spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းတိုင်းဒေသကြီးအချို့ကို အမျိုးသားများပြည်နယ်အဖြစ် UNFC လျာထား

    တိုင်းဒေသကြီးအချို့ကို အမျိုးသားများပြည်နယ်အဖြစ် UNFC လျာထား

    -

    ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် ညှိနှိုင်းဆွေးနွေးနိုင်မည်ဆိုပါက တနင်္သာရီ၊ ဧရာဝတီနှင့် စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်းတို့ကို အမျိုးသားများ ပြည်နယ်အဖြစ် သတ်မှတ်ပေးရေး တင်ပြသွားရန် လျာထားသည်ဟု ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဒုဥက္ကဌ နိုင်ဟံသာ ကပြောသည်။

    ဇူလိုင် ၂၇ ရက်နေ့က KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်တွင် ကျင်းပနေသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့များ မျက်နှာစုံညီအစည်းအဝေး ဒုတိယနေ့ သတင်းစာရှင်းလင်းပွဲတွင် NCA လက်မှတ်မရေးထိုးရသေးသည့် UNFC ဒုဥက္ကဌက ထို့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

    EAO's မျက်နှာစုံညီအစည်းအဝေး(MNA)
    EAO’s မျက်နှာစုံညီအစည်းအဝေး(MNA)

    သူက “ကျွန်တော်တို့ ရည်ရွယ်တာကတော့ လက်ရှိ အမျိုးသားပြည်နယ်နော်။ ဥပမာ ကချင်၊ကရင်၊ရှမ်း စသည်ဖြင့် ပေါ့ ဒါက ပြည်နယ်ရှိပြီးသား နောက်တချို ့ ဒီတိုင်းဒေသကြီးတွေမှာ ဖွဲ့စည်းထားတဲ့ ဂွင်တချို ့ပေါ့ ဥပမာ တနင်္သာရီတိုင်းတို့ ဧရာဝတီတိုင်းတို့ အဲဒီ ဂွင်တွေမှာ အဲဒီ ဒေသကြီးတွေမှာပေါ့နော် လူမျိုးပေါင်းစုံနဲ့ စုစည်းထား တဲ့ အနေအထားမျိုးဖြစ်တော့ လူမျိုး တစ်မျိုးတည်းရဲ ့နာမည်ကို ကျွန်တော်တို့ တပ်ရင် ဒါက မပြည်စုံဘူး။ အဲလို အနေအထားမျိုးမှာ အမျိုးသားများ ပြည်နယ်ဆိုပြီးတော့ ပေးဖို့ ကျွန်တော်တို့ လျာထားတာက တခြား အမျိုး သား ပြည်နယ်တွေနဲ့ တန်းတူပါဘဲ၊ ကျွန်တော်တို့ လျာထားတာ တနင်္သာရီတိုင်းရယ်၊ ဧရာဝတီတိုင်းရယ်၊နောက် စစ်ကိုင်းတိုင်းရဲ ့မြောက်ပိုင်း ချင်းတွင်းမြစ် အထက်ပိုင်းဂွင်ပေါ့”ဟု ၎င်းက ပြောသည်။

    အလားတူ ပဲခူးတိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းကို ဗမာပြည်နယ်အဖြစ် သတ်မှတ်ရန် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးအတွင်း အကြမ်းအားဖြင့် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

    ထို့အပြင် တိုင်းရင်းသား ၇ ပြည်နယ် သတ်မှတ်ပေးထားပြီး ဗမာအနေဖြင့် တိုင်းဒေသကြီး ၇ တိုင်း အပြင် နေပြည်တော်ကောင်စီကိုလည်း ဖွဲ့စည်းထားခြင်းအားဖြင့် မညီမျှမှုများ ဖြစ်နေသည်ဟုလည်း ထောက်ပြဆွေးနွေးမှုများ ရှိခဲ့သည်။

    ရှမ်းပြည်နယ်အတွင်း ပအို့ဝ်၊ ပလောင်၊ ကချင်၊ ကိုးကန့် စသည့်လူမျိုးအများအပြား နေထိုင်ကြသည့်အတွက် ဖက်ဒရယ် ရှမ်းပြည်နယ်ကဲ့သို့ ပြုလုပ်မည့်ကိစ္စကိုလည်း ဆွေးနွေးခဲ့ရာတွင် ရှမ်းပြည်နယ် နာမည်ပြောင်းခေါ်မယ့် ကိစ္စကို ရှမ်းအဖွဲ့ကန့်ကွက်ခဲ့သည်ဟု ဆိုသည်။

    ဖက်ဒရယ် ​ပြည်ထောင်စု ​ဖွဲ့စည်းပုံတွင် ​မဖြစ်မနေ​ပါဝင်ရမည့်​အချက် ​၈ ​ချက်ဖြစ်သည့် ​အချုပ်အခြာအာဏာ ​တန်းတူရေး၊ ​ကိုယ်ပိုင်ပြဌာန်းခွင့်၊ ​စစ်မှန်သော ​ဖက်ဒရယ် ​ပြည်ထောင်စု၊ ​တိုင်းရင်းသား ​လူနည်းစု ​အခွင့်အရေးကို ​ကာကွယ်ရေး၊ ​ဒီမိုကရေစီ ​အခွင့်အရေး၊​ကျား​မ ​တန်းတူရေး၊ ​ပါတီစုံ ​ဒီမိုကရေစီနှင့် ​ဘာသာရေးကို​အခြေမခံသည့် ​နိုင်ငံဖြစ်ပေါ်ရေးကို ​ဆွေးနွေးကြသည်ဟု သိရသည်။

    အဆိုပါ မျက်နှာစုံညီ အစည်းအဝေးကို ဇူလိုင် ၂၆ ရက်မှ ၂၉ ရက်နေ့အထိ ၄ ရက်တိတိကျင်းပသွားရန် မူလက ရည်ရွယ်ထားသော်လည်း ဆွေးနွေးမှုများ မပြီးပြတ်သည့်အတွက် တစ်ရက်တိုး၍ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

    ကချင်ပြည်နယ်၊ မိုင်ဂျာယန်မှာ ကျင်းပလျက်ရှိသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ မျက်နှာစုံညီ အစည်း အဝေးသို့ တက်ရောက်လာသော လက်နက်ကိုင် ၁၇ ဖွဲ့မှ ခေါင်းဆောင်များ၊ ညီညွတ်သော တိုင်းရင်းသား လူမျိုး များ မဟာမိတ်အဖွဲ့(UNA)၊ ညီနောင်တိုင်းရင်းသားပါတီများ ဖယ်ဒရှေးရင်း(NBF)၊ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB တို့မှ ကိုယ်စားလှယ်များ ၂၀ဝ ကျော် တက်ရောက် ဆွေးနွေးလျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks