာမှာပဲ ဆောက်ဖြစ်တော့မယ်။ နေရာထပ်ပြောင်းဘို့က မလွယ်တော့ဘူး” ဟု ဆိုသည်။

ပြည်ထောင်စုအစိုးရမှ ၂၀၁၆/၂၀၁၇ ဘဏ္ဍာနှစ်အတွက် မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံကြီး တွင် နှစ်ထပ်တိုးချဲ့ဆောင် (၁၅၀×၅၆) ပေ၊ ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံ နှစ်ထပ်တို့ချဲ့ဆောင် (၁၅၀×၅၆) ပေနှင့် ရေးမြို့နယ် ပြည်သူ့ဆေးရုံ ကုတင် (၁၀ဝ) ဆံ့ဆေးရုံအား အဆင့်မြှင့်တင်ခြင်းအတွက် ခွင့်ပြုထား ရှိသည်။

ဆက်စပ်သတင်း

1 COMMENT

Comments are closed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts