Homeသတင်းမွန်ပြည်သစ်နယ်မြေရှိ IDP များနေရပ်ပြန်ရန် အဆင်သင့်မဖြစ်သေးဟု လူ့အခွင့်ရေးလှုပ်ရှားသူများဆို

မွန်ပြည်သစ်နယ်မြေရှိ IDP များနေရပ်ပြန်ရန် အဆင်သင့်မဖြစ်သေးဟု လူ့အခွင့်ရေးလှုပ်ရှားသူများဆို

-

မြန်မာနိုင်ငံတွင် စစ်ဘေးဒဏ်အပါအဝင် မြေယာသိမ်းစည်းမှု၊ လူ့အခွင့်ရေးချိုးဖောက်ခံရသူများနှင့် အ ကြောင်းအမျိုးမျိုးကြောင့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေသို့ ရောက်ရှိနေသော နေရပ်စွန့်ခွာ အိုင်ဒီပီ (IDP) ၃၅၀ဝ၀ ကျော်ရှိရာ နေရပ်ပြန်ရန်အဆင်သင့်မဖြစ်သေးဟု ‘လူမသိသူမသိဘဝများ’ အစီရင်ခံစာ ထုတ်ဝေသူ လူ့အခွင့်ရေးလှုပ်ရှားသူများက ဆိုသည်။

‘လူမသိသူမသိဘဝများ’ အမည်ရှိ မြန်မာနိုင်ငံမှ လူမသိသေးသောနေရပ်စွန့်ခွာတိမ်းရှောင်ရမှုသံသရာ အစီရင်ခံစာကို Burma Link ၊ မြန်မာအရေးပူးပေါင်းသူများအဖွဲ့ Burma Partnership နှင့် မွန်ပြည်လူအခွင့်ရေးဖောင်ဒေရှင်း HURFOM တို့မှ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေရှိ နေရပ်စွန့်ခွာ တိန်းရှောင်သူများကို အခြေခံရေးသားပြုစုပြီး သြဂုတ် ၁၂ ရက်နေ့က ရန်ကုန်မြို့ Green Hill ဟိုတယ်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

‘လူမသိသူမသိဘဝများ’ အစီရင်ခံစာတင်ပြနေစဉ်(HURFOM)
‘လူမသိသူမသိဘဝများ’ အစီရင်ခံစာတင်ပြနေစဉ်(HURFOM)
Burma Link မှ အစီရင်ခံစာ တာဝန်ခံ Leena Zieger က “အိုင်ဒီပီတွေကို နေရပ်ပြန်ပို့ဖို့ဆိုတာ ခိုင်မာတဲ့ ပဋိပက္ခရဲ့အဖြေ အရင်းမြစ်တွေကို သိရှိနေရမယ်။ ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူတို့ရဲ့ အဓိက အခက်အခဲနဲ့ ပြည်တွင်းပဋိပက္ခတွေကို အဖြေရှာမတွေ့သရွေ့တော့ ဒါတွေကို ဖော်ဆောင်နိုင်မယ်မဟုတ်ဘူး” ဟု ဆိုသည်။

ပြီးခဲ့တဲ့ မတ်လက ဖြစ်ပွားခဲ့သည့် ရေးမြို့နယ် မန်ကျည်းချောင်းဝရွာသား တံငါသည် ၂ ယောက်အား တပ်မတော်အရာရှိ ပစ်သတ်ခဲ့သည့်ဖြစ်စဉ်တွင် မျှတသည့်တရားစီရင်မှုမရှိခြင်းနှင့် နယ်မြေဒေသလုံခြုံမှုမရှိသည်မှာ သိသာပါကြောင်း Leena Zieger က ဆက်ပြောသည်။

မွန်ပြည်လူ့အခွင့်ရေး ဖောင်ဒေးရှင်း HURFOM ပရိုဂရမ်ဒါရိုက်တာ နိုင်အဲမွန် က “အစိုးရသစ်လက်ထက်မှာ နေရပ်ပြန် ပို့တဲ့ကိစ္စနဲ့ပတ်သက်လို့ ဘယ်လိုအစီအစဉ်တွေ မူဝါဒတွေရေးဆွဲပြီးတော့ ပို့ဆောင်နိုင်အောင်၊ နောက်ပြီး မှေးမှိန်နေတဲ့ သူတို့ရဲ့ဘဝတွေကို သိထားရအောင်နဲ့ လူသားစာနာမှုအထောက်ပံ့တွေ ဆက်လက်ရရှိအောင် ကျနော်တို့ ဒီအစီရင်ခံမှာ တိုက်တွန်းထားပါတယ်” ဟု ဆိုသည်။

နေရပ်စွန့်ခွာ အိုင်ဒီပီ (IDP) ဒုက္ခသည်များသည် နာရီပေါင်းများစွာ အလုပ်လုပ်ကိုင်နေကြသော်လည်း အများစုမှာ အစားအသောက်နှင့် ကျန်းမာရေးဆိုင်ရာကိစ္စကြောင့် အကြွေးတင်နေရကြောင်းနှင့် လူထုအခြေပြု အဖွဲ့အစည်းများထံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လျှော့ကျလာခြင်းကို ရင်ဆိုင်နေရသည်ဟု နိုင်အဲမွန်က ဆက်ပြောသည်။

မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေရှိ နေရပ်စွန့်ခွာ အိုင်ဒီပီ IDP ဒုက္ခသည်များသည် ရေဖြူမြို့နယ် ၄ ရွာအပါအဝင် ရေးချောင်းဖျား ၅ ရွာနှင့် ဘုရားသုံးဆူမြို့နယ် ဟလော့ဟနီဒေသတွင် ၃ ရွာရှိသည်ဟု သိရသည်။

နေရပ်စွန့်ခွာ အိုင်ဒီပီ IDP များကို နယ်စပ်အကူညီပေးရေးအဖွဲ့ TBC နှင့် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်အကူအညီပေးရေးညွန့်ပေါင်းအဖွဲ့ TBBC တို့က ‘ကိုယ့်အားကိုယ်ကိုးရေးကို အားပေးရန် ထောက်ပံ့မှုများ တဖြည်းဖြည်းလျှော့ချရေး’ အစဉ်နှင့် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေတွင် ထာက်ပံ့လျက်ရှိသည်ဟု ဆိုသည်။

ပြည်တွင်းစစ်ဒဏ်ကြောင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် နေရပ်စွန့်ခွာ တိမ်းရှောင်သူများ ၄ သိန်းခန့်ရှိနေပြီး လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် ဒုက္ခသည် ၁ သိန်း ကျော်ရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts