Homeသတင်းဘုရားသုံးဆူမြို့တွင် သစ်အချောထည်စက်ရုံ မီးလောင်ကျွမ်း

ဘုရားသုံးဆူမြို့တွင် သစ်အချောထည်စက်ရုံ မီးလောင်ကျွမ်း

-

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ အမှတ်(၁) ရက်ကွက်ရှိ “ဖီးလစ်” အမည်ရှိ သစ်အချောထည်စက်ရုံ ဧပြီ ၂၁ ရက် နံနက် ၄ နာရီအချိန်ခန့်တွင် မီးစတင်လောင်ကျွမ်းခဲ့ရာ နေ့လည်ပိုင်းတွင် လုံးဝမီးငြိမ်းသွားပြီဟု သိရသည်။

ဖီးလစ်​သစ်​စက်​ခြံဝင်းအတွင်​းရှိ သစ်​စက်​၊ သစ်​လုံးများ၊ အေ​ဆာက်​အဦးများနှင့် ကရိန်ကားတစ်စီး မီးလောင်ဆုံးရှံးခဲ့ရာ ဘန်ကောက်ပို့သတင်းတွင် တန်ဖိုးငွေဘတ်သန်း ၁၀၀ ခန့် ဆုံးရှုံးခဲ့သည်ဟု ခန့်မှန်းဖော်ပြသော်လည်း အချို့သတင်းဌာနများ၌ ဘတ်ငွေ ၁၀ သိန်းကျော်ခန့်ဟု ရေးသားကြသည်။

ဘုရားသုံးဆူမြို့ခံတစ်ဦးက “ရပ်​ကွက်​ ၁ ပဲခူးစုအနီး ဖီးလစ်သစ်စက်ဝင်းထဲမှာ ဂက်​စ်​အိုးနဲ့ ထမင်​းချက်​ရာက ​လောင်​တယ်​၊ ထမင်​းချက်​တဲ့ သစ်​စက်​ အလုပ်​သမား ဝင်​းနိုင်​ အသက်​ ၃၀ ခန်​့၊ မြန်မာလူမျိုးကို ရဲကနေ မ​ီး​လောင်​မှုနဲ့ အမှုဖွင်​့ ထားတယ်​” ဟု ဆိုသည်။

အဆိုပါမီးလောင်မှုတွင် ဘုရားသုံးဆူ မီးသတ်​ကား ၃စီး ထိုင်​းမီးသတ်​ ၆ စီး မြို့ခံရေကားများ ငြိမ်​းသတ်​​ခဲ့ရာ နံနက် ၆ နာရီခန့်တွင် မီးစွယ်ကျိုးခဲ့သော်လည်း သစ်လုံးများ၊ လွှစာမှုန့်များဖြစ်သောကြောင့် နေ့လည်ပိုင်းအချိန်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သစ်အချောထည်စက်ရုံကို ထိုင်းလူမျိုး “နိုင်းဖွန်းအနန် တိုယိုင်” ပိုင်ဆိုင်ပြီး KNU အရာရှိတစ်ဦး၏ အိမ်ခြံမြေကွက်တွင် စက်ရုံတည်ဆောက်ထားခြင်း ဖြစ်သည်။

ဘုရားသုံးဆူနယ်စပ်မြို့(မြန်မာနိုင်ငံ) တွင် သစ်သားပရိဘောဂလုပ်ငန်းများလုပ်ကိုင်သူများရှိကြပြီး တဖက်နယ်စပ်ရှိ ဘုရားသုံးဆူရွာ(ထိုင်းနိုင်ငံ) သို့ ပရိဘောဂပစ္စများ နေ့စဉ်တင်ပို့ရောင်းချလျက်ရှိသည်ကို တွေ့ရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts