Homeသတင်းရေးမြို့နယ် အစင်ကျေးရွာတွင် မူးယစ်ဆေးဝါးနှင့်အတူ လက်နက်များပါဖမ်းဆီးရမိ

ရေးမြို့နယ် အစင်ကျေးရွာတွင် မူးယစ်ဆေးဝါးနှင့်အတူ လက်နက်များပါဖမ်းဆီးရမိ

-

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာတွင် ဧပြီလ (၂၆) ရက်နေ့ နနံက် (၈) နာရီခန့်က မူးယစ် ဆေးဝါးနှင့်အတူ တုတ်/ဓါး၊ လက်ပစ်ဗုံး၊ လေသေနတ်များ ဖမ်းဆီးရမိသည်ဟု မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတား ဆီးနှိမ်နှင်းရေးတပ်ဖွဲ့ စု (၃၉) (ရေး) မှ သိရသည်။

မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးမိသောလက်နက်များ(MNA)
မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးမိသောလက်နက်များ(MNA)

မူးယစ်တပ်ဖွဲ့စုမှုး ဒုရဲမှုး သန်းဇော်က “အခုလောလောဆယ် ကျနော် တရားခံတွေကို စစ်ကြောနေပါတယ်။ ကွင်းဆက်တော့မပြီးသေးဘူး” ဟု ဆိုသည်။

အဆိုပါဖမ်းဆီးရမိသည့်ပစ္စည်များတွင် ဦးစိုးမိုးဦးမှ ဆေးပြား (၂၂၈) ပြား၊ လက်ပစ်ဗုံး (၁) လုံးနှင့် မောင်အာကာဦးမှ ဆေးပြား (၃၀) ပြား ဖမ်းဆီးရမိသည်ဟု ဒုရဲမှုး သန်းဇော်က ဆက်ပြောသည်။

မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးမိသောလက်နက်များ(MNA)
မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးမိသောလက်နက်များ(MNA)

အစင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကိုနိုင်နိုင်က “အခုဖမ်းမိတဲ့လူတွေက ရောင်းတဲ့လူတွေပါ။ သုံးလည်းသုံးတယ် လို့ သိရတယ်။ ကျနော်တို့အစင်ရွာမှာက ဒီ (၇/၈) နှစ်ဝန်းကျင်မှာ မူးယစ်ဆေးဝါးကိစ္စ တော်တော်လေး ကျယ်ပြန့်လာတယ်။ ၇/၈ တန်းကလေးတွေရော သုံးတတ်နေကြပြီ” ဟု ဆိုသည်။

အလားတူ လွန်ခဲ့သည့် ဧပြီလ (၁၀) ရက်၊ (၂၀၁၆) ခုနှစ်တွင်လည်း မွန်ပြည်နယ်၊ ရေးမြို့၊ လမိုင်းရဲစခန်းအပိုင်၊ ကော့ဒွတ်ကျေးရွာအုပ်စု၊ ကော့ချကျေးရွာရှိ ဦးဌေးလှုိင်၏ နေအိမ်မှ စိတ်ကြွမူးယစ်ဆေးပြား (၁၂၀) ပြား ကို မြန် မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့ စု (၃၉) (ရေး) က ဖမ်းဆီးရမိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts