spot_img
Tuesday, December 16, 2025
More
    spot_img
    Homeသတင်းကျောက်မီးသွေးဖြင့််လည်ပတ်မည့် MCL ဘိလပ်မြေစက်ရုံအား ကန့်ကွက်ဗီနိုင်းပိုစတာများစိုက်ထူမည်

    ကျောက်မီးသွေးဖြင့််လည်ပတ်မည့် MCL ဘိလပ်မြေစက်ရုံအား ကန့်ကွက်ဗီနိုင်းပိုစတာများစိုက်ထူမည်

    -

    ကျောက်မီးသွေးဖြင့် လည်ပတ်မည့် MCL မော်လမြိုင် ဘိလပ်မြေစက်ရုံအား အလိုမရှိကြောင်း ကန့်ကွက်ဗီနိုင်းပိုစတားများကို ဒေသခံသံဃာတော်များနှင့် ပျားတောင်ဒေသဖွံ့ဖြိုးရေးအဖွဲ့တို့ ပူးပေါင်းပြီး မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပျားတောင်ဒေသရှိ ကျေးရွာများနေရာ (၂၀) ခန့်တွင် စိုက်ထူသွားမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

    MCL ဘိလပ်မြေစက်ရုံနှင့်တည်နေရာ(Baw Goung Facebook)
    MCL ဘိလပ်မြေစက်ရုံနှင့်တည်နေရာ(Baw Goung Facebook)

    MCL ဘိလပ်မြေစက်ရုံ ကျောက်မီးသွေးဖြင့်လည်ပတ်မည့်အစီအစဉ်ရပ်ဆိုင်းပေးရန် ဒေသခံများ တောင်းဆိုထားသော်လည်း ဆက်လက်အကောင်အထည် ဖော်နေခြင်းအပေါ် ကန့်ကွက်ရန်နှင့် ဒေသခံတို့၏ ဆန္ဒသဘောထားများကို ကုမ္မဏီအနေဖြင့် ပိုမိုအာရုံစိုက်လာစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း ဗီနိုင်းပိုစတာစိုက်ထူရေးလှုပ်ရှားသူ ကော့ဒွန်းကျေးရွာနေ မိနီနီအောင်က ပြောသည်။

    မိနီနီအောင်က “အခုအခြေအနေက ကျွန်မတို့ဒေသခံတွေ ကန့်ကွက်စာတင်ထားပေမယ့် မသိချင်ယောင် ဆောင်ပြီး သူတို့ (MCL ကုမ္မဏီ) က ဆက်လုပ်နေတယ်၊ ကျွန်မတို့ဒေသခံတွေကို အရေးမလုပ်တဲ့ သဘောဖြစ် နေလို့ အများမြင်နိုင်တဲ့ ဗီနိုင်းတွေ စိုက်ထူဖို့ဖြစ်လာတာပါ” ဟု ပြောသည်။

    အဆိုပါ ကန့်ကွက်ဗီနိုင်းပိုစတာများကို လာမည့် ဇွန်လ ၄ ရက်နေ့တွင် ကျိုက်မရောမြို့နယ် တရနာကျေးရွာမှ ကွမ်ငန်း၊ ကတုံစိကျေးရွာအထိ နေရာ (၂၀) ခန့်၌ စိုက်ထူးသွားမည့်အပြင် ကျောက်မီးသွေးအသုံးပြုခြင်းကြောင့် ဖြစ် ပေါ်တတ်သည့် ဆိုးကျိုးအန္တရာယ်များအကြောင်း ဖော်ပြထားသော လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေသွားမည်ဟု ဆိုသည်။

    လက်ရှိအချိန်တွင် MCL ဘိလပ်မြေစက်ရုံအနေဖြင့် ၄င်းတို့မူလစီစဉ်ထားသည့်အတိုင်း ဆက်လက်အကောင် အထည်ဖော်နေပြီး ကျောက်မီးသွေးဖြင့်စမ်းသပ်လည်ပတ်ခြင်းကို စတင်ပြုလုပ်နေပြီဖြစ်သည်ဟုလည်း ကတုံစိကျေးရွာသား နိုင်မစ်က ပြောသည်။

    “အခုသူတို့စက်ရုံကနေ ကျောက်မီးသွေးကို စမ်းသပ်မီးရှုိ့နေတာ ရက် ၂၀ ကျော်လောက်ရှိပြီ၊ ည အချိန် ၉-၁၀ နာရီနောက်ပိုင်းဆိုရင် ၃-၄ ရက်ခြားပြီး သူတို့ရှုိ့တယ်၊ မီးခိုးငွေ့ထုတ်လွှင့်နေတာကို ရွာကနေ မြင်ရတယ်” ဟု ၄င်းက ဆက်ပြောသည်။

    မော်လမြိုင်ဘိလပ်မြေစက်ရုံ ကျောက်မီးသွေးသုံးလှျပ်စစ်ဓါတ်အားပေးစက်ရုံ အသုံးပြုခြင်းကိစ္စနှင့် ပတ်သက်၍ ဧပြီလ ၂၅ ရက်နေ့က ကန့်ကွက်လက်မှတ်ပေါင်း (၄၀၀၀) နီးပါးခန့်နှင့်အတူ ဒေသခံများ တင်ပြတောင်းဆိုသောကြောင့် မွန်ပြည်နယ်လွှတ်တော်အနေဖြင့် ပြန်လည်စိစစ်သွားမည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက ပြောဆိုထားသည်။

    သမ္မတဟောင်း ဦးသိန်းစိန် အစိုးရသက်တမ်း မကုန်ခင်ရက်ပိုင်းအလိုတွင်လည်း အဆိုပါ ပျားတောင်ဒေသ၌ MCL မော်လမြိုင်ဘိလပ်မြေစက်ရုံအပြင် နောက်ထပ်ဘိလပ်မြေစက်ရုံသစ်တစ်ခု ထပ်မံတည်ဆောက်ခွင့်ကို JUNE Cement Industry Ltd. အား ထပ်မံခွင့်ပြုခဲ့ပြီး ယခုအခါ စတင်အကောင်အထည်ဖော်နေပြီဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts