Homeသတင်းနိုင်ငံတော်သမ္မတကြီး ဦးထင်ကျော် အစိုးရအပေါ် မွန်အမျိုးသားပါတီ သဘောထားထုတ်ပြန်

နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော် အစိုးရအပေါ် မွန်အမျိုးသားပါတီ သဘောထားထုတ်ပြန်

-

ပြည်ထောင်စုလွှတ်တော်က ဦးထင်ကျော်အား နိုင်ငံတော် သမ္မတ ရွေးချယ်တင်မြှောက်လိုက်ခြင်းအပေါ် မွန်အမျိုးသားပါတီက ကြိုဆိုကြောင်း မွန်အမျိုးသားပါတီ MNP မတ်လ ၃၀ ရက်နေ့တွင် သဘောထားထုတ်ပြန်လိုက်သည်။

မွန်အမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး နိုင်လယီတမ က “ဒီသဘောထားထုတ်ပြန်ချက်ကိုတော့ ကျနော်တို့ ထုတ်ပြန်ဖို့ ရည်ရွယ်ထားပါတယ်၊ ဒါပေမယ့် အစိုးရအသစ် ဖွဲ့စည်းပြီးတဲ့အချိန်အထိကိုစောင့်နေတယ်၊ အခု အစိုးရလည်း ကျမ်းကျိန် ပြီးပြီးဆိုတော့ ဒီကနေ့ ကျနော်တို့ သဘောထားထုတ်ပြန်ခဲ့တယ်” ဟု ပြောသည်။

မွန်အမျိုးသားပါတီ သဘောထားထုတ်ပြန်(copy)
မွန်အမျိုးသားပါတီ သဘောထားထုတ်ပြန်(copy)

အဆိုပါ သဘောထားထုတ်ပြန်ချက်တွင် သမ္မတ ဦးထင်ကျော် ဦးဆောင်ဖွဲ့စည်းခဲ့သော အစိုးရအဖွဲ့သည်လည်း ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုသော ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့်အတွက် အဆိုပါအစိုးရအဖွဲ့အား မွန်အမျိုးသားပါတီမှ သမ္မတကြီးနှင့် ထပ်တူထပ်မျှ ဂုဏ်ပြုကြိုဆိုကြောင်း၊ သမ္မတ ဦးထင်ကျော် ဦးဆောင်သော အစိုးရအဖွဲ့သည် ၂၀၁၅ ခုနှစ် နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပသော ရွေးကောက်ပွဲ ရလာဒ်အရ ပေါ်ပေါက်လာသော ပြည်သူ့ကိုယ်စားပြု အစိုးရတစ်ရပ်ဖြစ်သောကြောင့် မွန်အမျိုးသားပါတီ အနေဖြင့် ၄င်းအစိုးရအား အပြုသဘောဆောင်စွာ ကြိုဆိုတဲ့အကြောင်းတွေ ယင်းကြေငြာချက်တွင် ဖော်ပြခဲ့သည်။

နိုင်လယီတမက “၂၀၁၅ ရွေးကောက်ပွဲအရ အစိုးရအသစ် ပေါ်ထွန်းလာသည့်အတွက် ကြိုဆိုကြောင်းနဲ့ အစိုးရ အာဏာရလာနဲ့ နောက်ပိုင်းတွင် နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရ တိုင်းရင်းသားအရေးကိစ္စတွေ၊ ဒီမိုကရေစီ အရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပြည်သူတွေ လယ်ယာမြေ သိမ်းဆီးခံထားရတဲ့ အရေးကိစ္စများ အပေါ် အစိုးရအသစ်အနေဖြင့် ဘယ်လိုမျိုး ကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာ စောင့်ကြည့်ရမယ်” ဟု ပြောသည်။

အစိုးရအဖွဲ့တွင် အသစ်တိုးချဲ့ဖွဲ့စည်းလိုက်သော တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ် မွန်အမျိုးသားပါတီ ဒု- ဥက္ကဌ (၁) နိုင်သက်လွင် အားရွေးချယ်တာဝန်ပေးမှုအပေါ် မွန်အမျိုးသားပါတီအနေဖြင့် ကန့်ကွက်စရာ မရှိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် မွန်အမျိုးသားပါတီကိုယ်စားလှယ်လောင်း ၅၃ ဦး ရွေကောက်ပွဲပါဝင်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားလွှတ်တော်အမတ် ၁ ဦး၊ ပြည်နယ်လွှတ်တော်အမတ် ၂ ဦးသာ ရွေးချယ်ခံရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts