Homeသတင်းရေးမြို့ပေါ်တွင် လှျပ်စစ်မီးသုံးစွဲခ စျေးနှုန်းကျဆင်းလာ

ရေးမြို့ပေါ်တွင် လှျပ်စစ်မီးသုံးစွဲခ စျေးနှုန်းကျဆင်းလာ

-

မွန်ပြည်နယ်၊ ရေးမြို့ပေါ်တွင် ပုဂ္ဂလိက လှျပ်စစ်မီးဓါတ်အားလိုင်းများ ဖြန့်ဖြူးပေးလှျက်ရှိရာ ယခင် တစ်ယူနစ် ၅၀၀ ကျပ်မှ ယခုလတွင် ကျပ် (၃၅၀) ထိ ကျဆင်းခဲ့သည်ဟု ရေးမြို့ဒေသခံများမှ သိရသည်။

မြတ်သူရထွန်းကုမ္မဏီ ဖြန့်ဖြူးလှျက်ရှိသော လှျပ်စစ်မီးသည် (၂၀၀၉) ခုနှစ်ကတည်းက ရေးမြို့ပေါ်တွင် လုပ်ငန်းစတင်ခဲ့ပြီး လှျပ်စစ်မီး (၁) ယူနစ်ကို ဒီဇယ်စျေးနှုန်း (၁) ပုလင်းစျေးနှင့် တွက်ချက်၍ ကောက်ခံခဲ့သည်ဟု ကုမ္မဏီမန်နေဂျာ နိုင်တင်ရှိန် က ဆိုသည်။

နိုင်တင်ရှိန်က “ကျနော်တို့က လှျပ်စစ်မီး မီတာခကို လောင်စာဆီစျေးနဲ့တွက်ပြီး ကောက်ခံတာပါ၊ အဲဒီတော့ ဆီစျေးကျရင် မီတာခလည်း ကျတယ်ပေါ့။ ဒီ (၁) ယူနစ် ကျပ် (၃၅၀) က နှစ်လရှိပြီ၊ ဒီနှစ်မှာ (၁) ယူနစ် ကျပ် (၅၀၀/၄၅၀) အဆင့်ဆင့် ကျခဲ့တယ်” ဟု ဆိုသည်။

ရေးမြို့အဝင် ဆိုင်းဘုတ်(Internet)
ရေးမြို့အဝင် ဆိုင်းဘုတ်(Internet)

လောင်စာဆီစျေးနှုန်းမြင့်မားနေချိန် ၎င်းကုမ္မဏီမှ လှျပ်စစ်စတင်ဖြန့်ဖြူးခဲ့စဉ်က (၁) ယူနစ်ကို ကျပ် (၈၀၀) ပေးဆောင်ခဲ့ရပြီး နောက်ပိုင်း (၁) ယူနစ် ကျပ် (၅၀၀) ကို အချိန်ကြာမြင့်စွာ ပေးဆောင်နေခဲ့သည်ဟု သိရသည်။

ရန်မျိုးအောင်ရပ်ကွက်နေ နိုင်အောင်သန်းလွင်က “ကျောက်မီးသွေးနဲ့ လျှပ်စစ်မီးပေးမယ်ဆိုရင် လက်မခံဘူး၊ ကျနော်တို့မြို့ကို ဂက်(စ်) ပိုက်လိုင်းက ဖြတ်သွားပေမယ့် မြို့ခံတွေ သုံးခွင့်မရဘူး” ဟု ပြောသည်။

မွန်ပြည်နယ် (၁၀) မြို့နယ်အနက် အစိုးရ မဟာဓါတ်အားလိုင်းက (၉) မြို့နယ်အတွက် လှျပ်စစ်မီး သုံးစွဲခွင့်ရရှိထားပြီး ရေးမြို့နယ်တစ်ခုတည်းသာ မဟာဓါတ်အားလိုင်း မရောက်ရှိသောကြောင့် မြတ်သူရထွန်းကုမ္မဏီမှ ဖြန့်ဝေလှျက်ရှိသော လှျပ်စစ်မီးကိုသုံးနေရခြင်း ဖြစ်သည်။

လက်ရှိတွင် အစိုးရမဟာဓါတ်အားလိုင်းသည် သံဖြူဇရပ်မြို့နယ်အထိသာ ရောက်ရှိနေပြီး ရေးမြို့နယ်သို့ မဟာဓါတ်အား လိုင်းသွယ်တန်းရန် ယခုအစိုးရဘဏ္ဍာနှစ်ဘတ်ဂျက်ငွေအတွက် ထည့်သွင်းရေးဆွဲထားခြင်းမရှိသောကြောင့် ပုဂ္ဂလိကမှ ဖြန်ဖြူးသော လှျပ်စစ်မီးကိုသာ ဆက်လက်သုံးစွဲနေရဦးမည် ဖြစ်သည်။

ရေးမြို့တွင် လှျပ်စစ်မီးဖြန့်ဖြူးနေသော မြတ်သူရထွန်းကုမ္မဏီသည် ရေးမြို့ပေါ်ရပ်ကွက် (၉) ရပ်ကွက်အပါအဝင် ချောင်းတောင်ရွာ၊ အစင်ရွာ၊ ဓမင်းဆိပ်၊ အဘော်ရွာ၊ ဇီးဖြူတောင်ရွာနှင့် ဒူရားရွာတို့တွင် အိမ်ခြေပေါင်း (၈၀၀၀) ကျော်ကို တစ်နေ့ ၂၄ နာရီ လျှပ်စစ်မီးများ ဖြန့်ဖြူးပေးလှျက် ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts