spot_img
Wednesday, January 7, 2026
More
    spot_img
    Homeသတင်းမြေယာအခွင့်အရေးဆိုင်ရာနှီးနှောဖလှယ်ပွဲ မော်လမြိုင်မြို့တွင် ကျင်းပ

    မြေယာအခွင့်အရေးဆိုင်ရာနှီးနှောဖလှယ်ပွဲ မော်လမြိုင်မြို့တွင် ကျင်းပ

    -

    နှီးနှောဖလှယ်ပွဲအခမ်းအနား ကျင်းပနေစဉ် (မင်းပိုင်)
    နှီးနှောဖလှယ်ပွဲအခမ်းအနား ကျင်းပနေစဉ် (မင်းပိုင်)
    သံလွင်အရှေ့ခြမ်းမွန်ဒေသရှိ တောင်သူလယ်သမားများနှင့် မြေယာအသုံးချသူများ၏ မြေယာအခွင့်အရေးဆိုင် ရာ နှီးနှောဖလှယ်ပွဲတစ်ရပ်ကို မွန်ပြည်နယ် မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်ရှိ ပိုင်ခေတ်ခန်းမ၌ ဖေဖော်ဝါ ရီလ (၁၄-၁၅) ရက်နေ့များတွင် (၂) ရက်တာ ကျင်းပနေသည်ဟု သိရသည်။

    လက်ရှိနိုင်ငံတော်အစိုးရမှ ပြဌာန်းထားသည့် ဆဌမအကြိမ်မြောက် အမျိုးသားမြေ အသုံးချမှုမူဝါဒ (မူကြမ်း)၊ လယ်ယာမြေဥပဒေ၊ မြေလပ်၊ မြေရိုင်းစီမံခန့်ခွဲမှုဥပဒေ၊ တောင်သူလယ်သမား အခွင့် အရေးကာကွယ်ရေးဥပဒေတို့၏ အားနည်းချက်၊ အားသာချက်များကို အဆိုပါနှီးနှောဖလှယ်ပွဲတွင် အဓိကထားဆွေးနွေးကြမည်ဟု ဖြစ်မြောက်ရေးကော်မတီမှ သိရသည်။

    “၁၉၉၅ ခုနှစ်နောက်ပိုင်းတွင် မွန်ဒေသရှိ တောင်သူလယ်သမားများ၊ ရာဘာခြံပိုင်ရှင်များ၊ မြေယာအသုံးချသူ များသည် မိမိတို့ဘိုးဘွားပိုင်မြေတွေ ဆုံးရှုံးခဲ့မှုများစွာ ဖြစ်ပေါ်ခဲ့သော်လည်း ယခုအချိန်အထိ မြေယာသိမ်းဆည်း မှုများနှင့်ပတ်သက်၍ မွန်ပြည်နယ်တွင် ထိရောက်သည့် ဖြေရှင်းပေးမှုမျိုး မရှိခဲ့သေးသည်ကို တွေ့ရတယ်” ဟု နှီးနှောဖလှယ်ပွဲဖြစ်မြောက်ရေးတာဝန်ခံ နိုင်စဝေါမွန်က ပြောသည်။

    လက်ရှိအစိုးရလက်ထက်တွင် လယ်ယာမြေနှင့်သက်ဆိုင်သော ဥပဒေများ၊ တောင်သူလယ်သမား အခွင့်အရေး များနှင့် သက်ဆိုင်သောဥပဒေများ ပြဌာန်းပေးနိုင်ခဲ့သော်လည်း ယင်းဥပဒေများတွင် အားနည်းချက် များစွာရှိ နေပြီး တောင်သူလယ်သမားများတို့၏ မြေယာအခွင့်အရေးများကို ဆက်လက်ခြိမ်းခြောက်နေဆဲဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။

    ထို့ကြောင့် မွန်ဒေသရှိ တိုင်းရင်းသားများနှင့် ကိုက်ညီသော မြေယာမူဝါဒတစ်ရပ် ပေါ်ထွန်းလာရေး၊ ဒေသ အတွင်း တိုင်းရင်းသားတောင်သူလယ်သမားအဖွဲ့အစည်း ကွန်ရက်တစ်ခုပေါ်ပေါက်လာရေးနှင့် အချင်းချင်းကြာ ကွန်ရက်ချိတ်ဆက်မှု အားကောင်းလာစေရေး ရည်ရွယ်ချက်အပါအဝင် ရည်ရွယ်ချက် (၄) ခုဖြင့် ယခုနှီးနှော ဖလှယ်ပွဲကို ကျင်ပခြင်းဖြစ်သည်ဟု ဖြစ်မြောက်ရေးကော်မတီအဖွဲ့မှ သိရသည်။

    ရေးမြို့နယ်မှ ကိုယ်စားလှယ် နိုင်အောင်ထော်မွန်က “လက်ရှိ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ မြေယာကိစ္စပြဿနာတွေဟာ တစ်ဦး၊ တစ်ဖွဲ့တည်းနှင့် ဖြေရှင်းလို့ရမှာ မဟုတ် ဘူး၊ အခက်အခဲတွေ အများကြီးရှိနေတယ်၊ ဒါကြောင့် ကျွန်တော်တို့စည်းစည်းလုံးလုံးနဲ့ တရားဥပဒေ နည်းလမ်း အတိုင်း ဆောင်ရွက်တတ်ဖို့ လိုအပ်လာပြီ” ဟု ပြောသည်။

    နှစ်ရက်တာ ပြုလုပ်သွားမည့် နှီးနှောဖလှယ်ပွဲကို မွန်ပြည်လူအခွင့်အရေးဖောင်ဒေးရှင်းမှ ကမကထပြုလုပ်ပြီး မွန်ဒေသရှိတောင်သူလယ်သမားအရေးနှင့် မြေယာအခွင့်အရေး စိတ်ဝင်စားသူများက လုပ်ငန်းကော်မတီဖွဲ့ စည်း၍ ဦးဆောင်ကျင်းပခြင်းဖြစ်သည်။
    မွန်ပြည်နယ်တွင်ရှိ မွန်၊ ကရင်တောင်သူလယ်သမားကိုယ်စားလှယ်များ၊ မြေယာအရေး လှုပ်ရှာသူများ၊ တနင်္သာ ရီတိုင်းဒေသကြီး ထားဝယ်မြို့မှ ကိုယ်စားလှယ်များနှင့် မြေယာဥပဒေပညာရှင်များ အပါအဝင် စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ဆွေးနွေးနေကြသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,400SubscribersSubscribe
    spot_img

    Latest posts