Homeသတင်းကျိုက်မရောမြို့နယ်တွင် ဘိလပ်မြေစက်ရုံသစ် ထပ်မံတည်ဆောက်ရန်ခွင့်ပြုထား

ကျိုက်မရောမြို့နယ်တွင် ဘိလပ်မြေစက်ရုံသစ် ထပ်မံတည်ဆောက်ရန်ခွင့်ပြုထား

-

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် တစ်ရက်လျင် တန်ချိန် ၅၀ဝ၀ ကျ ဘိလပ်မြေထုတ်လုပ်မည့် စက်ရုံသစ်တည်ဆောက်ရန်အတွက် June Cement Industry ကုမ္ပဏီလီမိတက်အား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC က လုပ်ကိုင်ခွင့်ပြုလိုက်သည်ဟု သိရသည်။

သမ္မတဦးသိန်းစိန်အစိုးရ သက်တမ်းကုန်မည့် ၅ ရက်အလို မတ်လ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေး အမှတ်စဉ် ၁၁/၂၀၁၆ ကို ကျင်းပပြုလုပ်ခဲ့ပြီး ၄င်းခွင့်ပြုမိန့်ကို ရရှိခဲ့ခြင်းဖြစ်သည်ဟု မတ်လ ၃၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာတွင် ဖော်ပြထားသည်။

June Cement Industry ကုမ္ပဏီအနေဖြင့် ဘိလပ်မြေစက်ရုံတည်ဆောက်ရန်အတွက် ကျိုက်မရောမြို့ နယ်ရှိ မယ်ကရိုကျေးရွာနှင့် ကော့ဒွန်း၊ ကော့ပနော့ကျေးရွာအကြားရှိ လယ်မြေဧက (၇၀ဝ) ခန့်ကို ၂၀၁၀ ခုနှစ် ဦးသိန်းစိန်အစိုးရ မတက်မီကာလကပည် ကြိုတင်ဝယ်ယူထားပြီးဖြစ်သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိ ရသည်။

မယ်ကရိုကျေးရွာဒေသခံတစ်ဦးဖြစ်သူ နိုင်ထွန်းကြည်က “ဘိလပ်မြေစက်ရုံတည်ဆောက်မှုနဲ့ပတ်သက်ပြီး သက် ဆိုင်ရာအစိုးရဌာနရော June ကုမ္ပဏီပါ ကျွန်တော်တို့ ဒေသခံတွေ ကန့်ကွက်လွှာတင်တာ ၂ ကြိမ်ရှိသွားပြီ၊ ဒါ ကို သူတို့ဂရုမစိုက်ပဲနဲ့ ယခုလို လုပ်ကိုင်ခွင့်ချပေးတာဟာ မတရားဘူး” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ပျားတောင်(MNA)
ပျားတောင်(MNA)
ဘိလပ်မြေစက်ရုံတည်ဆောက်မည်ဆိုပါက ဒေသခံများအတွက် လူမှုရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးကဏ္ဍတွေ မှာ အန္တရာယ်များနှင့်ရင်ဆိုင်ကြုံတွေ့ရနိုင်ကြောင်း၊ မိုင်းဖောက်ခွဲရသည့်အတွက် ပျားတောင်နှင့် မယ်ကရိုတောင် ရှိ ရှေ့ဟောင်းဘုရားစေတီများ အပါအဝင် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းများနှင့် ဒေသခံတို့၏ အိုးအိမ် များ တုန်လှုပ်ပျက်စီးနိုင်ကြောင်း ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ကျိုက်မရောမြို့နယ် မြေစာရင်းဦးစီးဌာ နသို့ တင်ပြထားသည့် ကန့်ကွက်စာတွင် ဖော်ပြထားသည်။

June Cement Industry ကုမ္ပဏီအနေဖြင့် ၄င်းတို့ဘိလပ်မြေစက်ရုံတည်ဆောက်မှုလုပ်ငန်း အကောင်အထည် ဖော်ရန် လုပ်ငန်းသုံး စက်ပစ္စည်းကိရိယားများကို စီမံကိန်းမြေဧရိယာအတွင်းသို့ သယ်ဆောင်ပြီး လမ်းများ စ တင်ဖောက်လုပ်နေပြီဖြစ်သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC ရဲ့ ၁၁/၂၀၁၆ အစည်းအဝေးက လုပ်ငန်းစီမံကိန် ပေါင်း ၄၈ ခု ခွင့်ပြုခဲ့ သည့်အနက် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဥပဒေအရင် ၂၇ ခုနှင့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုဥပဒေအရ ၁၆ ခု နဲ့ ဖက်စပ်မြှုပ်နှံမှုက ၅ ခု ပါဝင်သည်ဟု The Daily Eleven သတင်းစာတွင် ဖော်ပြထားသည်။

“MCL က ထားလိုက်ပါတော့ သူတို့စက်ရုံဆောက်နေတာ ပြီးနေပြီ၊ အခုဟာက မဖြစ်စေချင်ဘူး၊ လိုလည်း မလို ချင်ဘူး၊ ဆောက်မည့်နေရာကို ပြန်ကြည့်ရင်လည်း တော်တော်ကို နီးကပ်လွန်တယ်” ဟု နိုင်ထွန်းကြည်က ဆက်ပြောသည်။

အဆိုပါ မယ်ကရို၊ ကော့ဒွန်း၊ ကော့ပနော့၊ ကွမ်းငန်းကျေးရွာအနီးတဝိုက်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မ ရှင်၏ ခွင့်ပြုချက်ဖြင့် လက်ရှိတွင် မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်တည် ဆောက်လျှက်ရှိရာ ယင်းစက်ရုံ၏ အိပ်သွပ်စက် စမ်းသပ်လည်ပတ်ခြင်း အခမ်းအနားကို မတ်လ (၂၆) ရက် နေ့တွင် ကျင်းပခဲ့ပြီးဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts